မာတိကာသို့ ခုန်သွားရန်

ဝံတောင်လည် ဘုန်းတော်ကြီး

ဝီကီပီးဒီးယား မှ

ရှင်သဒ္ဓမ္မဇောတဘွဲ့ခံ ဝံတောင်လည်ဘုန်းတော်ကြီးသည် ပြည်မြို့ ဇာတိဖြစ်၏။ ရတုအဖွဲ့အနွဲ့ အလွန်ကောင်းသဖြင့် အင်းဝခေတ် စာပေ လောကတွင် ထင်ရှားလေသည်။ အင်းဝခေတ်တွင် ကျော်ဇောထင်ရှားသော ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရ ပြည်မြို့သို့ရောက်၍ သီတင်းသုံးတော် မူစဉ် ဝံတောင်လည် ဘုန်းတော်ကြီးနှင့် အပြန်အလှန် ရတုဖွဲ့သည်ဟု အဆိုရှိ၏။ ထိုသို့ စာဆိုကျော်ရဟန်းတော်နှင့် အပြန်အလှန် ဖွဲ့ဆိုနိုင်သော ဘုန်းတော်ကြီးကား သာမန်ပုဂ္ဂိုလ်မဟုတ်နိုင်။ ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်ရမည်။ ရဟန်းတော်ချင်းဖြစ်သဖြင့် ဖွဲ့ဆိုခဲ့သော ရတုများမှာ လောကအကြောင်း နှင့်မဆိုင်ဘဲ တရားဒေသနာများ၏ ခက်ရာခက်ဆစ်တို့ဖြစ်၏။ ပြည်ဘုရင် နရပတိထံသို့ ဝံတောင်လည် ဘုန်းတော်ကြီးတင်သွင်းသော မေတ္တာစာများကို တွေ့ရသောကြောင့် မေတ္တာစာကိုလည်း ရေးသားခဲ့ကြောင်းသိသာလေသည်[]

ဝံတောင်လည် ဘုန်းတော်ကြီး

[ပြင်ဆင်ရန်]

ရှင်သဒ္ဓမ္မဇောတဘွဲ့ခံ ဝံတောင်လည်ဘုန်းတော်ကြီးသည် ပြည်မြို့ ဇာတိဖြစ်၏။ ရတုအဖွဲ့အနွဲ့ အလွန်ကောင်းသဖြင့် အင်းဝခေတ် စာပေ လောကတွင် ထင်ရှားလေသည်။ အင်းဝခေတ်တွင် ကျော်ဇောထင်ရှားသော ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရ ပြည်မြို့သို့ရောက်၍ သီတင်းသုံးတော် မူစဉ် ဝံတောင်လည် ဘုန်းတော်ကြီးနှင့် အပြန်အလှန် ရတုဖွဲ့သည်ဟု အဆိုရှိ၏။ ထိုသို့ စာဆိုကျော်ရဟန်းတော်နှင့် အပြန်အလှန် ဖွဲ့ဆိုနိုင်သော ဘုန်းတော်ကြီးကား သာမန်ပုဂ္ဂိုလ်မဟုတ်နိုင်။ ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်ရမည်။ ရဟန်းတော်ချင်းဖြစ်သဖြင့် ဖွဲ့ဆိုခဲ့သော ရတုများမှာ လောကအကြောင်း နှင့်မဆိုင်ဘဲ တရားဒေသနာများ၏ ခက်ရာခက်ဆစ်တို့ဖြစ်၏။ ပြည်ဘုရင် နရပတိထံသို့ ဝံတောင်လည် ဘုန်းတော်ကြီးတင်သွင်းသော မေတ္တာစာများကို တွေ့ရသောကြောင့် မေတ္တာစာကိုလည်း ရေးသားခဲ့ကြောင်းသိသာလေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)