မာတိကာသို့ ခုန်သွားရန်

ဝေါမှူးကြီး

ဝီကီပီးဒီးယား မှ

ဝေါမှူးကြီးသည် မြန်မာ့မိရိုးဖလာနတ်တစ်ပါး ဖြစ်သည်။[]

သမိုင်း

[ပြင်ဆင်ရန်]

ဝေါမှူးကြီးသည် အင်းဝဘုရင်ဖြစ်သူ ဆင်ဖြူရှင်မင်း၏ သားတော်နှင့်ကစားဖက်ကျွန်ရင်း တစ်ဦး ဖြစ်သည်။ ဆင်ဖြူရှင်မင်း၏ သားတော်သည် မင်းဖြစ်လာသည့်အခါတွင် ဝေါမှူးကြီးရာထူး ရခဲ့သည်။

အင်းဝပျက်သည့်အခါတွင် မွန်တို့ကို မရှိခိုးလိုသဖြင့် ရဟန်းပြုခဲ့သည်။ ခြေအေးလေနာရှိသည့်အပြင် နေ့ညမရွေး အစာစားလွန်းသဖြင့် စားပိုးနင့်ကာ သေဆုံးခဲ့သည်။[]

ကိုးကွယ်ပသခြင်း

[ပြင်ဆင်ရန်]

ဝေါမှူးကြီးသည် စောင်းအတတ်ကို အပြီးတိုင်တတ်မြောက်သူ ဖြစ်သဖြင့် စောင်းသင်လိုသူ၊ တတ်လိုသူများသည် ပူဇော်ပသ ကိုးကွယ်ကြသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၂၆၊ ၁၂၇။