မာတိကာသို့ ခုန်သွားရန်

ဝေါနား ဘရားသားစ်

ဝီကီပီးဒီးယား မှ
ဝေါနား ဘရားသားစ် အင်တာတိန်းမန့် အစုရှယ်ယာကုမ္ပဏီ
Warner Bros. Entertainment Inc.
အမျိုးအစားအစုရှယ်ယာကုမ္ပဏီ
လုပ်ငန်းအင်တာတိန်းမန့်
တည်ထောင်သည့်နှစ်ဧပြီ ၄၊ ၁၉၂၃; ၁၀၂ နှစ် အကြာက (၁၉၂၃-၀၄-04)[]
တည်ထောင်သူများဟယ်ရီ ဝေါနား
အယ်လ်ဘတ် ဝေါနား
ဆမ် ဝေါနား
ဂျက် ဝေါနား
ဌာနချုပ် အမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်၊ ဘားဘန့်ခ်မြို့ "ဝေါနား ဘရားသားစ် စတူဒီယို၊ ဘားဘန့်ခ်မြို့"
ဝန်ဆောင်မှု ဧရိယာကမ္ဘာတစ်ဝှမ်း
အရေးပါ ပုဂ္ဂိုလ်များအန်း ဆာနော့ဖ် (ဥက္ကဋ္ဌနှင့် CEO)
ထုတ်ကုန်ပစ္စည်းရုပ်ရှင်တေးဂီတဗီဒီယိုဂိမ်း
ဝင်ငွေDecrease US$၁၂.၁၅ ဘီလျံ billion
အခွန်မဆောင်မီ ဝင်ငွေDecrease US$၂.၀၇ ဘီလျံ
အလုပ်သမားဦးရေ၈,၀၀၀ ဦးခန့်
ဝက်ဘ်ဆိုက်warnerbros.com

ဝေါနား ဘရားသားစ် အင်တာတိန်းမန့် အစုရှယ်ယာကုမ္ပဏီ(အင်္ဂလိပ်: Warner Bros. Entertainment Inc.)၊ အတိုကောက်အားဖြင့် ဝေါနား ဘရားသားစ်(အင်္ဂလိပ်: Warner Bros., WB)သည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဘားဘန့်ခ်မြို့ရှိ မီဒီယာ အင်တာတိန်းမန့် ကုမ္ပဏီ ဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် ဟယ်ရီ ဝေါနား၊ အယ်လ်ဘတ် ဝေါနား၊ ဆမ် ဝေါနားနှင့် ဂျက် ဝေါနားတို့က စတင်တည်ထောင်ခဲ့သော ဤ ကုမ္ပဏီသည် ဝေါနား ဘရားသားစ် ပစ်က်ချားစ်အဖြစ် ရုပ်ရှင်များ ထုတ်လုပ် ဖြန့်ချိခဲ့သည်။

ရုပ်ရှင်လုပ်ငန်းတွင် အောင်မြင်လာသော ဝေါနား ဘရားသားစ်သည် စီးပွားရေး ချဲ့ထွင်သည့် အနေဖြင့် ဝေါနား ဘရားသားစ် အန်နီမေးရှင်းကို တည်ထောင်ကာ အန်နီမေးရှင်း လုပ်ငန်းတွင်လည်ကောင်း၊ ဝေါနား ဘရားသားစ် တယ်လီဗစ်ရှင်း စတူဒီယိုကို တည်ထောင်ကာ ရုပ်မြင်သံကြား လုပ်ငန်းတွင် လည်းကောင်း၊ ဝေါနား ဘရားသားစ် အင်တာအက်တစ်ဗ် အင်တာတိန်းမန့်ကို တည်ထောင်ကာ ဗီဒီယိုဂိမ်းများ ထုတ်လုပ်ဖြန့်ချိရေး၌ လည်းကောင်း စတင်လုပ်ကိုင်လာခဲ့သည်။ ထို့အပြင် အမေရိကန်ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင် ဟောလိဝုဒ် မေဂျာ စတူဒီယို ၅ ခု အနက် တစ်ခုလည်း ဖြစ်သည်။

ဝေါနား ဘရားသားစ်သည် ဝေါနား ဘရားသားစ် ပစ်က်ချားစ်၊ ဝေါနား ဘရားသားစ် အင်တာအက်တစ်ဗ် အင်တာတိန်းမန့်၊ ဝေါနား ဘရားသားစ် အန်နီမေးရှင်း၊ နယူး လိုင်းန် ဆင်းနမား၊ ကာတွန်း နက်တ်ဝါ့ခ်နှင့် DC စတူဒီယို စသည်တို့ကို စီမံ ဆောင်ရွက်လျက် ရှိသည်။[] ထို့အပြင်《လူနီ တွန်း》ဇာတ်ကောင် ဘတ်ဂ်စ် ဘန်နီသည် ဝေါနား ဘရားသားစ်၏ တရားဝင် လာဘ်ကောင်ရုပ် ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Company history။ Warnerbros.com။ 2014-03-29 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-04-09 တွင် ပြန်စစ်ပြီး။
  2. Warner Bros. Studio Tour Hollywood။ 2020-02-26 တွင် မူရင်းအား မော်ကွန်းတင်ပြီး။