ဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဝေလွင်
Wai Lwin copy.jpg
ကာကွယ်ရေး ဝန်ကြီး
တာဝန်သက်တမ်း
စက်တင်ဘာ ၂၀၁၂ – ၁၃ စက်တင်ဘာ ၂၀၁၅[၁]
ယခင်လူ လှမင်း
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁၂ ဇူလိုင် ၂၀၁၂ – စက်တင်ဘာ ၂၀၁၂
ကိုယ်ရေး အချက်အလက်များ
မွေးဖွား မြန်မာနိုင်ငံ
လူမျိုး မြန်မာ
ကြင်ဖော် ဒေါ်ဆွေဆွေဦး
သားသမီး ဝေဖြိုးအောင်၊ ဝေဖြိုး၊ လွင်ယမင်း
မိခင်ကျောင်း စစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော်
ရာထူး ဒုတိယဗိုလ်ချုပ်ကြီး

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည် စစ်တက္ကသိုလ် အပတ်စဉ်(၁၈) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦးဖြစ်ပြီး အရာရှိငယ်ဘဝတွင် အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ်တွင် စစ်ဦးစီးမှူး(တတိယတန်း)တာဝန်ကို ထမ်းဆောင်ခဲ့သည်။ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် စစ်ထောက်ချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Top ministers resign။ Eleven (13 August 2015)။ 13 August 2015 တွင် ပြန်စစ်ပြီး။