ဝုန်ဆွန်းထန်
ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) သီရိပျံချီ၊ ဒေါက်တာ ဝုန်ဆွန်းထန် | |
|---|---|
| ချင်းပြည်နယ်ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | မင်းအောင်လှိုင်အစိုးရ |
| သမ္မတ | မင်းအောင်လှိုင် |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| သမ္မတ | မင်းအောင်လှိုင် (ယာယီ-တာဝန်) |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၁၉ ဩဂုတ် ၂၀၂၂ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ | မြင့်ဆွေ (ယာယီ) မင်းအောင်လှိုင် (ယာယီ-တာဝန်) |
| ယခင်လူ | ငွန်ဆန်းအောင် |
| ဆက်ခံသူ | ကိုယ်တိုင် |
| ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၀ မတ် ၂၀၂၆ | |
| ယခင်လူ | ဇိုဘွဲ |
| မဲဆန္ဒနယ် | ဟားခါးမြို့နယ် မဲဆန္ဒနယ် (၁) |
| အနိုင်ရမဲ အရေအတွက် | ၂,၀၇၀ (၇၂.၉၄%) |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၆ ဧပြီ၊ ၁၉၅၉ တီးတိန်မြို့နယ်၊ ချင်းပြည်နယ် |
| နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(၂၀၁၅ - လက်ရှိ) |
| အစိုးရအဖွဲ့ | ချင်းပြည်နယ် အစိုးရအဖွဲ့ |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | ဒုတိယဗိုလ်မှူးကြီး |
ဒေါက်တာ ဝုန်ဆွန်းထန် (၂၆ ဧပြီ ၁၉၅၉ မွေးဖွား,[၁] အင်္ဂလိပ်: Vung Suan Thang) သည် မြန်မာ့တပ်မတော်မှ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး တစ်ဦးဖြစ်ပြီး လက်ရှိတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်နေသည်။
သူသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစ၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူဖြစ်ပြီး၊ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အောက်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပဉ္စမမြောက် အစိုးရအဖွဲ့အကြီးအမှူး ဖြစ်ပြီး၊ ဝန်ကြီးချုပ် ရာထူးအားဖြင့် စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်သည်။
ကိုယ်ရေးအချက်အလက်နှင့် ပညာရေး
[ပြင်ဆင်ရန်]ဒေါက်တာ ဝုန်ဆွန်းထန်ကို ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ငင်နှုန်းရွာ (Ngennung) ၌ မွေးဖွားခဲ့သည်။ ၎င်းသည် မူလတန်းနှင့် အလယ်တန်းပညာကို ဟားခါးမြို့တွင် သင်ယူခဲ့ပြီး၊ ၁၉၇၄-၇၅ ပညာသင်နှစ်တွင် မင်္ဂလာဒုံမြို့မှ ဆယ်တန်းစာမေးပွဲကို လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင် ဆေးပညာ ဆက်လက်သင်ကြားခဲ့သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဒေါက်တာ ဝုန်ဆွန်းထန်သည် အငြိမ်းစားမယူမီက မြန်မာ့တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် မတူပီမြို့နယ်၏ ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသည်။ ဒေါက်တာဝုန်ဆွန်းထန်သည် ၂၀၁၅ ခုနှစ်တွင် မင်္ဂလာဒုံစစ်ဆေးတက္ကသိုလ် ပါမောက္ခတာဝန်မှ အနားယူခဲ့ပြီး ကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အနေဖြင့် ၂၀၁၅ခုနှစ် ရွေးကောင်ပွဲတွင် ချင်းပြည်နယ်၌ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ ဝင်ပြိုင်မှု
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော် တီးတိန်မြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
| စဉ် | ကိုယ်စားလှယ်လောင်းအမည် | ပါတီအမည် | မဲရုံမဲ | ကြိုတင်မဲ | စုစုပေါင်းမဲ | ရာခိုင်နှုန်း |
|---|---|---|---|---|---|---|
| ၁ | ဦးကျင့်ရှင်းထန်း | ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | ၁၃,၉၁၂ | ၁,၀၅၅ | ၁၄,၉၆၇ | 45.38% |
| ၂ | ဦးဒိုဆွင်းမုန် | တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | ၇၇၁ | ၅၂ | ၈၂၃ | 2.5% |
| ၃ | ဦးရှင်ဇာနန် | ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ | ၁၉၀၅ | ၁၅၃ | ၃,၆၆၀ | 6.24% |
| ၄ | ဒေါ်ဝုန်ဆွင်းဒိမ်း | ချင်းတိုးတက်ရေးပါတီ | ၈၀၁ | ၄၉ | ၈၆၀ | 2.61% |
| ၅ | ဒေါက်တာဝုန်ဆွန်ထန်း | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၉,၁၁၇ | ၁,၁၂၂ | ၁၀,၂၃၉ | 31.04% |
| ၆ | ဒေါက်တာဝမ်းလျန်းထန် | ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | ၃,၇၉၃ | ၂၃၃ | ၄,၀၂၆ | 12.21% |
| စုစုပေါင်း | 30,299 | 2,664 | 34,575 | 99.98% | ||
| * အနိုင်ရရှိသူမှာ ဦးကျင့်ရှင်းထန်း ဖြစ်သည်။ | ||||||
၂၀၂၅ ရွေးကောက်ပွဲ
[ပြင်ဆင်ရန်]၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် ချင်းပြည်နယ်လွှတ်တော် ဟားခါးမြို့နယ် မဲဆန္ဒနယ်မှ မဲအများဆုံးအနိုင်ရစနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံသောမဲ အရေအတွက် စုစုပေါင်း ၂,၀၇၀ မဲ (စုစုပေါင်းမဲ၏ ၇၂.၉၄ ရာခိုင်နှုန်း) ဖြင့် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။ သူ၏ ပြိုင်ဘက်မှာ ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဦးလျန်ကျဲအို တစ်ယောက်သာ ဖြစ်သည်။ [၃]
| စဉ် | ကိုယ်စားလှယ်လောင်းအမည် | ပါတီအမည် | မဲရုံမဲ | ကြိုတင်မဲ | စုစုပေါင်းမဲ | ရာခိုင်နှုန်း |
|---|---|---|---|---|---|---|
| ၁။ | ဒေါက်တာဝုန်ဆွန်းထန် | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၁,၀၁၅ | ၁,၀၅၅ | ၂,၀၇၀ | ၇၂.၉၄% |
| ၂။ | ဦးလျန်ကျဲအို | ချင်းပြည်သစ်ကွန်ဂရက်ပါတီ | ၅၉၁ | ၁၇၇ | ၇၆၈ | ၂၇.၉၆% |
ချင်းပြည်နယ်ဝန်ကြီးချုပ် (၂၀၂၂-လက်ရှိ)
[ပြင်ဆင်ရန်]စစ်ကောင်စီက ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပထမဆုံး ပြည်နယ်ကောင်စီဥက္ကဋ္ဌအဖြစ် ဦးတဲရင့်စ်စမွိုင်းနီခွဲ၊ ဒုတိယမြောက် ဝန်ကြီးချုပ်အဖြစ် ဦးငွန်ဆန်းအောင်နှင့် တတိယမြောက် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ ဝုန်ဆွန်းထန်တို့ကို အဆင့်ဆင့်ခန့်အပ်ခဲ့သည်။ ဒေါက်တာ ဝုန်ဆွန်းထန်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် တတိယမြောက် ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။[၄]
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အမြင့်ဆုံး အုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ရာ ဒေါက်တာဝုန်ဆွန်းထန်ကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခဲ့သည်။ [၅]
၂၀၂၆ ဧပြီလ ၁၀ ရက်နေ့တွင် အသစ်တက်လာသော သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁၁/၂၀၂၆ ဖြင့် ချင်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။ [၆]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ အားဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော သီရိပျံချီဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၇]
၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကိုယ်စားလှယ်လောင်းများ။ Myanmar Electoral Resource & Information Network.။ 8 August 2025 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ(၂၀၁၅ အထွေထွေရွေးကောက်ပွဲ)။ UEC Myanmar (၂၀၁၅)။ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း | Ministry Of Information။ 2026-03-21 တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်ကို တာဝန်မှ အနားပေး။ CNI Myanmar။ 2025-7-31 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။ Myawaddy။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ သီရိပျံချီဘွဲ့။ MWD Webportal။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။