ဝီကီပီးဒီးယား:FAQ/အနှစ်ချုပ်
ပုံပန်းသွင်ပြင်
အနှစ်ချုပ် FAQ
မေးလေ့ရှိသော မေးခွန်းများ (FAQs)
- မေးလေ့ရှိသော မေးခွန်းများ အညွှန်း
- မေးလေ့ရှိသော မေးခွန်းများ (ပင်မ)
- အနှစ်ချုပ်
- ဖတ်ရှုသူများ
- ကျောင်းများ
- ပါဝင်ပံ့ပိုးခြင်း
- တည်းဖြတ်ခြင်း
- အထူးဆောင်းပါးများ
- စီမံခန့်ခွဲသူများ
- ပိတ်ပင်မှုများ
- နည်းပညာ
- ပြဿနာများ
- ဆောင်းပါးအကြောင်းအရာများ
- ကဏ္ဍများ
- ကဏ္ဍခွဲခြင်း
- မူပိုင်ခွင့်
- တမ်းပလိတ်များ
- ဗဟိုစာမျက်နှာ
- မြန်မာစာစနစ်
- အထွေထွေ
ဝီကီပီးဒီးယားဆိုတာ ဘာလဲ
- ဝီကီပီးဒီးယားဆိုတာက အွန်လိုင်းပေါ်မှာ အလကားသုံးလို့ရတဲ့ စွယ်စုံကျမ်းတစ်ခုပေါ့။ ဘယ်သူမဆို ဝင်တည်းဖြတ်လို့ရတယ်၊ အကြောင်းအရာတွေ ဝင်ထည့်လို့ရတယ်။ ဝီကီပီးဒီးယားကို ပူးတွဲတည်ထောင်သူ ဂျင်မီဝေးလ်စ် ကတော့ ဝီကီပီးဒီးယားကို "ကမ္ဘာပေါ်က လူတိုင်းအတွက်၊ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားနဲ့ အရည်အသွေးအမြင့်ဆုံး စွယ်စုံကျမ်းတစ်ခုကို အလကား ဖန်တီးဖြန့်ဝေပေးနိုင်ဖို့ ကြိုးပမ်းမှု" လို့ ပြောခဲ့ပါတယ်။ ဆိုလိုတာကတော့ ဗဟုသုတရှာချင်တဲ့လူတိုင်းဆီ ဗဟုသုတတွေရောက်ရှိသွားဖို့ပါပဲ။
ဝီကီပီးဒီးယားကို ဘယ်သူပိုင်တာလဲ?
- ဝီကီပီးဒီးယားရဲ့ နည်းပညာပိုင်းတွေကို ဝီကီမီဒီယာ ဖောင်ဒေးရှင်း က ပံ့ပိုးပေးထားတာပါ။ ဒီဖောင်ဒေးရှင်းက ဝီကီပီးဒီးယားရဲ့ ညီအစ်မ ပရောဂျက်တွေဖြစ်တဲ့ ဝစ်ရှင်နရီ၊ ဝီကီဘွတ်ခ် တို့လို တခြားပရောဂျက်တွေကိုလည်း ပံ့ပိုးပေးပြီး သူတို့ရဲ့ ဒိုမိန်းအမည်တွေကိုလည်း အကုန်ပိုင်ပါတယ်။ အရင်တုန်းကတော့ ဂျင်မီဝေးလ်စ် အများစုပိုင်တဲ့ Bomis ဆိုတဲ့ ကုမ္ပဏီရဲ့ ဆာဗာတွေပေါ်မှာ တင်ထားခဲ့တာပေါ့။ ၂၀၀၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှာ ဝီကီမီဒီယာ ဖောင်ဒေးရှင်းကို ကြေညာလိုက်တဲ့အခါ ဒိုမိန်းအမည်ပိုင်ဆိုင်ခွင့်တွေအားလုံးကို ဖောင်ဒေးရှင်းဆီ လွှဲပေးလိုက်ပါတယ်။ ဒီဝက်ဘ်ဆိုဒ်ကိုတော့ ဝီကီပီးဒီးယားသုံးစွဲသူတွေ အသိုင်းအဝိုင်းက မဏ္ဍိုင်ကြီး ၅ ခုကို လမ်းညွှန်အဖြစ်ထားပြီး လည်ပတ်နေကြတာပါ။
- ဒီဆိုဒ်ပေါ်က ဆောင်းပါးတွေကို လူပေါင်းများစွာက တည်းဖြတ်ထားကြတာဖြစ်ပြီး၊ ဆောင်းပါးကို ဝင်ပြင်လိုက်တဲ့သူတိုင်းက သူတို့ထည့်သွင်းလိုက်တဲ့ အကြောင်းအရာတွေကို Creative Commons Attribution-ShareAlike လိုင်စင်အောက်မှာ ထုတ်ဝေဖို့ သဘောတူပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီဆောင်းပါးတွေက အခမဲ့ အကြောင်းအရာတွေဖြစ်ပြီး ဒီလိုင်စင်အောက်မှာ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ပြန်လည်အသုံးပြုနိုင်ပါတယ်။ ဝီကီပီးဒီးယား အကြောင်းအရာတွေကို ဘယ်လို အသုံးပြုနိုင်သလဲဆိုတာကို ဝီကီပီးဒီးယား:မူပိုင်ခွင့်များ နဲ့ ဝီကီပီးဒီးယား:ဖတ်ရှုသူများရဲ့ မေးလေ့ရှိသော မေးခွန်းများ မှာ ဖတ်ကြည့်ပါ။
- ဥပဒေအရတော့ ထည့်သွင်းရေးသားခဲ့တဲ့ အကြောင်းအရာတွေကို ရေးခဲ့တဲ့သူတွေကပဲ ပိုင်ဆိုင်ပါတယ်။ သူတို့ကတော့ ဒီလိုင်စင်ရဲ့ စည်းကမ်းချက်တွေနဲ့ ချည်နှောင်ထားခြင်းမရှိဘဲ သူတို့ရဲ့ ပိုင်ဆိုင်မှုကို ကြိုက်သလို သုံးနိုင်ပါတယ်။ ဒါပေမဲ့ ရေးတဲ့သူအများအပြားရှိတဲ့ ဆောင်းပါးတွေ၊ မီဒီယာတွေကို ဝီကီပီးဒီးယားလိုင်စင်မှာပါတဲ့ စည်းကမ်းချက်တွေနဲ့မတူတဲ့ ပုံစံနဲ့သုံးချင်ရင်တော့ ရေးခဲ့တဲ့သူတစ်ယောက်ချင်းစီဆီက ခွင့်ပြုချက်လိုမှာ ဖြစ်ပါတယ်။
ဝီကီပီးဒီးယားပေါ်က ဆောင်းပါးတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ?
- သင်တို့ကိုယ်တိုင်ပါပဲ။ တည်းဖြတ်တာဆိုတာ လူတွေအများကြီးစုပေါင်းပြီး လုပ်ရတဲ့အလုပ်လေ။ လူသန်းပေါင်းများစွာက ဒီပရောဂျက်ထဲကို အချက်အလက်တွေ ထည့်သွင်းခဲ့ကြပြီး သင်အပါအဝင် ဘယ်သူမဆို ဝင်ရေးလို့ရပါတယ်။ လိုအပ်တာကတော့ စာမျက်နှာတစ်ခုကို ဘယ်လိုတည်းဖြတ်ရမလဲဆိုတာ သိဖို့နဲ့ သင်ဝေမျှချင်တဲ့ စွယ်စုံကျမ်းဗဟုသုတတစ်ချို့ ရှိဖို့ပါပဲ။
- စာမျက်နှာတစ်ခုရဲ့ နောက်ဆုံးပြင်ဆင်မှုတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိလဲဆိုတာကို "ရာဇဝင် ကြည့်ရန်" လင့်ခ်ကို နှိပ်ပြီး ကြည့်လို့ရပါတယ်။ ဆောင်းပါးတစ်ပုဒ်ရဲ့ နောက်ဆုံးပြင်ထားတဲ့ ဗားရှင်းမှာ အမှားတစ်ခုခုတွေ့ရင်လည်း မစောင့်နေဘဲ ရဲရဲသာပြင်လိုက်ပါ။ ဒီလိုလုပ်တာက စွယ်စုံကျမ်းရဲ့ ယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းပေးတဲ့ အခြေခံကျတဲ့ ပြန်လည်စစ်ဆေးမှုတစ်ခုပါပဲ။ ဒါကြောင့်ပဲ ဝီကီပီးဒီးယားဟာ အင်တာနက်ပေါ်မှာရနိုင်တဲ့ အကျယ်ပြန့်ဆုံး သတင်းအချက်အလက် စုစည်းမှုကြီးတစ်ခု ဖြစ်လာခဲ့တာပေါ့။
- သင့်အနေနဲ့ မသေချာဘူး၊ ဒါမှမဟုတ် ရေးထားတာတွေက ရှုပ်ထွေးတယ်လို့ထင်ရင် အဲဒီအကြောင်းအရာကို ဆောင်းပါးနဲ့ဆိုင်တဲ့ ဆွေးနွေးချက် စာမျက်နှာမှာ ကူးထည့်ပြီး နောက်လူတစ်ယောက်အတွက် မေးခွန်းတစ်ခု ထားခဲ့လို့ရပါတယ်။ ဒီလိုလုပ်ပေးတာက အမှားတွေ၊ မတိကျတာတွေ၊ ဒါမှမဟုတ် အထင်အမြင်လွဲစေတဲ့ အရေးအသားတွေကို မြန်မြန်ဆန်ဆန် လျှော့ချနိုင်ဖို့ ကူညီတာမို့ အသိုင်းအဝိုင်းက ဒါကို အရမ်းတန်ဖိုးထားပါတယ်။
ဒီပရောဂျက်ကို ဘယ်လိုဆက်သွယ်လို့ရမလဲ
- အရေးကြီးတဲ့ လင့်ခ်တွေနဲ့ အီးမေးလ်လိပ်စာတွေအတွက် ဝီကီပီးဒီးယား:ဆက်သွယ်ရန် မှာ သွားကြည့်နိုင်ပါတယ်။
- ဒီပရောဂျက်က လူပေါင်းမြောက်မြားစွာနဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်တဲ့အတွက် တိကျတဲ့ ဆက်သွယ်ရမယ့်သူတစ်ယောက်တည်းဆိုတာ မရှိပါဘူး။ သင်က ဘုတ်အဖွဲ့ဝင်တစ်ယောက်ယောက် ဒါမှမဟုတ် ဝန်ထမ်းတစ်ယောက်ယောက်ဆီကို အီးမေးလ်ပို့လိုက်ရင်တောင် သူတို့က စာဖတ်သူတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားပေးနေတဲ့ ဝီကီပီးဒီးယား စေတနာ့ဝန်ထမ်းအဖွဲ့ဆီကိုပဲ ပြန်လွှဲပေးမှာများပါတယ်။ အဲဒီစေတနာ့ဝန်ထမ်းတွေကို သင်ကိုယ်တိုင် info
wikimedia.org ကို အီးမေးလ်ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။ - တခြားနည်းလမ်းအနေနဲ့၊ သီးခြားဆောင်းပါးတစ်ပုဒ်အတွက် တိုးတက်အောင်လုပ်ဖို့ အကြံပြုချင်တယ်ဆိုရင်တော့ အဲဒီဆောင်းပါးရဲ့ ဆွေးနွေးချက် စာမျက်နှာကနေတစ်ဆင့် လုပ်လို့ရပါတယ်။ ဆောင်းပါးတိုင်းရဲ့ ထိပ်နားက "ဆွေးနွေးချက်" ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး အဲဒီဆောင်းပါးရဲ့ ဆွေးနွေးချက် စာမျက်နှာကို သွားနိုင်ပါတယ်။
အကောင့်ဖွင့်သင့်လား။ နာမည်မသုံးဘဲနဲ့ ဆောင်းပါးတွေ ဝင်ပြင်လို့မရဘူးလား
- အသုံးပြုသူအမည် ရှိတဲ့ တည်းဖြတ်သူတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အဲဒီထဲကတစ်ခုကတော့ အရည်အသွေးကောင်းတဲ့ အလုပ်တွေလုပ်ရင်းနဲ့ ရလာမယ့် နာမည်ကောင်းပေါ့။ သမိုင်းကြောင်းကောင်းကောင်းနဲ့ ဝီကီပီးဒီးယားသုံးစွဲသူတစ်ယောက်ကို အထူးသဖြင့် ဆောင်းပါးတွေမှာ အငြင်းပွားစရာဖြစ်လာရင် ပိုပြီးလေးစားကြပါတယ်။ နောက်တစ်ခုက၊ အကောင့်မဖွင့်ဘဲ ဝင်ပြင်တဲ့သူတွေနဲ့ အလုပ်လုပ်ရတာက တခါတလေ စိတ်မရှည်ချင်စရာ ဖြစ်တတ်တယ်။ ဘာလို့လဲဆိုတော့ သူတို့ကို မေးစရာ၊ ပြောစရာ၊ အကြံပြုစရာရှိရင် ဆက်သွယ်ရတာ ပိုခက်လို့ပါ။ ဒါပေမဲ့ ဒါက ဝီကီပီးဒီးယားမှာ ရာထူးအဆင့်ဆင့် ခွဲခြားထားတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ စီမံခန့်ခွဲခွင့်ရှိတဲ့ တည်းဖြတ်သူတွေရှိပေမဲ့၊ သူတို့ကိုလည်း အသိုင်းအဝိုင်းကပဲ သဘောတူ ရွေးချယ်ထားတာပါ။
- တကယ်တော့ အသုံးပြုသူအမည်ရှိတဲ့ ဝီကီပီးဒီးယားသုံးစွဲသူတွေက အကောင့်မဝင်ဘဲ ဝင်ပြင်တဲ့သူတွေထက် "ပိုပြီးတော့" ကိုယ်ရေးကိုယ်တာ လုံခြုံမှုရှိပါတယ်။ အကောင့်မဝင်ဘဲ ဝင်ပြင်တဲ့သူရဲ့ IP address ကို ဘယ်သူမဆို ကြည့်လို့ရပေမဲ့၊ အကောင့်ဝင်ထားတဲ့ သုံးစွဲသူတစ်ယောက်ရဲ့ IP address ကိုတော့ အထူးတလည် ယုံကြည်ရတဲ့ Checkuser လို့ခေါ်တဲ့ လူအနည်းငယ်ပဲ ကြည့်ခွင့်ရှိပြီး၊ ဒါတောင်မှ တော်ရုံတန်ရုံ မကြည့်ကြပါဘူး။ ဒါကြောင့် သင်က ကိုယ်ရေးကိုယ်တာလုံခြုံမှုကို စိတ်ပူတယ်ဆိုရင်တော့ သင့်ရဲ့ IP address ကို ဖျောက်ထားဖို့အတွက် အသုံးပြုသူအမည် တစ်ခုဖွင့်ထားတာက ပိုကောင်းနိုင်ပါတယ်။
- ဒါပေမဲ့ အကောင့်မဖွင့်ဘဲ ဝင်တည်းဖြတ်တာကိုလည်း လက်ခံပါတယ်။ တန်ဖိုးရှိတဲ့ ပံ့ပိုးမှုတွေအများကြီးကို ဒီလိုနည်းနဲ့ပဲ လုပ်ခဲ့ကြတဲ့သူတွေ ရှိပါတယ်။ ဒါပေမဲ့ အသုံးပြုသူအမည် မရှိဘဲနဲ့တော့ သင်က စာမျက်နှာအသစ်တွေ ဖန်တီးလို့၊ နာမည်ပြောင်းလို့ ရမှာမဟုတ်ပါဘူး။ တချို့စာမျက်နှာတွေကိုလည်း အကောင့်မရှိတဲ့သူတွေ ဝင်ပြင်လို့မရအောင် ကာကွယ်ထားတတ်ပါတယ်။ အလွဲသုံးစားလုပ်ပြီး ဖျက်ဆီးတာမျိုးတွေကို ကာကွယ်ဖို့အတွက်ပါ။
အချက်အလက်တွေ မှန်မမှန် ဘယ်လိုသိနိုင်မလဲ?
- ဘယ်သူမဆို ဘယ်ဆောင်းပါးကိုမဆို ဝင်ပြင်နိုင်တဲ့အတွက်၊ ဘက်လိုက်တဲ့၊ ခေတ်မမီတော့တဲ့၊ ဒါမှမဟုတ် မှားယွင်းနေတဲ့ အချက်အလက်တွေ ဝင်လာနိုင်တာကတော့ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ဆောင်းပါးတွေကို ဖတ်နေတဲ့သူတွေ၊ ဝင်ရောက်ပြင်ဆင်မှုတွေကို စောင့်ကြည့်နေတဲ့သူတွေ အများကြီးရှိတဲ့အတွက် အချက်အလက်အမှားတွေကို များသောအားဖြင့် မြန်မြန်ဆန်ဆန် ပြန်ပြင်နိုင်ကြပါတယ်။ စွယ်စုံကျမ်းတစ်ခုလုံးရဲ့ တိကျမှန်ကန်မှုကလည်း အချိန်နဲ့အမျှ ပိုပိုပြီး တိုးတက်လာနေပါတယ်။ သင်ကိုယ်တိုင်လည်း ဆောင်းပါးတွေကို ပြင်ဆင်တာ၊ အကြောင်းအရာတွေကို မှန်မမှန်စစ်ဆေးတာ၊ အသုံးဝင်တဲ့ ကိုးကားချက်တွေ ထည့်ပေးတာတွေနဲ့ ကူညီဖို့ တိုက်တွန်းပါတယ်။
လူတွေက ဆောင်းပါးတွေကို ဝင်ဖျက်ဆီးတာမျိုးကို ဘယ်လိုကာကွယ်လဲ
- စာမျက်နှာတစ်ခုပေါ်က ပြောင်းလဲမှုအားလုံးကို "စာမျက်နှာ ရာဇဝင်" ထဲမှာ မှတ်တမ်းတင်ထားတဲ့အတွက်၊ ဖျက်ဆီးခံရတဲ့ အပိုင်းတွေကို အရင်က ဗားရှင်းဆီကို နောက်ပြန်ပြင်ပြီး အစားထိုးလိုက်လို့ရပါတယ်။ ယေဘုယျအားဖြင့်တော့ ဝီကီပီးဒီးယားပေါ်က နောက်ဆုံးပြောင်းလဲမှုတွေကို အဲဒီအတွက် သီးသန့်လုပ်ထားတဲ့ စာမျက်နှာတစ်ခုမှာ အလိုအလျောက် ဖော်ပြပေးနေပါတယ်။
- တချို့ ဘော့ တွေက သိသာထင်ရှားတဲ့ ဖျက်ဆီးမှုတွေကို ချက်ချင်း အလိုအလျောက် ပြန်ပြင်ပေးပါတယ်။ ဒါ့အပြင် ဝီကီပီးဒီးယားပေါ်က နောက်ဆုံးပြောင်းလဲမှုတွေ စာရင်းကို နေ့တိုင်း အချိန်အနည်းငယ်ပေးပြီး စောင့်ကြည့်နေတဲ့လူတွေ ရှိပါတယ်။ သီးခြားစာမျက်နှာတစ်ခုကို စိတ်ဝင်စားတဲ့ ဘယ်သုံးစွဲသူမဆို အဲဒီစာမျက်နှာကို ကိုယ်ပိုင် စောင့်ကြည့်စာရင်းထဲကို ထည့်ထားလို့ရပါတယ်။ အဲဒီလိုထည့်ထားရင် စာမျက်နှာတစ်ခု ပြင်ဆင်မှုဖြစ်တဲ့အခါတိုင်း သိနိုင်ပြီး အဲဒီပြင်ဆင်မှုကို ဝင်စစ်ဆေးဖို့ အခွင့်အရေးရတာပေါ့။ ယောင်လည်လည်နဲ့ ရောက်လာတဲ့ စာဖတ်သူတွေကတောင် ဖျက်ဆီးမှုတွေ ဒါမှမဟုတ် မှားနေတဲ့အချက်အလက်တွေကို တွေ့ရင် ဝင်ပြင်သွားနိုင်ပါတယ်။
- လူကြည့်များတဲ့ စာမျက်နှာတွေက ဖျက်ဆီးခံရနိုင်ခြေ အများဆုံးဖြစ်သလို၊ တည်းဖြတ်သူတွေနဲ့ စာဖတ်သူတွေဆီက အာရုံစိုက်မှု အများဆုံးရတဲ့ စာမျက်နှာတွေလည်း ဖြစ်နေပြန်ရောပေါ့။
- ခဏခဏဖြစ်နေတဲ့ ပြဿနာတစ်ခုကို တားဆီးဖို့အတွက် ဆောင်းပါးတစ်ခုကို တည်းဖြတ်လို့မရအောင် ယာယီကာကွယ်ထားနိုင်သလို၊ အသုံးပြုသူအမည်တွေနဲ့ IP address တွေကိုလည်း တည်းဖြတ်ခွင့်ကနေ ပိတ်ပင်ထားလို့ရပါတယ်။
ဒီဝက်ဘ်ဆိုဒ်က ဝီကီပီးဒီးယားရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်နေသလိုပဲ။ ဒီအကြောင်းကို ခင်ဗျားတို့ သိပါသလား
- ဝီကီပီးဒီးယားပေါ်က စာသားအားလုံးကို Creative Commons Attribution/Share-Alike License (CC-BY-SA) နဲ့ လိုင်စင်ချပေးထားပြီး၊ ကိစ္စအတော်များများမှာတော့ GNU Free Documentation License (GFDL) နဲ့လည်း လိုင်စင်ချထားပါတယ်။ ဝီကီပီးဒီးယားက အကြောင်းအရာတွေကို ယူသုံးနေတဲ့ ဆိုဒ်ပေါင်း ၁၀၀ ကျော်ကို ဖော်ထုတ်ထားပြီး သူတို့ဘယ်လောက်အထိ စည်းကမ်းလိုက်နာလဲဆိုတဲ့အပေါ် မူတည်ပြီး Wikipedia:CC-BY-SA Compliance နဲ့ Wikipedia:GFDL Compliance စာမျက်နှာတွေမှာ အမျိုးအစားခွဲခြားပေးထားပါတယ်။ Wikipedia:Mirrors and forks ဆိုတဲ့ စာမျက်နှာမှာ တစ်စုံတစ်ယောက်က CC-BY-SA လိုင်စင် ဒါမှမဟုတ် GFDL ကို ချိုးဖောက်နေရင် ဘာလုပ်ရမလဲဆိုတာ အပါအဝင် အချက်အလက်အပြည့်အစုံကို ကြည့်နိုင်ပါတယ်။
ဝီကီပီးဒီးယားက ဘယ် wiki software ကို သုံးတာလဲ
- ဝီကီပီးဒီးယားနဲ့ တခြား ဝီကီမီဒီယာ ပရောဂျက်တွေကတော့ လူအများစုပေါင်းပြီး တည်းဖြတ်နိုင်အောင်နဲ့ စာမျက်နှာရဲ့ မှတ်တမ်းတွေကို သိမ်းဆည်းနိုင်အောင် MediaWiki ဆိုတဲ့ software ကို သုံးပါတယ်။
- MediaWiki အကြောင်း ပိုသိချင်ရင်တော့
- MediaWiki ဆောင်းပါး
- ပြီးတော့ MediaWiki ရဲ့ ဝက်ဘ်ဆိုဒ်မှာ သွားကြည့်နိုင်ပါတယ်။
လူနှစ်ယောက်က ဆောင်းပါးတစ်ခုတည်းကို တစ်ချိန်တည်းမှာ ဝင်ပြင်ရင် ဘယ်လိုဖြစ်မလဲ
- အဲဒါဆိုရင်တော့ ပြင်ဆင်မှု ပဋိပက္ခ ဖြစ်သွားမှာပါ။
ဝီကီပီးဒီးယားက ဘယ်လောက်ကြီးလဲ
- အခုလက်ရှိမှာ ဝီကီပီးဒီးယားရဲ့ မြန်မာဘာသာတစ်ခုတည်းမှာတင် စုစုပေါင်း ဆောင်းပါးပေါင်း ၁၁၀၃၁၃ပုဒ် ရှိနေပါပြီ။
အသရေဖျက်တဲ့ အကြောင်းအရာတွေ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာကို ထိပါးတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာလုပ်နိုင်မလဲ
- အချက်အလက်မှားတွေ ဒါမှမဟုတ် စိတ်ထိခိုက်စေတဲ့ အကြောင်းအရာတွေကို သင်ကိုယ်တိုင် အလွယ်တကူ ဖယ်ရှားပစ်လိုက်လို့ရပါတယ်။ ဒါပေမဲ့ ပြင်ဆင်မှုတိုင်းကို မှတ်တမ်းတင်ထားတဲ့အတွက်၊ ဒီအချက်အလက်တွေကို သမိုင်းမှတ်တမ်းထဲကနေပါ ဖယ်ရှားဖို့ဆိုရင်တော့ အထူးအဆင့်တွေ လိုအပ်မှာပါ။ သမိုင်းမှတ်တမ်းထဲက ပြင်ဆင်ချက်တွေကို ဖယ်ရှားတာနဲ့ပတ်သက်တဲ့ ဝီကီပီးဒီးယားရဲ့ မူဝါဒတွေနဲ့ အဲဒီလိုပြောင်းလဲမှုကို ဘယ်လိုတောင်းဆိုရမလဲဆိုတာကို Wikipedia:Oversight နဲ့ Wikipedia:Libel စာမျက်နှာတွေမှာ သွားကြည့်ပေးပါ။
နောက်ထပ် မေးလေ့ရှိသော မေးခွန်းများ
မေးလေ့ရှိသော မေးခွန်းများ (FAQs)
- မေးလေ့ရှိသော မေးခွန်းများ အညွှန်း
- မေးလေ့ရှိသော မေးခွန်းများ (ပင်မ)
- အနှစ်ချုပ်
- ဖတ်ရှုသူများ
- ကျောင်းများ
- ပါဝင်ပံ့ပိုးခြင်း
- တည်းဖြတ်ခြင်း
- အထူးဆောင်းပါးများ
- စီမံခန့်ခွဲသူများ
- ပိတ်ပင်မှုများ
- နည်းပညာ
- ပြဿနာများ
- ဆောင်းပါးအကြောင်းအရာများ
- ကဏ္ဍများ
- ကဏ္ဍခွဲခြင်း
- မူပိုင်ခွင့်
- တမ်းပလိတ်များ
- ဗဟိုစာမျက်နှာ
- မြန်မာစာစနစ်
- အထွေထွေ