ဝီကီပီးဒီးယား:FAQ/ပင်မ
ပုံပန်းသွင်ပြင်
မေးလေ့ရှိသော မေးခွန်းများ (FAQs)
မေးလေ့ရှိသော မေးခွန်းများ (FAQs)
- မေးလေ့ရှိသော မေးခွန်းများ အညွှန်း
- မေးလေ့ရှိသော မေးခွန်းများ (ပင်မ)
- အနှစ်ချုပ်
- ဖတ်ရှုသူများ
- ကျောင်းများ
- ပါဝင်ပံ့ပိုးခြင်း
- တည်းဖြတ်ခြင်း
- အထူးဆောင်းပါးများ
- စီမံခန့်ခွဲသူများ
- ပိတ်ပင်မှုများ
- နည်းပညာ
- ပြဿနာများ
- ဆောင်းပါးအကြောင်းအရာများ
- ကဏ္ဍများ
- ကဏ္ဍခွဲခြင်း
- မူပိုင်ခွင့်
- တမ်းပလိတ်များ
- ဗဟိုစာမျက်နှာ
- မြန်မာစာစနစ်
- အထွေထွေ
ဤစာမျက်နှာသည် ဝီကီပီးဒီးယား အသုံးပြုခြင်းနှင့် ပါဝင်ရေးသားခြင်းတွင် မကြာခဏ မေးလေ့ရှိသည့် မေးခွန်းများ (FAQ) စာရင်း ဖြစ်သည်။
နောက်ထပ်မေးခွန်းများနှင့် အဖြေများအတွက် အပေါ်တွင်ပြထားသည့် မေးခွန်းစာမျက်နှာများမှ တဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ FAQ စာမျက်နှာများတွင် မပါဝင်သည့် မေးခွန်းများ မေးလိုပါက ဝီကီပီးဒီးယား:မေးခွန်းများ ကို ကြည့်ပါ။
စာမျက်နှာတစ်ခုကို ဘယ်လိုတည်းဖြတ်မလဲ?
- ဝီကီပီးဒီးယား၏ စာမျက်နှာ အများစုကို တည်းဖြတ်ခြင်းက လွယ်ကူပါတယ်။ ဝီကီပီးဒီးယား စာမျက်နှာရဲ့ အပေါ်မှာ ရှိတဲ့ "ပြင်ဆင်ရန်" ဆိုတာလေးကို နှိပ်လိုက်ရုံပါပဲ (သို့မဟုတ် အပိုင်းများ ပြင်ဆင်ခြင်း)။ အဲလိုလုပ်ခြင်းဖြင့် သင်ကြည့်ရှုနေတဲ့ စာမျက်နှာရဲ့ စာသားများကို ပြင်ဆင်နိုင်တဲ့ text box စာမျက်နှာအသစ်ဆီသို့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အဲဒီ box လေးထဲမှာ သင်ရေးသားထည့်သွင်းလိုတဲ့ စာသားများနှင့် အခြား ပုံများ၊ ဇယားများကို wiki markup သုံးပြီး ရေးသားနိုင်ပါတယ်။ သင်ရေးသားလို့ပြီးစီးတဲ့အခါ edit-box ရဲ့အောက်နားမှာရှိတဲ့ အကျဉ်းချုပ် အကွက်ထဲမှာ ပြင်ဆင်ပြောင်းလဲမှုအတိုချုပ်ကို ရေးသားသင့်ပါတယ်။
စာမျက်နှာသစ်တစ်ခု ဘယ်လိုဖန်တီးမလဲ?
- ဆောင်းပါးသစ်တစ်ပုဒ်ကို ဖန်တီးဖို့ဆိုရင် သင့်အနေဖြင့် ဝီကီပီးဒီးယား အကောင့်တစ်ခု လိုအပ်မှာဖြစ်ပြီး ဒီနေရာမှာ အကောင့်တစ်ခု ရယူနိုင်ပါတယ်။ အကောင့်တစ်ခု ဖန်တီးရခြင်းရဲ့ အခြားအကျိုးကျေးဇူးတွေကို သိနိုင်ဖို့ ဘာကြောင့် အကောင့်တစ်ခု ဖန်တီးသင့်သလဲ? စာမျက်နှာမှာ ဖတ်ရှုပါ။
- ဆောင်းပါးသစ်တစ်ပုဒ် ဖန်တီးဖို့အတွက် Wikipedia:သင်၏ ပထမဆုံးဆောင်းပါး မှာ ဖတ်ရှုပါ။; သင့်အနေနဲ့ ဆောင်းပါးတစ်ပုဒ်ကို အလိုအလျောက် ဖန်တီးနိုင်တဲ့ Article Wizard ကိုလည်း စမ်းသုံးကြည့်နိုင်ပါတယ်။ သင့်ကိုယ်ပိုင် အသုံးပြုသူနေရာလေးမှာ စာမျက်နှာသစ်တစ်ခု ဖန်တီးဖို့အတွက်ဆိုရင်တော့ အသုံးပြုသူ စာမျက်နှာခွဲတစ်ခု ဘယ်လိုဖန်တီးမလဲ? စာမျက်နှာကို ဖတ်ပါ။; သို့မဟုတ် Article Wizard ကို အသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။ အရေးပါထင်ရှားပြီး စာသားလုံလုံလောက်လောက် ပါဝင်ဖို့ သတိပြုပေးပါ။
ကျွန်ုပ်ဆောင်းပါး ဘာကြောင့် အဖျက်ခံရသလဲ?
- သင့်စာမျက်နှာရှိခဲ့တဲ့ လိပ်စာအတိုင်း ကြည့်ရှုတဲ့အခါမှာ စာမျက်နှာအပေါ်ဆုံးရှိ အနီရောင်အကွက်ထဲမှာ ဘယ်သူက ဖျက်ခဲ့သလဲဆိုတာ ("အသုံးပြုသူအမည် (ဆွေးနွေး|ပံ့ပိုး)" ဆိုတဲ့ပုံစံဖြင့်)နှင့် ဖျက်ပစ်ရတဲ့ အကြောင်းပြချက် (စာလုံးစောင်းဖြင့်) တွေကို တွေ့မြင်ရပါလိမ့်မယ်။ အကြောင်းပြချက်က မလုံလောက်ဘူးလို့ ယူဆရင် သို့မဟုတ် သင်သဘောမတူခဲ့ရင် "ဆွေးနွေး" ဆိုတဲ့ လင့်ခ်ကို နှိပ်ပြီး သူတို့ကို စာသားဖြင့် ပေးပို့မေးမြန်းနိုင်ပါတယ်။
ဆောင်းပါးတစ်ပုဒ်ရဲ့ အမည်ကို ဘယ်လိုပြောင်းမလဲ?
- သင့်အနေနဲ့ စာမျက်နှာတစ်ခုကို "ရွှေ့ရန်" ("ပြင်ဆင်ရန်" ၏ညာဖက်တွင် ရှိသည့်) ခလုတ်ကို အသုံးပြုပြီး ရွှေ့ပြောင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုရွှေ့ပြောင်းနိုင်ဖို့ သင့်အကောင့်ဟာ အလိုအလျောက် အတည်ပြုပြီး အခြေအနေကို ရရှိထားမှသာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အနည်းဆုံးလေးရက်သက်တမ်းရှိပြီး တည်းဖြတ်မှု အနည်းဆုံး ဆယ်ကြိမ်ပြုလုပ်ထားပြီး ဖြစ်ရပါမယ်။ သင်က အလိုအလျောက်အတည်ပြုပြီး အသုံးပြုသူမဟုတ်ဘူးဆိုရင် ဒါမှမဟုတ် ရွှေ့ပြောင်းလို့မရနိုင်ဘူးဆိုရင် သို့မဟုတ် သင်ရွှေ့ပြောင်းလိုတဲ့ စာမျက်နှာက ကာကွယ်ထားတဲ့ စာမျက်နှာဆိုရင်တော့ Wikipedia:Requested moves ကို ဝင်ရောက်လေ့လာပါ။
ကျွန်ုပ်၏ အကောင့်ကို အမည်ပြောင်းဖို့/ဖျက်ပစ်ဖို့ ဘယ်လိုလုပ်မလဲ?
- သင့်အသုံးပြုသူ အမည်ကို ပြောင်းလဲနိုင်ဖို့ Wikipedia:Changing username ကို ဖတ်ရှုပါ။
- အသုံးပြုသူအမည်ကို ဖျက်ပစ်လို့မရနိုင်ပါ။ အသုံးပြုသူအကောင့်ကို ဖျက်ပစ်လိုက်မယ်ဆိုရင် အဲဒီအသုံးပြုသူ ပါဝင်ရေးသားထားသမျှတွေဟာ ကမောက်ကမတွေ ဖြစ်သွားနိုင်လို့ပါ။ သို့သော်လည်း သင့်အနေဖြင့် အမည်ပြောင်းလဲခြင်းကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် သင့်အသုံးပြုသူစာမျက်နှာကို စာမျက်နှာထိပ်မှာ
{{db-user}}တမ်းပလိတ်ကို ထားရှိခြင်းဖြင့် ဖျက်ပစ်နိုင်ပါတယ်။ Right to vanishကိုလည်း ဖတ်ရှုနိုင်ပါတယ်။
ဝီကီပီးဒီးယားကို ဘယ်လို ကိုးကားမလဲ?
- အသေးစိတ်အချက်အလက်များအတွက် Wikipedia:Citing Wikipedia ကို ဖတ်ရှုပါ။
ဝီကီပီးဒီးယားမှာ ဘယ်သူတွေက ဆောင်းပါးတွေ ရေးသလဲ?
- ဝီကီပီးဒီးယားမှာရှိတဲ့ ဆောင်းပါးများအားလုံးနီးပါးကို တည်းဖြတ်သူအမြောက်အမြားက ပါဝင်ရေးသားထားတာ ဖြစ်ပါတယ်။ သင့်အနေနဲ့ စာမျက်နှာထိပ်က "ရာဇဝင်ကြည့်ရန်" ခလုတ်ကို နှိပ်ကြည့်မယ်ဆိုရင် ဆောင်းပါးကို ပါဝင်ရေးသားထားတဲ့ တည်းဖြတ်သူတွေနဲ့ တည်းဖြတ်ခဲ့တဲ့ အချိန်တွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သင့်ရည်ရွယ်ချက်က ဝီကီပီးဒီးယားကို အကိုးအကားအနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ အထက်က မေးခွန်းကို ကြည့်ပါ။ နောက်ထပ်အချက်အလက်များအတွက် ဝီကီပီးဒီးယားကို ဘယ်သူတွေရေးသလဲ ဆိုတာကို ဖတ်ရှုပေးပါ။
ကျွန်ုပ်အနေနဲ့ ဝီကီပီးဒီးယားကို ကျန်းမာရေး၊ ဥပဒေ၊ စီးပွားရေး၊ လုံခြုံရေးနဲ့ အခြားကိစ္စရပ်တွေမှာ အားကိုးအားထားပြုနိုင်ပါသလား?
- တစ်ခွန်းထဲပြောရရင်တော့ မရပါ။ သင့်အနေနဲ့ အထူးအကြံပေးချက် (ဥပမာ၊ ကျန်းမာရေး၊ ဥပဒေ၊ စီးပွားရေးနှင့် အရဲစွန့်ရမယ့် ဆုံးဖြတ်ချက်မျိုးတွေ) အတွက် သက်ဆိုင်ရာနယ်ပယ်မှာ လိုင်စင်ရကျွမ်းကျင်သူတွေနဲ့သာ တိုင်ပင်ပါ။ ဒီလိုပြောတဲ့အတွက် ဝီကီပီးဒီးယားမှာရှိတဲ့ အချက်အလက်တွေဟာ တန်ဖိုးမရှိ၊ တိကျမှုမရှိလို့ ဆိုလိုတာမဟုတ်ပါ။ သို့သော်လည်း ဝီကီပီးဒီးယားအနေဖြင့် ဝီကီပီးဒီးယားမှာ တွေ့ရတဲ့ သတင်းအချက်အလက်တွေရဲ့ အထောက်အထားခိုင်လုံမှုကို အာမခံချက် မပေးနိုင်ပါ။ ဆောင်းပါးများရဲ့ ပါဝင်အကြောင်းအရာများကို တစ်စုံတစ်ယောက် သို့မဟုတ် နယ်ပယ်နှင့် မသက်ဆိုင်သူများမှ မကြာသေးမီက ပြောင်းလဲထားခြင်း၊ လက်သရမ်းခံထားရခြင်း နှင့် ပြင်ဆင်ခံထားရခြင်းများ ဖြစ်နေနိုင်ပါသည်။ ပိုမိုတိကျသော အချက်အလက်များအတွက် ဝီကီပီးဒီးယား:အထွေထွေ သတိပြုဖွယ် ကို ဖတ်ရှုပေးပါ။
ဝီကီပီးဒီးယားကို ဘယ်သူပိုင်သလဲ?
- အသေးစိတ် အချက်အလက်များအတွက် ဝီကီပီးဒီးယားကို ဘယ်သူပိုင်သလဲ ကို ဖတ်ရှုပါ။
log in တဲ့အခါမှာ အခက်အခဲကြုံနေရလို့ပါ?
- အသေးစိတ် သိရှိနိုင်ဖို့ Help:Logging in ကို ဖတ်ပါ။
ဝီကီပီးဒီးယားကို ဘယ်လို ဆက်သွယ်နိုင်မလဲ?
- သတင်းအချက်အလက်များအတွက် Wikipedia:Contact us ကို ကြည့်ပါ။
နောက်ထပ် မေးလေ့ရှိသော မေးခွန်းများ
မေးလေ့ရှိသော မေးခွန်းများ (FAQs)
- မေးလေ့ရှိသော မေးခွန်းများ အညွှန်း
- မေးလေ့ရှိသော မေးခွန်းများ (ပင်မ)
- အနှစ်ချုပ်
- ဖတ်ရှုသူများ
- ကျောင်းများ
- ပါဝင်ပံ့ပိုးခြင်း
- တည်းဖြတ်ခြင်း
- အထူးဆောင်းပါးများ
- စီမံခန့်ခွဲသူများ
- ပိတ်ပင်မှုများ
- နည်းပညာ
- ပြဿနာများ
- ဆောင်းပါးအကြောင်းအရာများ
- ကဏ္ဍများ
- ကဏ္ဍခွဲခြင်း
- မူပိုင်ခွင့်
- တမ်းပလိတ်များ
- ဗဟိုစာမျက်နှာ
- မြန်မာစာစနစ်
- အထွေထွေ