ဝီကီပီးဒီးယား:အခမဲ့မဟုတ်သော အကြောင်းအရာ

ဝီကီပီးဒီးယား မှ

တမ်းပလိတ်:Wikipedia copyright

ဝီကီပီးဒီးယား၏ ရည်မှန်းချက်မှာ အခမဲ့လွတ်လပ်သော စွယ်စုံကျမ်းတစ်ခုဖြစ်ရန် ဖြစ်ပြီး အခမဲ့အကြောင်းအရာဟု ဆိုရာတွင် ပြန်လည်ဖြန့်ချိခြင်း၊ လေ့လာခြင်း၊ ပြင်ဆင်ခြင်းများအတွက် မူပိုင်ခွင့်ကန့်သတ်ချက်များမှ ကင်းလွတ်ခြင်း သို့မဟုတ် မည်သည့် ကြားခံမီဒီယာတွင်မဆို စီးပွားရေးအရ အသုံးပြုခြင်းများအပါအဝင် မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို အသုံးပြုနိုင်သော ဖန်တီးမှုများ ဖြစ်သည်။ အဆိုပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော အကြောင်းအရာများကို အခမဲ့မဟုတ်သော အကြောင်းအရာဟု ဆိုနိုင်သည်။ ယင်းတွင် မူပိုင်ခွင့်သတ်မှတ်ထားသော သို့မဟုတ် စီးပွားရေးအတွက် အသုံးပြုရန်မဟုတ်သော သို့မဟုတ် ဝီကီပီးဒီးယားတွင်သာ အသုံးပြုရန် ဖြစ်သော (ပုံများ အပါအဝင်) အကြောင်းအရာများ အားလုံး ပါဝင်သည်။ (ယေဘုယျအားဖြင့် အခကြေးငွေ မပေးရသော ပုံများစွာတို့သည် ဝီကီပီးဒီးယား ရည်မှန်းချက်အရ "အခမဲ့မဟုတ်သော" ပုံများ ဖြစ်နေနိုင်သည်။) ဖောင်ဒေးရှင်းအနေဖြင့် "အခမဲ့" ဟူသည်ကို ဤနေရာတွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ လိုင်စင်သတ်မှတ်ခြင်း မူဝါဒက ဝီကီမီဒီယာ ပရောဂျက်များအားလုံးတွင် လွှင့်တင်ထားသည့် အကြောင်းအရာများ အားလုံးကို အခမဲ့ အကြောင်းအရာဖြစ်စေရန် မျှော်လင့်ထားသော်လည်း အချို့သော ခြွင်းချက်များ ရှိနေသည်။ ပရောဂျက်များ ( ဝီကီမီဒီယာ ကွန်မွန်းစ်မှ လွဲ၍) အနေဖြင့် အခမဲ့မဟုတ်သော အကြောင်းအရာများကို အသုံးပြုရန် ခွင့်ပြုထားသော ကင်းလွတ်ခွင့်ရသော မူဝါဒကို သတ်မှတ်လိုက်နာစေရန် မူဝါဒက ခွင့်ပြုပေးထားသည်။ ယင်းသို့သော အသုံးပြုမှုများသည် အနည်းဆုံးဖြစ်ရန်လိုအပ်ပြီး သမိုင်းဝင်ထင်ရှားသော ဖြစ်ရပ်များကို ပုံဖော်ပြသနိုင်ရန်၊ လိုဂိုများကဲ့သို့သော ကာကွယ်ထားသည့် ဖန်တီးမှုများအား ပုံဖော်ပြသနိုင်ရန်၊ သို့မဟုတ် မူပိုင်ခွင့်ရှိသော ခေတ်ပြိုင် ဖန်တီးမှုများအကြောင်း ဆောင်းပါးများအား (ကျဉ်းမြောင်းသော ကန့်သတ်ချက်များအတွင်း) ပြည့်စုံစေရန် (ကန့်သတ်ထားသော ခြွင်းချက်များဖြင့်) ကန့်သတ်ခွင့်ပြုထားသည်။ သက်ရှိထင်ရှားပုဂ္ဂိုလ်များ၏ ဓာတ်ပုံများကဲ့သို့သော နောင်တွင် အခမဲ့လိုင်စင်သတ်မှတ်ထားသော ဖိုင်တစ်ခုခုကို upload တင်လာနိုင်သည့် အခြေအနေတွင် အခမဲ့မဟုတ်သော အကြောင်းအရာကို အသုံးမပြုသင့်ပေ။ ယင်းသို့ ပေါ်ပေါက်လာပါက အခမဲ့မဟုတ်သော အကြောင်းအရာအား အခမဲ့ဖြစ်သည့် အကြောင်းအရာနှင့် အစားထိုးသင့်သည်။

အခမဲ့ မဟုတ်သော အကြောင်းအရာ သတ်မှတ်ချက်မူဝါဒသည် မြန်မာဝီကီပီးဒီးယားတွင် ကင်းလွတ်ခွင့်ရသော မူဝါဒအဖြစ် ဆောင်ရွက်ပြီး ဤစာတမ်းအနေဖြင့် အဆိုပါ မူဝါဒနှင့် ပတ်သက်သော လမ်းညွှန်ချက်များကို ထောက်ပံ့ပေးသည်။ အခမဲ့မဟုတ်သော အကြောင်းအရာများကို အနည်းငယ်သော ကိစ္စရပ်များ (ဥပမာ တစ်စုံတစ်ခု/တစ်ဦး အတွက် အခမဲ့ လိုင်စင်ပုံအား ရယူရန် မဖြစ်နိုင်တော့သည့် အခြေအနေ) အတွက် ဝီကီပီးဒီးယားတွင် အသုံးပြုသည်။ သို့သော် အမေရိကန် ပြည်ထောင်စု၏ တရားမျှတစွာ အသုံးပြုခြင်း ဥပဒေအတွင်းတွင် ဖြစ်ရန်လိုအပ်သလို အောက်တွင် ဖော်ပြထားသော ဝီကီပီးဒီးယား၏ ကိုယ်ပိုင် အခမဲ့မဟုတ်သော အကြောင်းအရာ သတ်မမှတ်ချက်များနှင့် လိုက်လျောညီထွေ ဖြစ်ရမည် ဖြစ်သည်။

ဤအပိုင်းကို ဝီကီပီးဒီးယား:အခမဲ့မဟုတ်သော အကြောင်းအရာ သတ်မှတ်ချက်မှ ထည့်သွင်းဖော်ပြထားပြီး ယင်းသည် ဤစာမျက်နှာပါ တရားဝင် မူဝါဒ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ဝီကီမီဒီယာ ဖောင်ဒေးရှင်း လိုင်စင် မူဝါဒ ဆုံးဖြတ်ချက် (၂၃ မတ် ၂၀၀၇) အရ ဤစာတမ်းသည် မြန်မာဝီကီပီးဒီးယားအတွက် ကင်းလွတ်ခွင့်ရသော မူဝါဒ (Exemption Doctrine Policy) အနေဖြင့် ဆောင်ရွက်သည်။

အကြောင်းရင်း[ပြင်ဆင်ရန်]

  • အခမဲ့ အကြောင်းအရာများကို အသုံးပြုသူများမှ မီဒီယာများ အားလုံးတွင် အကန့်အသတ်မရှိ ဖြန့်ဖြူးခြင်း၊ ပြင်ဆင်ခြင်းနှင့် အသုံးချခြင်းများတို့အတွက် ဝီကီပီးဒီးယား၏ တာဝန်ဖြစ်သော အခမဲ့ အကြောင်းအရာများကို စဉ်ဆက်မပြတ် ထုတ်လုပ်ရာတွင် အထောက်အကူ ဖြစ်စေရန်။
  • အမေရိကန်ပြည်ထောင်စု မူပိုင်ခွင့် ဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသော တရားမျှတစွာ အသုံးပြုခြင်း သတ်မှတ်ချက်များထက် ပိုမိုစေ့စပ်သော သတ်မှတ်ချက်များကို ပြဋ္ဌာန်း အသုံးပြုခြင်းဖြင့် အခမဲ့မဟုတ်သော အကြောင်းအရာ ပမာဏကို ကန့်သတ်ကာ ဥပဒေရေးရာ ထိတွေ့ခြင်းများကို အနည်းဆုံး ဖြစ်စေရန်။
  • အခမဲ့မဟုတ်သော အကြောင်းအရာကို နှိုင်းနှိုင်းချိန်ချိန် အသုံးပြုရာတွင် ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြင့် အရည်အသွေး မြင့်မားသော စွယ်စုံကျမ်းတစ်ခုအား တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရန်။

ဆောင်းပါးတစ်ပုဒ် သို့မဟုတ် ဝီကီပီးဒီးယားပေါ်ရှိ မည်သည့်နေရာတွင်မဆို အခမဲ့မဟုတ်သော အကြောင်းအရာကို အသုံးပြုရန် အလိုအလျောက် ခွင့်ပြုထားခြင်း မရှိပေ။ ဆောင်းပါး သို့မဟုတ် အခြား ဝီကီပီးဒီးယား စာမျက်နှာများသည် လမ်းညွှန်ချက်နှင့် အညီ မူပိုင်ခွင့်ရှိ မီဒီယာမှ ထုတ်နှုတ်ထားသော စာသားအကျဉ်းချုပ်ကို ကျိုးကြောင်းညီညွတ်စွာဖြင့် မူလရင်းမြစ် သို့မဟုတ် မူရင်းဖန်တီးရှင်ကို ရည်ညွှန်းကာ (ကိုးကားခြင်း လမ်းညွှန်တွင် ဖော်ပြထားသည့်အတိုင်း) အသုံးပြုရမည်။ အထူးသဖြင့် တိုက်ရိုက် အဆိုအမိန့်များကို မျက်တောင်ဖွင့်ပိတ် သင်္ကေတ၊ <blockquote>, {{Quote}}, သို့မဟုတ် အခြားဆင်တူ နည်းလမ်းများဖြင့် ညွှန်ပြရမည်။ အခမဲ့အကြောင်းအရာ လိုင်စင်မရှိထားသည့် မူပိုင်ခွင့်ရှိသော ပုံများ၊ အသံများနှင့် ဗီဒီယိုကလစ်များနှင့် အခြားသော မီဒီယာဖိုင်များအပါအဝင် အခြားအခမဲ့မဟုတ်သော အကြောင်းအရာများကို အောက်ပါ အချက် ၁၀ ချက်အားလုံးနှင့် ကိုက်ညီမှသာလျှင် မြန်မာဝီကီပီးဒီးယားတွင် အသုံးပြုသင့်သည်။

  1. အခမဲ့ မီဒီယာ မရှိနိုင်ခြင်း။ အခမဲ့ မီဒီယာ မရရှိနိုင်သည့် အခြေအနေ၊ သို့မဟုတ် တူညီသော စွယ်စုံကျမ်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ဖန်တီးလာနိုင်မည့် အခြေအနေတို့တွင်သာ အခမဲ့ မဟုတ်သော အကြောင်းအရာကို အသုံးပြုသည်။
  2. စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို လေးစားခြင်း။ မူရင်း မူပိုင်ခွင့်ရှိသော ပစ္စည်း၏ မူလဈေးကွက် အခန်းကဏ္ဍကို အစားထိုးနိုင်သည့် ပုံစံဖြင့် အခမဲ့မဟုတ်သော အကြောင်းအရာကို အသုံးမပြုရပါ။
  3. အနည်းဆုံး အသုံးပြုမှု:
    1. အနည်းဆုံး အရေအတွက်။ အခမဲ့မဟုတ်သော အကြောင်းအရာတစ်ခုသည် လုံလောက်သော အချက်အလက်ကို ပေးနိုင်ပြီးဖြစ်ပါက အခမဲ့မဟုတ်သော အကြောင်းအရာများစွာကို ထပ်မံအသုံးမပြုရပါ။
    2. အနည်းဆုံး အတိုင်းအတာကိုသာ အသုံးပြုခြင်း။ အစိတ်အပိုင်းတစ်ခုသည် လုံလောက်ပြီး ဖြစ်ပါက ဖန်တီးမှုတစ်ခုလုံးအား အသုံးမပြုရပါ။ (မူရင်းအား အသုံးပြုခြင်းသည် မူပိုင်ခွင့် ချိုးဖောက်ခြင်းကို ရည်ရွယ်သည့် အခြေအနေများတွင်) အရည်အသွေးမြင့်/bit rate အမြင့်များအစား အရည်အသွေးနိမ့်၊ bit rate နိမ့်သည်များကိုသာ အသုံးပြုပါ။ ဤစည်းမျဉ်းသည် File: အမည်ညွှန်းတွင်လည်း အကျုံးဝင်ပါသည်။
  4. ယခင်က ဖြန့်ချိထားပြီး ဖြစ်ခြင်း။ အခမဲ့မဟုတ်သော အကြောင်းအရာသည် ဖန်တီးမှုတစ်ခု ဖြစ်ရမည်ဖြစ်ပြီး ယခင်က ဖြန့်ချိထားပြီး ဖြစ်ခြင်း သို့မဟုတ် ဝီကီပီးဒီးယား ပြင်ပတွင် မူပိုင်ခွင့် ရှိသူက (သို့မဟုတ် မူပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်ဖြင့်) အများသူငှာအား ပြသထားပြီး ဖြစ်ခြင်း၊ သို့မဟုတ် ယင်းဖန်တီးမှုအား ဝီကီပီးဒီးယား တည်းဖြတ်သူတစ်ဦးမှ ဆင့်ပွားထားသော ဖန်တီးမှုဖြစ်ခြင်း။
  5. အကြောင်းအရာ။ အခမဲ့မဟုတ်သော အကြောင်းအရာသည် ဝီကီပီးဒီးယား အကြောင်းအရာ စံနှုန်းနှင့် ကိုက်ညီပြီး စွယ်စုံကျမ်းဆန်ခြင်း။
  6. မီဒီယာ သီးသန့် မူဝါဒ။ အခမဲ့မဟုတ်သော အကြောင်းအရာသည် ဝီကီပီးဒီးယား၏ မီဒီယာအတွက် သတ်မှတ်ထားသော မူဝါဒနှင့် ကိုက်ညီရမည်။ ဥပမာ ပုံများသည် Wikipedia:ပုံအသုံးပြုခြင်း မူဝါဒနှင့် ကိုက်ညီရမည်။
  7. အနည်းဆုံး ဆောင်းပါးတစ်ပုဒ်။ အခမဲ့မဟုတ်သော အကြောင်းအရာကို အနည်းဆုံး ဆောင်းပါးတစ်ပုဒ်တွင် အသုံးပြုထားရမည်။
  8. Contextual significance. ဆောင်းပါးအကြောင်းအရာအား ဖတ်ရှုသူမှ နားလည်နိုင်စေခြင်းကို သိသိသာသာ အထောက်အကူဖြစ်နိုင်ပြီး၊ မပါရှိပါက ထိုသို့နားလည်ခြင်းကို ထိခိုက်သွားစေနိုင်လောက်သော အခြေအနေတွင်သာ အခမဲ့မဟုတ်သော အကြောင်းအရာကို အသုံးပြုသည်။
  9. တည်နေရာဖြင့် ကန့်သတ်ထားခြင်းများ။ အခမဲ့မဟုတ်သော အကြောင်းအရာကို (သံတူကြောင်းကွဲ စာမျက်နှာများမဟုတ်သော) ဆောင်းပါးများတွင်သာ အသုံးပြုရမည် ဖြစ်ပြီး ဆောင်းပါးအမည်ညွှန်းတွင်သာ ဖြစ်ရမည်။ (ပုံကဏ္ဍများတွင် နမူနာပုံသေးများ ဖော်ပြခြင်းကို တားဆီးရန် ယင်းကဏ္ဍတွင် __NOGALLERY__ ကုဒ်ကို ထည့်သွင်းပါ။)
  10. ပုံအကြောင်း ဖော်ပြချက် စာမျက်နှာ။ ပုံ သို့မဟုတ် မီဒီယာ ဖော်ပြချက် စာမျက်နှာတွင် အောက်ပါတို့ ပါဝင်သည်။
    1. မူလ မူပိုင်ခွင့်ရှိ ပစ္စည်း၏ ရင်းမြစ်ကို ခွဲခြားဖော်ပြထားပြီး ဖြစ်နိုင်ပါက ဖန်တီးသူ၊ ဖြန့်ချိသူနှင့် မူပိုင်ခွင့် ပိုင်ဆိုင်သူ၊ မူပိုင်ခွင့် ခုနှစ် စသည်တို့ကို ဖော်ပြထားခြင်းဖြင့် ယင်းပစ္စည်း၏ ဈေးကွက်တန်ဖိုးအလားအလာကို ဆုံးဖြတ်ရာတွင် အထောက်အကူ ဖြစ်စေမည်။
    2. အသုံးပြုခွင့်ပေးထားသော ဝီကီပီးဒီးယား သတ်မှတ်ပြဋ္ဌာန်းချက်ကို ဖော်ပြထားသည့် မူပိုင်ခွင့် စာတွဲတစ်ခု ပါဝင်ရမည်။ ပုံ မူပိုင်ခွင့် စာတွဲများစာရင်းအတွက် Wikipedia:ဖိုင်မူပိုင်ခွင့် စာတွဲများ/အခမဲ့ မဟုတ်သောကို ကြည့်ပါ
    3. ယင်းပစ္စည်းကို တရားမျှတစွာ အသုံးပြုထားသည့် ဆောင်းပါးတစ်ခုခြင်းစီ၏ အမည် (ဆောင်းပါးအမည်တစ်ခုခြင်းစီအား လင့်ခ်ချိတ်ဆက်ပေးရန် အကြံပြုထား) ကို အခမဲ့မဟုတ်သော အကြောင်းအရာ အသုံးပြုရခြင်း အကြောင်းရင်း လမ်းညွှန်တွင် ဖော်ပြထားသည့်အတိုင်း ထည့်သွင်းဖော်ပြရမည်။[၁] အကြောင်းပြချက်သည် ရှင်းလင်းရိုးရှင်းစွာ ဖော်ပြရမည်ဖြစ်ပြီး အသုံးပြုထားမှုတစ်ခုခြင်းစီနှင့် ဆီလျော်ရမည်။
  • ဖိုင်အသုံးပြုထားသည့် ဆောင်းပါးအချို့ (အားလုံးမဟုတ်) အတွက် အခမဲ့မဟုတ်သော အကြောင်းအရာ အသုံးပြုခြင်း အကြောင်းရင်းများ ထည့်သွင်းထားသော ဖိုင်တစ်ခုသည် ဖျက်ပစ်ခြင်း ခံရမည် မဟုတ်ပေ။ ယင်းအစား အခမဲ့မဟုတ်သော အကြောင်းအရာ အသုံးပြုခြင်း အကြောင်းရင်းကို မဖော်ပြထားဘဲ ဖိုင်ကို အသုံးပြုထားသည့် ဆောင်းပါးများမှ ဖိုင်ကို ဖယ်ရှားခြင်း သို့မဟုတ် သင့်လျော်သော အကြောင်းပြချက်ကို ထည့်သွင်းပေးခြင်း ပြုလုပ်သည်။
  • အခမဲ့မဟုတ်သော အကြောင်းအရာ အသုံးပြုခြင်းကို ဖော်ပြထားပြီး မည်သည့် ဆောင်းပါးတွင်မှ အသုံးမပြုထားသော (သတ်မှတ်ချက် ၇) ဖိုင်သည် အသိပေးချက်ပြုလုပ်ပြီး ခုနစ်ရက်အကြာတွင် ဖျက်ပစ်ခြင်း ခံရနိုင်သည်။

အခမဲ့မဟုတ်သော အကြောင်းအရာများကို ဖျက်ပစ်နိုင်သည့် သတ်မှတ်ချက်များကို Wikipedia:မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များ § ဖိုင်များ တွင် ဖော်ပြထားသည်။

မှတ်စုများ[ပြင်ဆင်ရန်]

  1. A redirect pointing to the page where the non-free content is intended to be used is acceptable as the article name in the non-free use rationale.