မာတိကာသို့ ခုန်သွားရန်

ဝီကီပီးဒီးယား:ပြန်ညွှန်းပုပ်ခြင်း

ဝီကီပီးဒီးယား မှ

ဝီကီပီးဒီးယားသည် အခြားဝက်ဘ်ဆိုဒ်ကြီးများကဲ့သို့ပင် ပြန်ညွှန်းပုပ်ခြင်း သို့မဟုတ် လင့်ခ်ပုပ်ခြင်းဟုခေါ်သော ဖြစ်စဉ်ကို ကြုံတွေ့လေ့ရှိသည်။ ပြန်ညွှန်းပုပ်ခြင်း သို့မဟုတ် လင့်ခ်ပုပ်ခြင်းဆိုသည်မှာ ချိတ်ဆက်ထားသော ဝက်ဘ်စာမျက်နှာများ သို့မဟုတ် ဝက်ဘ်ဆိုဒ်တစ်ခုလုံး ပျောက်ကွယ်သွားခြင်းကြောင့်ဖြစ်စေ၊ ၎င်းတို့၏ အကြောင်းအရာများကို ပြောင်းလဲခြင်း သို့မဟုတ် HTTP လမ်းကြောင်းပြောင်းမှုအတွက် ပြန်ညွှန်းခြင်းမရှိဘဲ မူလနေရာမှရွှေ့ခြင်းများကြောင့်ဖြစ်စေ ပြင်ပလင့်ခ်များသေဆုံးသွားသည့် ဖြစ်စဉ်ကို ခေါ်ခြင်း ဖြစ်သည်။ ဝက်ဘ်ဆိုဒ်လိပ်စာ(URL) များသည် ပျမ်းမျှသက်တမ်း ၁ နှစ်ခန့်ရှိသည်။

လင့်ခ်များကို ယုံကြည်စိတ်ချရမှုမူဝါဒနှင့် အရင်းအမြစ်ကိုးကားချက်လမ်းညွှန်ချက်များအတွက် အဓိကအသုံးပြုသည့်အတွက်ကြောင့် လင့်ခ်ပုပ်ခြင်းသည် ဝီကီပီးဒီးယားအတွက် သိသာထင်ရှားသောအန္တရာယ်တစ်ခုဖြစ်သည်။

ယေဘုယျအားဖြင့်၊ ကိုးကားထားသော အချက်အလက်တစ်ခု၏ အရင်းအမြစ်သို့ ပြန်ညွှန်းထားသော ဝက်ဘ်ဆိုဒ်လိပ်စာ(URL)သည် အလုပ်မလုပ်တော့သောကြောင့် ဟူသောအကြောင်းပြချက်ဖြင့် ၎င်းကိုးကားအညွှန်းကို မဖျက်ပါနှင့်။ ထိုသို့သော အခြေအနေကို မှန်မှန်ကန်ကန် ကိုင်တွယ်ပြင်ဆင်ရန် လိုအပ်သော ကိရိယာများ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းစဉ်များကို ဤစာတမ်းတွင် ဆက်လက်ဖော်ပြပါမည်။