ဝီကီပီးဒီးယား:တည်းဖြတ်ခြင်းသင်ခန်းစာ

ဝီကီပီးဒီးယား မှ

အရင်ဆုံး ပြုပြင်ကြည့်ခြင်း

၁.ထိပ် Tab ရှိ ပြင်ဆင်ရန် ကိုသွားပါ။
၂.မိမိရေးသား ပြုပြင်လိုသော စာများကို ရေးသားပါ။
၃.နမူနာပြပါ ကိုနှိပ်၍ မိမိပြုပြင်ထားသည်ကို ကြည့်ရှုနိုင်ပြီး၊ ပြီးလျှင် သိမ်းပါ ကိုနှိပ်လိုက်ပါ။

Page တစ်ခုဖန်တီးခြင်း

မိမိရေးသားလိုသောအကြောင်းအရာကို ရှာဖွေရန်တွင် ရိုက်ကာ သွားပါ (သို့မဟုတ်) ရှာဖွေရန် လုပ်လိုက်ပါ။
ဥပမာ Linux ကိုရိုက်ထည့်ပြီး သွားပါ (သို့မဟုတ်) ရှာဖွေရန် နှိပ်လိုက်လျှင်
There is no page titled "Linux". You can create this page.
create this page ကိုနှိပ်ကာ စာရေးသားနိုင်သည်။ စာရေးသားပုံသည် edit page လုပ်ခြင်းနှင့်အတူတူပင်။ သို့သော် မြန်မာစာဖြင့် ရေးသားရာတွင် အခက်အခဲ အချို့ရှိသေးသည်။ ၎င်းမှာ တိကျမှုကို မရရှိနိုင်ခြင်း ဖြစ်သည်။ မြန်မာစာဖြင့် ရေးသားထားသော စာများသည် အမျိုးမျိုးရေးသားထားရာ တိကျမှုတွင် ပြဿနာရှိနေနိုင်ပါသည်။

ရေးသားပြုပြင်ခြင်း

Bold လုပ်ခြင်း

စာသားကို Bold လုပ်ချင်လျှင်

'''Bold'''

Double Code မဟုတ်ပါဘူး။ Single Code ၃ ခုပါ။

Italic လုပ်ခြင်း

စာသားကို Italic လုပ်ချင်လျှင်

''Italic''

Double Code မဟုတ်ပါဘူး။ Single Code 2 ခုပါ။

Internal Link ထည့်ခြင်း

Internal Link ဆိုသည်မှာ ယခု wiki ထဲကအရာကို ပြန်လည် ညွှန်းဆိုခြင်းဖြစ်သည်။ ဥပမာ:: မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှတွင် အကြီးဆုံးနိုင်ငံဖြစ်သည်။ အဲဒီမှာဆို မြန်မာနိုင်ငံက Internal Link ထည့်ထားတာပါ။

[[Link title]]

External Link ထည့်ခြင်း

[http://www.example.com link title]

Head Line ထည့်ခြင်း

Header တွင် First Level နှင့် Second Level စသည်ဖြင့် ရှိပါသည်။
First Level ကို

=Header=

Second Level ကို

==Header==

Second Level စသည်ဖြင် ရေးသားရပါသည်။

Redirect ပြုလုပ်ခြင်း

ဝီကီပီးဒီးယားအတွင်း မြန်မာစာမျက်နှာ အချို့အား redirect ပြုလုပ်သင့်ရာတွင် redirect code မှာ

#REDIRECT [[စာမျက်နှာအညွှန်း]]

ဖြစ်သည်။

Ref and Thank you very much

အထက်ဖော်ပြပါ အကူအညီများသည် http://www.mysteryzillion.org/ စာမျက်နှာ၏ [Help Contents] မှ ဖြစ်ပါသည်။ အခြား လိုအပ်ချက်များကို ၎င်းစာမျက်နှာတွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။