ဝိပဿနာပြန့်ပွားခြင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

ဝိပဿနာပြန့်ပွားခြင်း ဆိုသည်မှာ ၁၉၅၀ ခုနှစ်များကတည်းက ကမ္ဘာတစ်လွှား ရောက်ရှိပျံ့နှံ့ခဲ့သည့် မြန်မာနိုင်ငံရှိ ထေရဝါဒဗုဒ္ဓဘာသာ၏ ဝိပဿနာတရား ထွန်းကားပြန့်ပွားမှု ဖြစ်သည်။ ဝိပဿနာတရားအားထုတ်မှုသည် အနောက်နိုင်ငံရှိ လေ့လာသူများမှတစ်ဆင့် ၁၉၇၀ ခုနှစ်များတွင် ထင်ရှားလာခဲ့သည်။[web ၁]

မြန်မာနိုင်ငံတွင် ထွန်းကားသည့် ဝိပဿနာတရားသည် အနောက်နိုင်ငံများသို့ ၁၉ ရာစုတွင် ရောက်ရှိပြန့်ပွားခဲ့ပြီး အချို့ရဟန်းတော်များသည် ဗုဒ္ဓဘာသာ၏ တရားအားထုတ်လေ့ကျင့်မှုများကို ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းလာကြသည်။ လယ်တီဆရာတော်၏ ရှင်းလင်းရေးသားချက်များသည် ဝိပဿနာတရားအားထုတ်သူများအကြားတွင် ထင်ရှားကျော်ကြားခဲ့သည်။ လယ်တီဆရာတော်သည် သမထအလေ့အကျင့်ကို သင်ကြားပေးခြင်း၊ သတိပဋ္ဌာန်တရားအားထုတ်မှုကို စွဲမြဲစေခြင်းနှင့် ဝိပဿနာတရားကို လက္ခဏာရေးသုံးပါးဖြင့် လေ့ကျင့်အာားထုတ်ကာ သောတာပန်အရိယာတစ်ယောက်ဖြစ်လာစေရန် သင်ကြားပြသပေးထားသည်။[web ၁]

မဟာစည်ဆရာတော်က သတိပဋ္ဌာန်လေ့ကျင့်မှုအသစ်ကို စတင်ခဲ့ကာ ဝိပဿနာတရားသည် ၂၀ ရာစုတွင် ပိုမိုကာ ထင်ရှားလာခဲ့သည်။ အနောက်နိုင်ငံများမှ ဝိပဿနာတရားလေ့လာသူများသည် မဟာစည်ဆရာတော်၊ ဆရာကြီး ဦးဂိုအင်ကာနှင့် အခြားမြန်မာဆရာများထံမှ လေ့လာသင်ကြားလာကြပြီး လေ့လာသူများလည်း တိုးပွားလာခဲ့သည်။ အချို့မှာမူ ထိုင်းနိုင်ငံမှ ဗုဒ္ဓဘာသာဆရာများထံမှ လေ့လာခဲ့ကြသည်။[web ၁]

အမေရိကန်၏ ဝိပဿနာပြန့်ပွားမှုတွင် မျက်မှောက်ခေတ် အမေရိကန်ဗုဒ္ဓဘာသာဆရာများဖြစ်ကြသည့် ဂျိုးဆက်ဂိုးစတိန်း၊ တာရာဘရတ်၊ ဂေးဖရွန်ဒယ်၊ ရှာရွန်ဆာ့ဘတ်၊ ရုဒန်နီဆင်နှင့် ဂျက်ကွန်ဖီး စသည့် ဆရာများ ပါဝင်ကြသည်။

ဤအမေရိကန်ဆရာအများစုသည် ထိုင်းနိုင်ငံရှိ တရားအားထုတ်သည့်နည်း၊ မြန်မာနိုင်ငံရှိ တရားအားထုတ်သည့်နည်း၊ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာမဟုတ်သည့် အတွေးအခေါ်နှင့် လေ့ကျင့်မှုများ စသည်တို့ကို ပေါင်းစပ်ကာ လေ့ကျင့်အားထုတ်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ တရားအားထုတ်သည့်နည်းလမ်းအသစ်သည် ထေရဝါဒအဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်ကို အတိကျလိုက်နာထားပြီး အနောက်နိုင်ငံမှ ဆရာများသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် သုတ္တန်များကို အခြေခံကာ လေ့ကျင့်ခဲ့ကြသည်။

အချို့သော အနောက်နိုင်ငံများမှ ရဟန်းမဟုတ်သူ ပညာရှင်အချို့၏ အဆိုအရ မကြာသေးမီက ဖြစ်ပေါ်လာသည် နားလည်မှုတစ်ခုမှာ နိကာယ်ကျမ်းများတွင်ဖော်ပြထားသည့်အတိုင်း ဈာန်ကျင့်စဉ်သည် သမထကျင့်စဉ်တစ်ခုမဟုတ်၊ မြင့်မားသော အသိတရားနှင့် စိတ်တည်ငြိမ်ရေးအတွက် လေ့ကျင့်သော လေ့ကျင့်မှုတစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာလမ်း၏ အထွတ်အထိပ်ဖြစ်သည်ဟု ဆိုကြသည်။ ထင်ရှားကျော်ကြား၍ လူအများလေးစားကြည်ညိုကြသည့် ပညာရှင် ဆရာတော်ကြီးများသည် ဤအယူအဆကို သဘောတူဟန်မရှိပေ။[၁][၂]

သမိုင်း[ပြင်ဆင်ရန်]

Buswell ၏ အဆိုအရ အရိမေတ္တယျမြတ်စွာဘုရား မပွင့်မီကာလတွင် တရားထူးမရနိုင်ဟု ယုံကြည်မှုနှင့် ဗုဒ္ဓဘာသာသည် ဆုတ်ယုတ်လျက်ရှိသည်ဟု ယုံကြည်မှုများကြောင့် ၁၀ ရာစုနှစ်တွင် ထေရဝါဒဗုဒ္ဓဘာသာ၌ ဝိပဿနာကို လေ့ကျင့်အားထုတ်မှု မရှိပေ။ Braun ၏ အဆိုအရမူ ရဟန်းနှင့် သီလရှင်များအပါအဝင် ထေရဝါဒဗုဒ္ဓဘာသာနှင့် အခြားဗုဒ္ဓဘာသာများကို ကိုးကွယ်ယုံကြည်သူအများစုသည် ကိုယ်ကျင့်တရားဆိုင်ရာ သီလကို ထိန်းသိမ်းခြင်း၊ ဗုဒ္ဓဟောကြားခဲ့သည့် တရားဓမ္မများကို သင်ကြားခြင်းနှင့် ပေးလှူခြင်းဖြင့် ကောင်းသည့်အကျိုးတရားများကို ရရှိအောင်လုပ်ဆောင်ခြင်း စသည်တို့ကိုသာ အာရုံစိုက်ခဲ့ကြသည်။ ဝိပဿနာတရား မပြန့်ပွားမီက ကမ္ဘာ့ထေရဝါဒဗုဒ္ဓဘာသာတစ်ခုလုံးသည် ဂါထာမန္တရားအလေ့အကျင့်များ ကျယ်ပြန့်စွာ လွှမ်းမိုးနေခဲ့သည်။[web ၁]

၁၈ ရာစုတွင် အသျှင်မေဓာဝီ (၁၇၂၈ - ၁၈၁၆) သည် ဝိပဿနာလက်စွဲကျမ်းများကို ရေးသားခဲ့သဖြင့် မြန်မာနိုင်ငံ၏ တရားအားထုတ်မှုပေါ် အာရုံစိုက်မှုသည် တကျော့ပြန် နိုးကြားလာစေခဲ့သည်။ ထေရဝါဒနိုင်ငံများတွင် ဝိပဿနာတရားအားထုတ်လေ့ကျင့်မှုကို ၁၉ ရာစုနှင့် ၂၀ ရာစုနှစ်များကျမှ တစ်ဖန်ပြန်လည် တီထွင်ခဲ့သည်။ ထိုတရားအားထုတ်သည့် နည်းစနစ်များသည် ဝိသုဒ္ဓိမဂ်၊ သတိပဋ္ဌာနသုတ္တန်နှင့် အခြားသောစာပေများကို အခြေခံထားပြီး ရိုးစင်းသည့် နည်းလမ်းများဖြစ်သည်။ သတိပဋ္ဌာန်တရားအားထုတ်မှုကို အသားပေးထားပြီး တရားသိမြင်မှုကို တိုးတက်အောင် လုပ်သည့်နည်းလမ်းများ ဖြစ်သည်။[၃][၄]

၁၉ ရာစုနှင့် ၂၀ ရာစုတွင် မြန်မာ၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် အနောက်နိုင်ငံများ၏ ကိုလိုနီပြုမှုကို ဆန့်ကျင်လာခဲ့ကြသည်။ ထိုနိုင်ငံများတွင် ရိုးရာယဉ်ကျေးမှုနှင့် တန်ဖိုးများကို ပြောကြားခြင်းဖြင့် စုပေါင်းကာ အနောက်နိုင်ငံများ၏ ကြီးစိုးမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ သို့သော် ထေရဝါဒဗုဒ္ဓဘာသာမှာမူ ပုံစံပြောင်းကာ ပါဠိစာပေကို အသုံးပြု၍ ဤတော်လှန်ပြောင်းလဲမှုကို ဆောင်ရွက်ခဲ့သည်။ ထိုအချိန်တွင် အနောက်နိုင်ငံများမှ ပါဠိစာပေအဖွဲ့မှ ထုတ်ဝေမှုများကြောင့် ပါဠိစာပေကို ကျယ်ပြန့်စွာစိတ်ဝင်တစား ရှီခဲ့ကြသည်။ ပါဠိစာပေကို ထိုကဲ့သို့ ပြန့်ပွားအောင် အဓိကလုပ်ဆောင်ခဲ့သူမှာ Theosophical Society ဖြစ်သည်။ Theosophical Society သည် သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာကြည်ညိုသူများအဖွဲ့အစည်းကို စတင်ခဲ့သည်။ ဤအဖွဲ့အစည်းသည် ကျောင်းတော်များ၊ ဘုန်းတော်ကြီးကျောင်းများ စသည်တို့၏ ဩဇာသက်ရောက်မှုမရှိသည့် လွတ်လပ်သည့် အဖွဲ့အစည်း ဖြစ်သည်။ ထိုကဲ့သို့သော တိုးတက်ဖြစ်တည်မှုများကြောင့် တရားအားထုတ်မှုအပေါ် စိတ်ဝင်တစား ရှိမှုသည် နိုးကြားတက်ကြွလာခဲ့ကြသည်။ ထိုအချိန်ကာလ ကျောင်းတော်များတွင် အဓိကထား၍ ပြုလုပ်ကြသည်မှာ တရားအားထုတ်မှု မဟုတ်သေးဘဲ စာပေများကို ရွတ်ဖတ်ပူဇော်ကာ ဤသည်ကိုပင် ဗုဒ္ဓဘာသာ၏ အဓိကအလေ့အကျင့်အဖြစ် လုပ်ဆောင်ကြသည်။

၂၀ ရာစု၌ ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် ကိုးကွယ်ယုံကြည်သူများသည် အလုံးအရင်းဖြင့် များပြားလာခဲ့ကြကာ အနောက်နိင်ငံများသို့ပင် ပြန့်နှံ့ရောက်ရှိခဲ့ကြသည်။ ထိုကဲ့သို့ ပြန့်နှံ့ခဲ့ကြသည်မှာ ဆရာတော်နှစ်ပါးဖြစ်သည့် ဦးနာရဒ (၁၈၆၈ - ၁၉၅၅) နှင့် မဟာစည်ဆရာတော် (၁၉၀၄ - ၁၉၈၂) တို့၏ သင်ကြားပေးသည့် နည်းစနစ်အသစ်ကြောင့် ဖြစ်သည်။ ဤနည်းလမ်သည် တောင်နှင့် အရှေ့တောင်အာရှ၊ ဥရောပနှင့် အမေရိက စသည့်နိုင်ငံများသို့ ပြန့်နှံသွားကာ ဝိပဿနာတရားကို သိရှိလာကြသည်။

တရားအားထုတ်မှု နည်းလမ်းများ[ပြင်ဆင်ရန်]

ဝိပဿနာတရားအားထုတ်ခြင်းသည် လက္ခဏာရေးသုံးပါးကို ထိုးထွင်းသိုမြင်အောင် အားထုတ်ခြင်း ဖြစ်သည်။ ဝိပဿနာအားထုတ်နည်းများသည် သတိပဋ္ဌာန်သုတ္တန်၊ ဝိသုဒ္ဓိမဂ်နှင့် အခြားစာပေများကို အခြေခံထားကြသည်။ သတိပဋ္ဌာန်အားထုတ်ခြင်းဖြင့် တရားကို ထိုးထွင်းသိမြင်အောင် အားထုတ်ကြသည်။

သမထနှင့် ဝိပဿနာတရားအားထုတ်နည်းများသည် ပုံစံအမျိုးမျိုးဖြင့် ပြန့်နှံခဲ့ကြသည်။ ဝိပဿနာတရားပြဆရာများသည်လည်း တရားအားထုတ်သူ၏ တရားသိမြင်မှုကို လိုက်၍ တရားအားထုတ်သည့် နည်းလမ်းများကို သင်ကြားပြသပေးခဲ့ကြသည်။ တရားအား ထိုးထွင်းသိမြင်မှု၏ အဆင့်များတွင် ရုပ်နာမ်တို့၏ ဖြစ်မှုပျက်မှု (အနိစ္စ)၊ လိုချင်စဖွယ်မရှိမှု/ ဆင်းရဲမှု (ဒုက္ခ)နှင့် မိမိ၏ ကိုယ်ပိုင်အတ္တမဟုတ် (အနတ္တ) ဖြစ်ဖြစ်ခြင်း စသည်တို့ကို ထိုးထွင်းသိမြင်ခြင်း တို့ဖြစ်သည်။

မြန်မာ[ပြင်ဆင်ရန်]

ရွှေတိဂုံဘုရားပုံစံအတိုင်း တည်ထားသည့် မွန်ဘိုင်းမြို့ရှိ ကမ္ဘာ့ဝိပဿနာဘုရား

ထိုကာလတွင် မြန်မာနိုင်ငံ၏ ထေရဝါဒဗုဒ္ဓဘာသာသည် ဝိပဿနာပြန့်ပွားမှု၏ အဓိကနေရာမှ ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဝိပဿနာတရားအားထုတ်လေ့ကျင့်မှုနည်းလမ်းအသစ်များကို သင်ကြားပြသခဲ့ကြပြပြီး ၁၉၅၀ ခုနှစ်များတွင် လူသိများထင်ရှားလာခဲ့သည်။

လယ်တီဆရာတော်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - လယ်တီဆရာတော်

လယ်တီဆရာတော် (၁၈၄၆ - ၁၉၂၃) သည် အဘိဓမ္မကို အခြေခံကာ တရားအားထုတ်မှု နည်းလမ်းများကို လူအများသိရှိအောင် ဆောင်ရွက်ခဲ့ကာ ဗုဒ္ဓဘာသာဝင်အများ လေ့ကျင့်နိုင်အောင် ကြိုးပမ်းတော်မူခဲ့သည်။

ဦးဂိုအင်ကာ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဂိုအင်ကာ

ဦးဂိုအင်ကာ (၁၉၂၄ - ၂၀၁၃) သည် လယ်တီမူနည်းအတိုင်း သင်ကြားပြသပေးသည့် ထင်ရှားသည့် အိန္ဒိယလူမျိုး တရားပြဆရာဖြစ်သည်။ ဦးဂိုအင်ကာ သည် ဆရာကြီးဦးဘခင်ထံမှ တရားအားထုတ်ခြင်းကို လေ့လာသင်ယူခဲ့သည်။ ဝိပဿနာတရားအားထုတ်သည့် နည်းလမ်းများသည် ပုဂ္ဂိုလ်စွဲမပါသည့် အားလုံးနှင့်သက်ဆိုင်သည့် အလေ့အကျင့်တစ်ခုဖြစ်သည်ဟု ဦးဂိုအင်ကာက ဆိုခဲ့သည်။

အခြားဆရာများ[ပြင်ဆင်ရန်]

ရုဒန်နီဆင် (၁၉၂၂ - ၂၀၁၅) သည် ဦးဘခင်က သင်ကြားပြသပေးခဲ့သည့် တပည့်တစ်ဦး ဖြစ်သည်။ Anagarika Munindra သည်လည်း တရားပြဆရာတစ်ဦးဖြစ်ကာ ဦဂိုအင်ကာနှင့် မဟာစည်ဆရာတော်နှစ်ဦးစလုံးထံတွင် လေ့လာခဲ့သည်။

မဟာစည်ဆရာတော်[ပြင်ဆင်ရန်]

ဦးနာရဒ(၁၈၆၈-၁၉၅၅) သည် တရားအားထုတ်သည့်ပုံစံအသစ်တစ်ခုကို စတင်ကာ လေ့ကျင့်သင်ကြားပေးခဲ့သည်။ ထိုတရားအားထုတ်သည့်ပုံစံသည် သူ၏ တပည့်ဖြစ်သူ မဟာစည်ဆရာတော်လက်ထက်တွင် လူအများအကြား လေ့လာကျင့်သုံးမှု များပြားခဲ့သည်။

ဆရာများ[ပြင်ဆင်ရန်]

၁၉၃၉ ခုနှစ်တွင် ထိုအားထုတ်သည့်နည်းသည် သီရိလင်္ကာသို့ ရောက်ရှိခဲ့ပြီး ၁၉၅၀ ခုနှစ်များကာလ မြန်မာရဟန်းများ ရောက်ရှိချိန်တွင် ထင်ရှားလာခဲ့သည်။ တရားအားထုတ်သူများအကြားတွင် ထင်ရှားလာခဲ့သည်။ အနောက်နိုင်ငံများမှ ဝိပဿနာတရားပြဆရာများဖြစ်သည့် ဂိုးစတိန်း၊ ကွန်ဖီး၊ ဆာ့ဘတ် တို့သည် မဟာစည်ဆရာတော်နှင့် သူ၏ တပည့် ဦးပဏ္ဍိတတို့ထံတွင် လေ့လာခဲ့သည်။ Nyanaponika Thera သည်လည်း စာအုပ်စာပေများ ထုတ်ဝေခဲ့သည်။ ဘိက္ခုဗောဓိ (Bhikkhu Bodhi ) သည် Nyanaponika Thera ၏ တပည့်တစ်ဦး ဖြစ်သည်။

ထိုင်းလူမျိုး တရားပြဆရာ Ajahn Tong သည်လည်း သူ၏ ကိုယ်ပိုင်ဟန်ဖြင့်ဝိပဿနာတရားအားထုတ်သည့်နည်းကို ထိုင်းနိုင်ငံ Chom Tong တွင် မလေ့ကျင့်မီက မဟာစည်ဆရာတော်ထံတွင် အချိန်အနည်းငယ် လေ့လာခဲ့သည်။

လေ့ကျင့်မှု[ပြင်ဆင်ရန်]

ဤတရားအားထုတ်သည့် ပုံစံသည် တရားထိုးထွင်းသိမြင်အောင် လက်ရှိဖြစ်နေသည့် စိတ်နှင့်ကိုယ်တို့ရှိ ပြောင်းလဲမှုများကို သတိထားက သတိပဋ္ဌာန်တရားကို လေ့ကျင့်ခြင်း ဖြစ်သည်။

အခြားမြန်မာလူမျိုးဆရာများ[ပြင်ဆင်ရန်]

မိုးကုတ်ဆရာတော်[ပြင်ဆင်ရန်]

မိုးကုတ်ဆရာတော်သည် တွေ့ကြုံသမျှ အရာအားလုံး၏ ဖြစ်မှု ပျက်မှုကို သတိထားကာ ကြည့်ရှု၍ ဝိပဿနာတရားအားထုတ်နည်းကို သင်ကြားပေးသည်။ မိုးကုတ်ဆရာတော်သည် တရားအားထုတ်သူများအား ပဋိစ္စသမုပ္ပါဒ်ဒေသနာကို နားလည်သဘောပေါက်အောင် သင်ကြားပြသပေးသည်။ မိုးကုတ်ဆရာတော်၏ နည်းလမ်းသည် ခံစားမှု ဝေဒနာနုပဿနာနှင့် စိတ္တာနုပဿနာတို့ကို ရှုမှတ်ပွားများကြသည်။

ဖားအောက်ဆရာတော်[ပြင်ဆင်ရန်]

ဖားအောက်ဆရာတော်၏ နည်းလမ်သည် ဝိသုဒ္ဓိမဂ်ကို အခြေခံထားသည်။ ရှေးခေတ်ကာလ ထေရဝါဒတရားအားထုတ်နည်းအတိုင်း ဖြစ်သည်။ ဈာန်လေးဆင့်ကို ရရှိအောင် အားထုတ်ပြီးနောက် တရားရှုမှတ်မှုကို နှလုံးသွင်းရသည်။

ထင်ရှားသည့် အမျိုးသမီးများ[ပြင်ဆင်ရန်]

ဒိပမား[ပြင်ဆင်ရန်]

Ilaichidevi ဂိုအင်ကာ[ပြင်ဆင်ရန်]

Shambhavi Chopra[ပြင်ဆင်ရန်]

အကျဉ်းထောင်များတွင် လေ့ကျင့်မှုများ[ပြင်ဆင်ရန်]

ကျော်ကြားသည့် ဆရာကြီးများ[ပြင်ဆင်ရန်]

အသက်ရှင်လျက် ရှိသေးသည့် ထင်ရှားသူများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]


ကိုးကား အမှား - <ref> tags exist for a group named "web", but no corresponding <references group="web"/> tag was found

  1. Polak 2011.
  2. Arbel 2017.
  3. Buswell 2004, p. 890.
  4. McMahan 2008, p. 189.