ဝိန်း ရွန်နီ

ဝီကီပီးဒီးယား မှ
(ဝိန်းရွန်နီ မှ ပြန်ညွှန်းထားသည်)
ဝိန်း ရွန်နီ
ကိုယ်ရေးအချက်အလက်များ
အရပ်အမြင့် ၁.၇၈ မီတာ (၅ ပေ ၁၀ လက်မ)[၁]
ကစားသည့်နေရာ ရှေ့တန်း ကစားသမား
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
မန်ချက်စတာ ယူနိုက်တက်
အင်္ကျီနံပါတ် ၁၀
လူငယ်ဘဝကလပ်များ
၁၉၉၆–၂၀၀၂ အီဗာတန်
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၀၂-၂၀၀၄
၂၀၀၄ -
အီဗာတန်
မန်ချက်စတာ ယူနိုက်တက်
နိုင်ငံကိုယ်စားပြုအသင်း
၂၀၀၂
၂၀၀၃
အင်္ဂလန် ၁၉ နှစ်အောက်
အင်္ဂလန်

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ဝိန်းမာ့ခ်ရွန်နီ (၁၉၈၅ အောက်တိုဘာ ၂၄ မွေး) သည် အင်္ဂလိပ် ဘောလုံးသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်အသင်း မန်ချက်စတာ ယူနိုက်တက် နှင့် အင်္ဂလန် ဘောလုံးအသင်းတို့တွင် ရှေ့တန်းတိုက်စစ်မှူးနှင့် အသင်းခေါင်းဆောင်အဖြစ် ကစားသူ ဖြစ်သည်။ သူသည် ကစားသမားသက်တမ်းတစ်လျောက် ရှေ့တန်းတိုက်စစ်မှူးအဖြစ် အများဆုံးကစားခဲ့ပြီး တစ်ခါတစ်ရံ ကွင်းလယ်တိုက်စစ်နေရာတွင်လည်း ကစားရသည်။

အသက် ၉ နှစ်အရွယ်တွင် အဲဗာတန် လူငယ်အသင်းသို့ ရောက်ရှိပြီး ၂၀၀၂ ခုနှစ် အသက် ၁၆ နှစ်အရွယ်တွင် သူ၏ ပထမဆုံး ပရော်ဖက်ရှင်နယ် ကစားပွဲတစ်ခုတွင် ပွဲထွက်ကစားခဲ့သည်။ အဲဗာတန်အသင်းတွင် ၂ ရာသီ ကစားခဲ့ပြီး ၂၀၀၄ ခုနှစ် ဩဂုတ်လတွင် မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပေါင် ၂၅.၆ သန်းဖြင့် ပြောင်းရွေ့ခဲ့သည်။ ထိုအချိန်မှစ၍ ရွန်နီသည် ယူနိုက်တက်အသင်းနှင့် ပရီးမီးယားလိဂ်ဖလား ၅ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ဖီဖာကမ္ဘာ့ကလပ်ဖလား ၁ကြိမ်၊ လိဂ်ဖလား ၂ကြိမ် ရရှိထားသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ယူနိုက်တက်အသင်းအတွက် သူ၏ ဂိုး ၂၀၀ မြောက်ကို သွင်းယူနိုင်ခဲ့သည်။ လက်ရှိတွင် ၂၂၄ ဂိုးအထိ သွင်းယူထားနိုင်ပြီး ယူနိုက်တက်အသင်း၏ တတိယမြောက် ဂိုးအများဆုံးသွင်းသူနေရာတွင် ရပ်တည်နေသည်။[၂]

သူသည် လူကြီးအသင်းတွင် ၂၀၀၃ ခုနှစ်မှ စ၍ နိုင်ငံတကာအဆင့်၌ စတင် ကစားခဲ့သည်။ သူသည် ယူအီးအက်ဖ်အေ ယူရို ၂၀၀၄ တွင် ကစားခဲ့ပြီး ၄ ဂိုးမျှ သွင်းခဲ့သည်။ ထိုပြိုင်ပွဲ၏ အသက်အငယ်ဆုံး ဂိုးသွင်းသူလည်း ဖြစ်လာခဲ့သည်။ သူသည် အင်္ဂလန်ဘောလုံးအသင်း အတွက် မကြာခဏ ရွေးချယ်ခံရလေ့ ရှိပြီ: ၂၀၀၆ ခုနှစ်နှင့် ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားတွင် ပါဝင် ကစားခွင့် ရရှိခဲ့သည်။ ရွန်နီသည် အင်္ဂလန်နိုင်ငံ၏ အကောင်းဆုံး ဘောလုံးသမား ဆုကို ၂၀၀၈ ခုနှစ် နှင့် ၂၀၀၉ ခုနှစ်တို့တွင် ရရှိခဲ့သည်။ ၂၀၁၁ မတ်လတွင် သူသည် နိုင်ငံတကာဖလား ၇၀ ခု ကို ရရှိခဲ့ဖူးပြီး နိုင်ငံတကာ ပြိုင်ပွဲများတွင် ဂိုးပေါင်း ၂၆ ဂိုးမျှ သွင်းခဲ့ပြီးဖြစ်သည်။ လက်ရှိတွင်ကစားသမားဘဝမှ အနားယူပြီးနောက် အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီ အသင်း၏နည်းပြအဖြစ်တာဝန်ယူ ကိုင်တွယ်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Wayne Rooney။ Manchester United F.C.။ 7 July 2011 တွင် ပြန်စစ်ပြီး။
  2. Legends-Official Manchester United Websitemanutd.com။ Manchester United FC။ 3 March 2009 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]