မာတိကာသို့ ခုန်သွားရန်

ဝိစိတ္တသာရ

ဝီကီပီးဒီးယား မှ
အရှင်ဝိစိတ္တသာရ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ကျောင်းတိုက်တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊
ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်
ရန်ကုန်တိုင်းဒေသကြီး
ပညာရေးတိပိဋကဓရ တိပိဋကကောဝိဒ
အခြားအမည်များဒီပဲယင်း တိပိဋကဆရာတော်
ရဟန်း အမည်ဝိစိတ္တသာရာ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးမြန်မာ / ဗမာ
မွေးဖွား (1974-05-15) ၁၅ မေ၊ ၁၉၇၄ (အသက် ၅၂)
ဂုဏ်ပြုခံရမှုများ

အရှင်ဝိစိတ္တသာရ (၁၅ မေ ၁၉၇၄ ဖွားမြင်) သည် (၁၈) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်တစ်ပါး ဖြစ်သည်။[]ဒီပဲယင်း တိပိဋကဆရာတော် အဖြစ်လည်း ထင်ရှားသည်။ (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲ တွင် အဘိဓမ္မပိဋက အဘိဓမ္မာ (ဒုတိယပိုင်း) နှစ်ကျမ်း ကို သဘောရေးဖြေဆို၍ အောင်မြင်တော်မူခဲ့သည်။ []

အရှင်ဝိစိတ္တသာရသည် စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ဒီပဲယင်းမြို့နယ်ဝန်းရံရွာ တွင် ခမည်းတော် ဦးဌေး+ မယ်တော် ဒေါ်ကြင်နီတို့မှ ၁၃၃၆ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၀)ရက်၊ဗုဒ္ဓဟူးနေ့ တွင် ဖွားမြင်ခဲ့သည်။ ည်။

ရဟန်းဘဝ

[ပြင်ဆင်ရန်]

၁၃၅၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၈)ရက်တွင် ရေဦးမြို့နယ်၊ တင်းတိန်ရံဈေး၊ ဓမ္မိကာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေသရိန္ဒာဘိဝံသကို ဥပဇ္ဈာယ်ပြုလျက် ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။

ပညာသင်ကြားမှုများ

[ပြင်ဆင်ရန်]

ဒီပဲယင်းမြို့နယ်၊ ဝန်းရံကျောင်း ငယ်ဆရာတော် ဘဒ္ဒန္တဇောတိက၊ အနန္တဂုဏ်ရည်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ၊ တောင်ငူမြို့ ဝိသုဒ္ဓါရုံ မြို့ထောင့်ကျောင်းဆရာတော်ဘဒ္ဒန္တဥတ္တမဝံသ၊မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်မဟာနာယကဆရာတော် ဘဒ္ဒန္တဩမာဝီရာဘိဝံသ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက စည်ရှင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ၊ မန္တလေးမြို့ ဓမ္မမာနိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမာနိတာဘိဝံသ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် အတုလဂုဏ်ရည်ကျောင်းဆရာတော် ဘဒ္ဒန္တ ဩဒါတသိရီဘိဝံသ၊ နောင်ချိုမြို့ ကတီပင်ကျောင်းဆရာတော် ဘဒ္ဒန္တ ဥတ္တမ၊ ရွှေပြည်သာမြို့နယ် သာဓုကန်ကျောင်းဆရာတော် ဘဒ္ဒန္တတေဇိန္ဒ၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်း ဆရာတော် ဘဒ္ဒန္တပညိန္ဒာဘိဝံသ၊ ရန်ကုန်မြို့ တိပိဋကမဟာဂန္ထဝင် နိကာယ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသနှင့် ပိဋကတ်နှစ်ပုံခွဲဆောင် ဘဒ္ဒန္တဩဘာသာဘိဝံသတို့ထံမှ ဗုဒ္ဓစာပေများအား သင်ကြားလေ့လာခဲ့သည်။

အောင်မြင်ခဲ့သည့် စာမေးပွဲများ

[ပြင်ဆင်ရန်]

သာသနဓဇဓမ္မာစရိယဘွဲ့၊ ဝိနယဝိဒူဘွဲ့၊ ဒီဃနိကာယဝိဒူဘွဲ့၊ မဇ္ဈိမနိကာယဝိဒူဘွဲ့၊ အဘိဓမ္မဝိဒူ ဘွဲ့ (၁) အဘိဓမ္မ ဝိဒူဘွဲ့ (၂) နိကာယ ဝုဓိ သမိတိ ဝိနယကောဝိဒဘွဲ့၊ နိကာယုဇ္ဇောတက ဓမ္မတ္ထဝိသာရဒ ဒီဃဘာဏကဘွဲ့၊ နိကာယုဇ္ဇောတက ဒီဃနိကာယ ဓမ္မာစရိယဘွဲ့၊ နိကာယုဇ္ဇောတကအတ္ထဝိသာရဒ မူလအာဘိဓမ္မိကဘွဲ့၊ နိကာ ယုဇ္ဇောတကမဇ္ဈိမဘာဂဓမ္မာစရိယဘွဲ့ နှင့် နိကာယုဇ္ဇောတက မဇ္ဈိမ အာဘိဓမ္မိက ဘာဏကဘွဲ့တို့ကို ဖြေဆိုအောင်မြင် ရရှိခဲ့သည်။

တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲတွင် နှင့်စပ်လျဉ်းပြီး ရရှိခဲ့သည့် ဘွဲ့များမှာအောက်ပါအတိုင်းဖြစ်သည်။

  1. ဥဘတောဝိဘင်္ဂဓရဘွဲ့ (၁၃၆၃ ခုနှစ် )
  2. ဝိနယဓရဘွဲ့(၁၃၆၅ ခုနှစ် )
  3. ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့(၁၃၆၇ ခုနှစ် )
  4. ဝိနယကောဝိဒဘွဲ့(၁၃၆၈ ခုနှစ် )
  5. ဒီဃဘာဏကဘွဲ့(၁၃၆၉ ခုနှစ် )
  6. ဒီဃ နိကာယကောဝိဒဘွဲ့(၁၃၇၁ ခုနှစ် )
  7. မူလအာဘိဓမ္မိကဘွဲ့(၁၃၇၂ ခုနှစ် )
  8. မူလအဘိဓမ္မကောဝိဒဘွဲ့(၁၃၇၄ ခုနှစ် )
  9. အာဘိဓမ္မိကဘွဲ့၊ တိပိဋကဓရ (၁၃၇၆ ခုနှစ် )
  10. အဘိဓမ္မကောဝိဒဘွဲ့တံဆိပ်တော် (၁၃၈၇ ခုနှစ်) တို့ ဖြစ်သည်။

(၁၈) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်

[ပြင်ဆင်ရန်]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာရေးဦးစီးဌာနသည် (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အာဂုံ/ ရေးဖြေစာမေးပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပခဲ့သည်။[]

အာဂုံပြန်ဆိုပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ ၃ ရက်ပြန် ၁ ရက်နား စနစ်ဖြင့် (၁၈)ရက်တိုင်တိုင် ကျင်းပပြုလုပ် ခဲ့ပြီး၊တိပိဋကဓရ တိပိဋကကောဝိဒ ရေးဖြေစာမေးပွဲ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ဆက်လက်ကျင်းပခဲ့သည်။

ဤတွင် အရှင်ဝိစိတ္တသာရသည် ( ၇၈ ) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင် အဘိဓမ္မပိဋက၊ အဘိဓမ္မာ (ဒုတိယ ပိုင်း)နှစ်ကျမ်း သဘောရေးဖြေကို ဖြေဆိုအောင်မြင်တော်မူသော ကြောင့် အဘိဓမ္မကောဝိဒဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ခံယူရရှိတော်မူခဲ့ပြီး (၁၈) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် တစ်ပါး ဖြစ်လာခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ (၁၈)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်(၁)ပါး ပေါ်ထွန်းတော်မူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၂၂ ဇန်နဝါရီ ၂၀၂၆)။ 22 January 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  2. တိပိဋကဓရ တိပိဋက​ကောဝိဒ ၁၈ ပါး​မြောက် ဆရာ​တော်တစ်ပါးထပ်မံ​ပေါ်ထွက်လာ Eleven Media Group (၂၂ ဇန်နဝါရီ ၂၀၂၆)။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို MYANMAR NATIONAL PORTAL (၁၅ ဇန်နဝါရီ ၂၀၂၆)။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  4. (၇၈)ကြိမ်မြောက်တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ(၁၈)ပါးမြောက်တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်မြတ်(၁)ပါး ပေါ်ထွန်းတော်မူခြင်း MWD Webportal (၂၃ ဇန်နဝါရီ ၂၀၂၆)။ ၂၃​ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။