ဝါးဘလောက်သောက်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဝါးဘလောက်သောက် - War Ba Lauk Thauk
ဝါးဘလောက်သောက် - War Ba Lauk Thauk သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဝါးဘလောက်သောက် - War Ba Lauk Thauk
ဝါးဘလောက်သောက် - War Ba Lauk Thauk
ဝါးဘလောက်သောက် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°31′00″N 96°10′15″E / 16.5167007446289°N 96.1708602905273°E / 16.5167007446289; 96.1708602905273ကိုဩဒိနိတ်: 16°31′00″N 96°10′15″E / 16.5167007446289°N 96.1708602905273°E / 16.5167007446289; 96.1708602905273
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး
ခရိုင်ရန်ကုန်တောင်ပိုင်းခရိုင်
မြို့နယ်ကော့မှူးမြို့နယ်
ကျေးရွာအုပ်စုဝါးဘလောက်သောက်[၁]
စာပို့သင်္ကေတ11353
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ဝါးဘလောက်သောက် သည် ရန်ကုန်တိုင်းဒေသကြီးရန်ကုန်တောင်ပိုင်းခရိုင်ကော့မှူးမြို့နယ်တွင် တည်ရှိသည့် စံပြကျေးရွာကြီးတစ်ရွာ ဖြစ်သည်။ ဒလမြို့နယ်မှ ၂၁ မိုင်နှင့် ကော့မှူးမြို့မှ ၉ မိုင်အကွာတွင် တည်ရှိသည်။ ရွာတွင် ဆေးရုံ၊ ဆေးခန်း၊ စာကြည့်တိုက်၊ ဈေး၊ ရဲစခန်းနှင့် အထက်တန်းကျောင်း၊ မူလတန်းကျောင်းများ တည်ရှိသည်။ ကျေးရွာရပ်ကွက် ၁၂ ခုနှင့် အိမ်ခြေ ၁၀၀၀ ကျော် ရှိသည်။

သမိုင်းကြောင်းသုံးသပ်ချက်[ပြင်ဆင်ရန်]

ဝါးဘလောက်သောက်စံပြကျေးရွာ သည် ရန်ကုန်မြို့ တောင်ဘက် မိုင်၂၀ ကျော်ခန့်အကွာတွင်တည်ရှိပါသည်။ လွန်ခဲ့သော နှစ်ပေါင်း၁၅၀ ကျော်ခန့်က အိမ်ခြေ (၅၀) ခန့်ဖြင့် မွန်လူမျိုးများကကိုယ်ထူကိုယ်ထ စတင်တည်ထောင်ခဲ့ကြပြီး ဝါးဘလွတ်ဆွတ် (ဝါးဘလွတ်သွတ်) ဟုအမည်မှဲ့ခေါ်ခဲ့ကြသည်။ အဓိပ္ပါယ်မှာ ကောက်မှော်ရိုးများနဲ့ပြည့်နေသည့်ဒေသ ဟူ၍လေ့လာသုံးသပ်မိသည်။ ဝါးဘလောက်သောက်သည် ယခင်က ဝါးဘလောက်သောက်မြစ်ကမ်းဘေး​တွင်တည်ရှိပြီး သင်္ဘောဆိပ်ကမ်းများနှင့် ရောင်းဝယ်မှုအလွန်ထွန်းကားခဲ့သည်။ ယခုအခါ ဝါးဘလောက်သောက်မြစ် တိမ်ကောပျောက်ကွယ်သွားပြီး ကုန်းလမ်းခရီးကိုသာ အသုံးပြုနေကြပြီဖြစ်သည်။ ဝါးဘလောက်သောက်ကျေးရွာသည် ကျေးရွာ၏ဖွံ့ဖြိုးတိုးတက်မှုအရ 'ကော့မှူးအရှေ့ခြမ်းတိုက်နယ်ကျေးရွာအုပ်စု'အဖြစ် ပြောင်းလဲလာခဲ့ပြီး 'စံပြကျေးရွာကြီး' အဖြစ်လည်းတိုးတက်လာခဲ့ပြီဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011.