ဝါလပို၊ ဆာရောဗတ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
The Right Honourable
The Earl of Orford
KG KB PC
Retuched Painting of Robert Walpole.jpg
ယူကေ၏ ပထမဆုံးဝန်ကြီးချုပ်
တာဝန်သက်တမ်း
4 April 1721 – 11 February 1742
ဧကရာဇ် George I
George II
ယခင်လူ ဝန်ကြီးချုပ် စတင်
ဆက်ခံသူ The Earl of Wilmington
Chancellor of the Exchequer
တာဝန်သက်တမ်း
4 April 1727 – 12 February 1740
ယခင်လူ Sir John Pratt
ဆက်ခံသူ Samuel Sandys
တာဝန်သက်တမ်း
12 October 1715 – 15 April 1717
ယခင်လူ Sir Richard Onslow, Bt
ဆက်ခံသူ The Viscount Stanhope
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1676-08-26)၂၆ ဩဂုတ်၊ ၁၆၇၆
Houghton, Norfolk, အင်္ဂလန်နိုင်ငံ
ကွယ်လွန် ၁၈ မတ်၊ ၁၇၄၅(1745-03-18) (အသက် ၆၈)
St James's, Middlesex, Great Britain
လူမျိုး အင်္ဂလန်/ဗြိတိသျှ
နိုင်ငံရေးပါတီ Whig
ကြင်ဖော် Catherine (1700–37)
Maria (1738)
သားသမီး
မိခင်ကျောင်း King's College, Cambridge
ကျွမ်းကျင်မှု Statesman,
Scholar
ကိုးကွယ်သည့်ဘာသာ ခရစ်ယာန်
လက်မှတ်

ပထမ အောဖို့နယ်စားဘွဲ့ရ ဆာရောဗတ် ဝါလပိုသည် ဗြိတိန်နိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ်ဟူ၍ ခေါ်ဆိုထိုက်သော နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။ ၁၆၇၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် နောဖို့နယ်၊ ဟောင်တန်မြို့၌ ဖွားမြင်သည်။ အီတန်ကျောင်းနှင့် ကိမ်းဗရစ်တက္ကသိုလ်၊ ဘုရင့်ကောလိပ် ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက် ၁၇ဝ၁ ခုနှစ်၌ ဝှစ်ပါတီဝင် အမတ်အဖြစ်ဖြင့် ပါလီမန်သို့ ရွေးကောက်တင်မြေ|ာက်ခြင်းခံရသည်။ ၁၇ဝ၈ ခုနှစ်တွင် စစ်ဖက်ဆိုင်ရာ အတွင်းဝန်ရာထူး၌ အမှုထမ်းရသည်။ ထိုနောက် ဝှစ်ပါတီအာဏာကျဆင်းလာသဖြင့် ရာထူးမှ နုတ်ထွက်ရလေသည်။ ၁၇၁၂ ခုနှစ်တွင် ဝါလပိုသည် မိမိနှင့် နိုင်ငံရေးအတိုက်အခံ တို့က စာရိတ္တပျက်ပြားသည်ဟု စွပ်စွဲချက်ကြောင့် ပါလီမန်မှ ထုတ်ပယ် ခြင်းကို ခံရသည်သာမက လန်ဒန်ရဲတိုက်ကြီး၌ပင် ခေတ္တမျှ အကျဉ်းချထား ခြင်းကို ခံရလေသည်။ သို့ရာတွင် ၁၇၁၄ ခုနှစ်၌ ပါလီမန်အမတ် အဖြစ်တစ်ဖန် ရွေးကောက်တင်မြေ|ာက်ခြင်းခံရလေသည်။ ထိုနှစ်ထဲ၌ပင် ဝှစ်ပါတီကို လိုလားသော ပထမဂျော့ဘုရင် နန်းတက်လာလေသည်။ ၁၇၁၅ ခုနှစ်မှ ၁၇၁၇ ခုနှစ် အထိ ဝါလပိုသည် ဘဏ္ဍာရေးနှင့် ရွှေတိုက်စိုး ဝန်ကြီးအဖြစ် အမှုထမ်းသည်။ သူသည် နိုင်ငံရေးထက် ဘဏ္ဍာရေးကိစ္စများ၌ ပို၍ကျွမ်းကျင်လေသည်။ ထို့ကြောင့် ၁၇၂၁ ခုနှစ်တွင် ဆောက်ဆီးကုမ္ပဏီအရေး ပေါ်ပေါက်လာသည့်အခါ၌ တိုင်းပြည်၏ ဘဏ္ဍာ ရေးအခြေအနေကို ထိန်းသိမ်းပေးရန် ဝါလပိုအား ဘဏ္ဍာရေးဝန်ကြီးအဖြစ် တစ်ဖန် ခန့်အပ်လေသည်။ ယင်းကုမ္ပဏီကို ၁၇၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ရာ တိုင်းသူပြည်သားအများတို့သည် အမြတ်အစွန်း မြောက်မြားစွာ ထွက်ပေါ်လာမည်အထင်ဖြင့် အစုများဝယ်၍ ငွေရင်းမြှုပ်နှံခဲ့ ကြသည်။ နောက်ဆုံး၌ ကုမ္ပဏီပျက်၍ အစုရှင်များ ငွေကြေးဆုံးရှုံးနစ်နာကြ ရလေသည်။ ဝါလပိုသည်လည်း တိုင်းပြည်တွင် ထိုကိစ္စကြောင့် ကျရောက် အံ့သော စီးပွားရေးအခြေပျက်ခြင်းကို ကာကွယ်နိုင်သဖြင့် ထင်ရှားလာလေ သည်။ ထိုသို့ ဖြစ်သောကြောင့် ဝါလပိုသည် ၁၇၂၁ ခုနှစ်မှ ၁၇၄၂ ခုနှစ်အထိ ထိုရာထူး၌ တည်မြဲလျက် ပထမဂျော့ဘုရင် လက်ထက်၌လည်း ကောင်း၊ ဒုတိယ ဂျော့ဘုရင် လက်ထက်၌လည်းကောင်း ညာလက်ရုံးသဖွယ် အားကိုးရသော နိုင်ငံရေးခေါင်းဆောင်ဖြစ်ခဲ့လေသည်။ သူ၏ဝါဒမှာ နိုင်ငံ၏ ကြီးပွားရေးအတွက် ကူးသန်းရောင်းဝယ်ရေးကို အားပေးခြင်းပင်ဖြစ်သည်။ ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးရန်အတွက်မှာလည်း တိုင်းပြည်၌ ဘဏ္ဍာရေး အခြေခိုင်ရမည့်ပြင် နိုင်ငံအချင်းချင်း ငြိမ်းချမ်းသာယာမှု ရှိရမည်ဟူ၍ ဖြစ်သည်။ ဝါလပိုသည် ပြည်တွင်း ပြည်ပတို့တွင် ငြိမ်းချမ်းမှုရှိရန် ကြိုးစား ဆောင်ရွက်ခဲ့သော်လည်း ၁၇၃၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံသည် စပိန်နိုင်ငံနှင့် စစ်ဖြစ်ပွားခဲ့ရလေသည်။ ဝါလပိုသည် စစ်ဖက်ဆိုင်ရာဝန်ကြီးအဖြစ် အမှုထမ်းရပြီးနောက် ၁၇၄၂ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်လေသည်။ ထိုနှစ်၌ပင် ဘုရင် ဝါလပိုလအား အောဖို့နယ်စားဘွဲ့ဖြင့် သူကောင်းပြု ချီးမြှင့် ခဲ့သည်။ ဆာ ရောဗတ် ဝါလပိုသည် ဝန်ကြီးချုပ် ဟူသော ရာထူးဘွဲ့ကို မခံယူခဲ့ရသော်လည်း ဝန်ကြီးချုပ်တစ်ဦးကဲ့သို့ပင် ဗြိတိန်နိုင်ငံကို ၁ဝ နှစ်ကျော်မျှ အုပ်ချုပ်ခဲ့ပြီးနောက် ၁၇၄၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)