ဝလုံး (ကာတွန်း)

ဝီကီပီးဒီးယား မှ

ကာတွန်း ဝလုံး၏ အမည်ရင်းမှာ ရဲမာန်ဖြစ်သည်။ ကာတွန်း ဝလုံးကို ၁၉၇၅ ခုနှစ် မေလ(၂၈)ရက်နေ့တွင် အဖ ဦးတင်ဝင်းနှင့် အမိ ဒေါ်မာလာတို့မှ ရန်ကုန်တိုင်းဒေသကြီးတွင် မွေးဖွားခဲ့သည်။ ၂၀⁠၀၀ ခုနှစ်တွင် ယဉ်ကျေးမှုတက္ကသိုလ်ကို ရန်ကုန်မြို့တွင် တက်ရောက်ခဲ့သည်။

၁၉⁠၉၈ ခုနှစ် ဒီဇင်ဘာလမှစပြီး ဝလုံးဆိုသည့် ကလောင်အမည်ဖြင့် ပလုတ်တုတ်ကလေးဂျာနယ်တွင် ကာတွန်းများ စတင်ရေးဆွဲခြင်းဖြင့် ကာတွန်းလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ ထင်ရှားသော ကာတွန်းဇာတ်ကောင်မှာ ဇော်ဂျီကလေး ကြယ်နီ ဖြစ်သည်။ ကာတွန်း ဝလုံးသည် ပန်းချီ၊ ဒီဇိုင်း၊ ကာတွန်း အလုပ်များကို လုပ်ကိုင်လျက်ရှိသည်။

တစ်ကိုယ်တော်ပန်းချီပြပွဲသုံးကြိမ် ပြသခဲ့သည်။ ၂၀၁၃ခုနှစ်တွင် Fantisia ပန်းချီပြပွဲ၊ ၂၀၁၄ခုနှစ်တွင် I am Musical Legend ပန်းချီပြပွဲ နှင့် ၂၀၁၅ခုနှစ် တွင် A Burmese Legend ပန်းချီပြပွဲတို့ ဖြစ်သည်။ အုပ်စုပြပွဲပေါင်း ၃၀ကျော် တွင်လည်း ပါဝင်ပြသခဲ့ဖူးသည်။

ကိုးကား[ပြင်ဆင်ရန်]