မာတိကာသို့ ခုန်သွားရန်

ဝတ်ဖရာကဲ

ဝီကီပီးဒီးယား မှ
ဝတ်ဖရာကဲ
วัดพระแก้ว
တော်ဝင်နန်းတော်ဝင်၌ မြင်တွေ့ရသော ဝတ်ဖရာကဲကျောင်းတော်
ဝတ်ဖရာကဲ သည် ဘန်ကောက်မြို့ တွင် တည်ရှိသည်
ဝတ်ဖရာကဲ
Location within Bangkok
အချက်အလက်များ
ကိုဩဒိနိတ်13°45′5″N 100°29′33″E / 13.75139°N 100.49250°E / 13.75139; 100.49250ကိုဩဒိနိတ်: 13°45′5″N 100°29′33″E / 13.75139°N 100.49250°E / 13.75139; 100.49250
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံဖရာနခွန်မြို့နယ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ
ဗိသုကာ
တည်ထောင်သူရာမ ၁ ဘုရင်
ပြီးစီး၁၇၈၄ ခုနှစ်

ဝတ်ဖရာကဲ (ထိုင်း: วัดพระแก้ว, RTGSWat Phra Kaeo, အသံထွက် [wát.pʰráʔ.kɛ̂ːw] ( )) သည် ထိုင်းနိုင်ငံတွင် တည်ရှိသည့် ဗုဒ္ဓဘာသာ ဝတ်ကျောင်းတော်တစ်ခု ဖြစ်သည်။ ဤကျောင်းတော်ကို "မြဘုရားကျောင်းတော်" သို့မဟုတ် တရားဝင် နာမည်ဖြစ်သော "ဝတ်ဘုရားသီရိရတနသတ္ထာရာမ - Wat Phra Si Rattana Satsadaram" ဟု အများသိကြသည်။[မှတ်စု ၁] ကျောင်းတော်တွင် အဆောက်အဦများစွာ ပါဝင်ဖွဲ့စည်းထားသည်။ ၎င်းကျောင်းတော်သည်ထိုင်းနိုင်ငံ၏ သမိုင်းဝင်နေရာဖြစ်သည့် တော်ဝင်နန်းတော်တွင် တည်ရှိသည်။ ၎င်းနေရာတွင် မြဘုရားဗုဒ္ဓရုပ်ပွားတော်သည် သီတင်းသုံးတော်မူလျက်ရှိသည်။

ကျောင်းတော်ကို ၁၇၈၃ ခုနှစ်တွင် ဘုရင်ရာမ ၁ ၏ အမိန့်ဖြင့် စတင်တည်ဆောက်ခဲ့သည်။ ဘုရင်ရာမ ၁ သည် စကြီမင်းဆက်၏ ပထမဆုံးမင်း ဖြစ်သည်။ ထို့နောက်တွင် နောက်ပိုင်းဆက်ခံသည့်မင်းများသည် ပုဂ္ဂိုလ်ရေးအရ ကျောင်းတော်တွင် ထပ်မံတည်ဆောက်မှုများ၊ ပြင်ဆင်မှုများနှင့် အလှဆင်မှုများ ပြုလုပ်ခဲ့ကြသည်။

ကျောင်းတော်တွင် အရေးကြီးသည့် နိုင်ငံအဆင့်နှင့် တော်ဝင်အခမ်းအနားများကို ကျင်းပကြသည်။ ထိုအခမ်းအနားများတွင် ဘုရင်က အကြီးအကဲပုဂ္ဂိုလ်ဖြစ်ကာ အစိုးရအရာရှိများ တက်ရောက်ကြသည်။ ဤကျောင်းတော်သည် နိုင်ငံတော်၏ ကျောင်းတော်တစ်ခုဖြစပြီး ဝတ်ပြုဆုတောင်းရာနေရာတစ်ခုလည်း ဖြစ်သည်။

ကျောင်းတော်ဝင်းထဲတွင် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် တည်ဆောက်ထားသည့် ဘာသာရေးအဆောက်အဦး များစွာ ရှိကြသည်။ ၎င်းတို့သည်လည်း ထိုင်းဗိသုကာပုံစံများဖြင့် တည်ဆောက်ထားကာ ထိုင်းဓလေ့ထုံးစံ ဘာသာရေးဗိသုကာလက်ရာများဖြင့် အလှဆင်ထားသည်ကိုလည်း တွေ့ရသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
King Rama I founded the Chakri dynasty in 1782; he began construction of the Wat Phra Kaew a year later.

ဝတ်ပြုခန်း

[ပြင်ဆင်ရန်]

အပြင်ဘက်ပိုင်း

[ပြင်ဆင်ရန်]

အတွင်းဘက်ပိုင်း

[ပြင်ဆင်ရန်]

မြဘုရား

[ပြင်ဆင်ရန်]

ဗုဒ္ဓရုပ်ပွားတော်ခန်းမ

[ပြင်ဆင်ရန်]

ကျောင်းတော်ငယ်

[ပြင်ဆင်ရန်]

မှတ်စု

[ပြင်ဆင်ရန်]
  1. วัดพระศรีรัตนศาสดาราม, IPA: [wát.pʰráʔ.sǐː.rát.ta.náʔ.sàːt.sa.daː.raːm])

ကိုးကား

[ပြင်ဆင်ရန်]