မာတိကာသို့ ခုန်သွားရန်

ဝဇိရကိတ္တိယာဘာ

ဝီကီပီးဒီးယား မှ
ဝဇိရကိတ္တိယာဘာ
ရာဇစာရိနီ သီရိဝဇိရမင်းသမီး
ဝဇိရကိတ္တိယာဘာ (၂၀၁၃)
ဩစတြီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး
တာဝန်သက်တမ်း
4 September 2012  1 October 2014
အဆိုပြုသူယင်လပ် ရှင်နာဝပ်
ဝန်ကြီးချုပ်ယင်လပ် ရှင်နာဝပ်
ယခင်လူSomsak Suriyawong
ဆက်ခံသူAttayut Srisamut
မွေးဖွား(1978-12-07)၇ ဒီဇင်ဘာ၊ ၁၉၇၈
ဘန်ကောက်မြို့
ကွယ်လွန်၁၁ ဇွန်၊ ၂၀၂၆(2026-06-11) (အသက် ၄၇)
ချူလာလောင်းကွန်းဆေးရုံ၊ ဘန်ကောက်မြို့
အမည် အပြည့်အစုံ
ဝဇိရကိတ္တိယာဘာ နရိန္ဒြာ ဒေဝရဝတီ
စံအိမ်မဟိတလ
မင်းဆက်စကြီမင်းဆက်
ခမည်းတော်မဟာဝဇိရာလင်္ကရဏ (ရာမ ၁၀)
မယ်တော်Soamsawali Kitiyakara
ကိုးကွယ်မှုထေရဝါဒ
အလုပ်အကိုင်
  • Ambassador
  • attorney
လက်မှတ်

ဝဇိရကိတ္တိယာဘာ နရိန္ဒြာဒေဝရဝတီ၊ ရာဇစာရိနီ သီရိဝဇိရမင်းသမီး[မှတ်စု ၁] (၇ ဒီဇင်ဘာ ၁၉၇၈ - ၁၁ ဇွန် ၂၀၂၆) သည် ထိုင်းတော်ဝင်မင်းသမီးတစ်ပါးဖြစ်ပြီး၊ သံအမတ်ကြီးလည်း ဖြစ်သည်။ မင်းသမီး ဘာ [] သို့မဟုတ် ပက်တီ [] ဟုလည်း လူသိများသည်။

မင်းသမီးသည် ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဗလအတုလျတေဇနှင့် မိဖုရား သီရိခေတ်တို့၏ ပထမဆုံး မြေးတော်ဖြစ်ပြီး ၎င်း၏ ထိုင်းဘုရင်မင်းမြတ် ဝချီရာလောင်ကွန်း၏ သားသမီးခုနစ်ပါးတွင် ပထမဇနီးဖြစ်သူ ဆွမ်ဆဝါလီမင်းသမီးမှ မွေးဖွားသော တစ်ဦးတည်းသော သမီးတော်ဖြစ်သည်။

မင်းသမီး ဘာ သည် ခမည်းတော် ဘုရင်ဝချီရာလောင်ကွန်း ၏ အရိုက်အရာကို ဆက်ခံ၍ ဘုရင်မအဖြစ် သော်လည်းကောင်း၊ သို့မဟုတ် သူမ၏ အငယ်ဆုံးမောင်တော် မင်းသားဒီပင်္ကရ ရံသိဇောတိအတွက် ဘုရင်ခံအဖြစ် သော်လည်းကောင်း နန်းတက်လိမ့်မည်ဟု အများက အလေးအနက် ခန့်မှန်းတွေးဆခဲ့ကြသည်။[]

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မင်းသမီးသည် ခွေးလေးများကို လမ်းလျှောက်ခေါ်သွားစဉ် နှလုံးရောဂါအခြေအနေကြောင့် သတိလစ်လဲကျသွားခဲ့သည်။ သုံးနှစ်ခွဲကြာ သတိမေ့မြော (coma) နေခဲ့ပြီးနောက် နောက်ဆက်တွဲ ဝေဒနာများကြောင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ မင်းသမီးသည် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံရန် အလားအလာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ရှုမြင်ခံခဲ့ရသူဖြစ်သောကြောင့် သူမ၏ ကွယ်လွန်မှုသည် ထိုင်းထီးနန်းဆက်ခံရေး အစီအစဉ်အတွက် မရေရာမသေချာမှုများကို ဖြစ်ပေါ်စေခဲ့သည်။[]

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် မင်းသမီးဝဇိရကိတ္တိယာဘာသည် ဇွန်လ ၁၁ ရက်နေ့၊ ညနေ ၇ နာရီ ၄၈ မိနစ်တွင် နတ်ရွာစံကံတော်ကုန် သွားကြောင်း ထိုင်းတော်ဝင်နန်းတော်က ထုတ်ပြန်ကြေညာခဲ့သည်။[]

မှတ်စု

[ပြင်ဆင်ရန်]
  1. ထိုင်း: พัชรกิติยาภา นเรนทิราเทพยวดี, ထိုင်းအသံထွက် - ဖက်ချာရကီတီယာဘာ နရိဒြာထေ့ဖရဝဒီ, RTGS: Phatchara Kitiyapha Narenthira Thepphayawadi

ကိုးကား

[ပြင်ဆင်ရန်]
  1. Kelliher၊ Fiona (20 December 2022)။ Who is Princess Bha? Thailand's presumed royal heir is lying in hospital 7 December 2023 တွင် ပြန်စစ်ပြီး။
  2. Commencement 2005: Cell phones, cameras, congratulations, challenges and a princess (29 May 2005)။ 14 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2011 တွင် ပြန်စစ်ပြီး။
  3. Princess Bha, Seen by Some as Heir to Thai Throne, Dies at 47 The New York Times (12 June 2026)။ 12 June 2026 တွင် ပြန်စစ်ပြီး။
  4. Thai Princess Bajrakitiyabha dies after more than three years in coma BBC (12 June 2026)။ 12 June 2026 တွင် ပြန်စစ်ပြီး။
  5. Thai Princess Bajrakitiyabha dies after more than three years in coma (in en-GB) (2026-06-12)။ 2026-06-12 တွင် ပြန်စစ်ပြီး။