ဝင်းဇားရွာ

ဝီကီပီးဒီးယား မှ
ဝင်းဇား
ဝင်းဇား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဝင်းဇား
ဝင်းဇား
ဝင်းဇား တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 20°27′15″N 93°16′54″E / 20.45428°N 93.28156°E / 20.45428; 93.28156
နိုင်ငံ မြန်မာ
ပြည်နယ် ရခိုင်ပြည်နယ်
ခရိုင်မြောက်ဦးခရိုင်
မြို့နယ်မင်းပြားမြို့နယ်
ကျေးရွာအုပ်စုဝင်းဇား[၁]

ဝင်းဇားရွာသည် ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် တွင်ပါဝင်သော ဝင်းဇားအုပ်စုဖြစ်သည်။ ဝင်းဇားရွာသည် မင်းပြားမြို့မြောက်ဘက်၏ ၆ မိုင် အကွာ၌ရှိပြီး လေးမြို့မြစ်ခွဲတစ်ခု၏ လက်ယာဘက်ကမ်း ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမအောက် ၁မိုင်အကွာတွင်တည်ရှိသည်။

ဝင်းဇားရွာသည် အရှေ့ဘက်တွင် ဆပ်ကျာရွာ နှင့်ကတီရွာလည်းကောင်း ၊အရှေ့ မြောက်ဘက်တွင် ကံဖေရွာ၊ အနောက်မြောက်ဘက်တွင် လောင်မီးရွာနှင့်လည်းကောင်း ၊ တောင်ဘက်တွင် င/ရမရွာ ၊ အနောက်ဘက်တွင် င/ပုကွရွာတို့နှင့်လည်းကောင်း ၊ နယ်နမိတ်ချင်းထိစပ်လျက်ရှိသည်။

ဝင်းဇားရွာသည် မြေဩဇာကောင်းမွန်ထက်သန်သော ကျောထောက်နောက်ခံနယ်ရှိသည်။ လယ်ယာစိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်သဖြင့် ဆန်စပါးထွက်သည်။ ကွမ်းသီးနှင့်အခြား ပန်းများ ရာသီပေါ် သီနှံစိုက်ခြင်းများကိုလည်း လုပ်ကိုင်ကြသည်။ ရွာ၏ ကူးသန်းသွားလာရေးမှာ ကုန်းလမ်းကို အဓိကအသုံးပြုရသည်။ ရေလမ်းဖြင့် လွယ်လွယ်ကူကူ သွားလာ၍မရပေ။

ဝင်းဇားရွာနာမည်၏ အဓိပ္ပာယ်မှာ မြောက်ဦးဘုရင် စန္ဒဝိဇယရာဇာ(ကျိန်းဒုံးညို)လက်ထက်တွင် မင်းမှူးထမ်းတဦးဖြစ်သော 'ဝင်းဇား'ဟုအမည်ရှိသော အမတ် တည်ထောင်ခဲ့သောရွာဖြစ်သည့်အတွက် 'ဝင်းဇား'ရွာဟုခေါ်သည်။ ဝင်းဇားရွာသည် ဧရိယာအားဖြင့် မကျယ်ဝန်းသော်လည်း ဖွဲ့စည်းထားပုံမှာ အလွန် စည်းစနစ်ကျလှသည်။ ရွာ၏အနေအထားသည် အရပ်လေးမျက်နှာ အလိုက်ပဲ အရှေ့အရပ်ကို ရှေ့လှည့်ပြီးတော့ အရှေ့ အနောက် တောင် မြောက် တည်ရှိနေသည်။ ရွာသည် အရှေ့အနောက် ဧရိယာ ကျဉ်း၍ တောင်နှင့်မြောက်ကို အလျားရှည်ရှည် ရှိနေသည်။

ဝင်းဇားရွာ၏အရှေ့ဘက်တွင် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမနှင့်လေးမြို့မြစ်ရှိသည်။ ရွာ၏ အနောက်ဘက်ဆုံးတွင် စိမ်းစိုနေသော ကွမ်းသီးခြင်း(တော)များရှိသည်။ ရွာထဲတွင် ဘုန်းကြီးကျောင်း နှစ်ကျောင်း ၊ အခြေခံပညာမူလတန်းကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၊များရှိသည်။ ဝင်းဇားရွာရှိ ရွာသူ/သားများသည် လယ်ယာစိုက်ပျိုးရေးနှင့် အဓိကအသက်မွေးဝမ်းကျောင်းပြုကြသည်။

ဝင်းဇားရွာ၏ထူးခြားချက်မှာ ကျေးရွာအတွင်း ရခိုင်ရိုးရာကျင်ပွဲ မကျင်းပရ။ ရွာရှင်မ သဘောမကျဟုဆိုသည်။ အကယ်၍ ကျင်းပခဲ့သော် ဖြစ်ရပ်ဆိုးတခုခုကြုံရမည် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011.