ဝခခုဆတောင်
| ဝခခုဆတောင် | |
|---|---|
| 若草山 | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၃၄၂ m (၁,၁၂၂ ft)[၁] |
| စာရင်းသွင်းခြင်း | Mountains of Japan |
| ကိုဩဒိနိတ် | 34°41′28″N 135°51′15″E / 34.69103°N 135.85419°Eကိုဩဒိနိတ်: 34°41′28″N 135°51′15″E / 34.69103°N 135.85419°E[၁] |
| အတိုင်းအတာများ | |
| ဧရိယာ | ၃၃ ha (၈၂ ဧက) |
| ပထဝီဝင် | |
| တည်နေရာ | Nara, Japan |
| ပင်မတောင်တန်း | တမ်းပလိတ်:Interlanguage link multi |
ဝခခုဆတောင် (若草山, Wakakusa-yama) သည် ဂျပန်နိုင်ငံ၊ နာရစီရင်စု၊ နာရမြို့တွင် ရှိသည့် တောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် နာရပန်းခြံ၏ အရှေ့ဘက်တွင် ရှိသည်။ တောင်အမည်မှာ "နုနယ်သည့် မြက်များ" ဟု အဓိပ္ပါယ်ရသည်။ တောင်သည် ဒီဇင်ဘာလ ၁၂ ရက်မှ မတ်လ ၁၇ ရက်နေ့အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။
နှစ်စဉ် ဇန်နဝါရီလ၏ လေးပတ်မြောက်စနေနေ့တွင် တောင်ရှိသေဆုံးခြောက်သွေ့နေသည့် မြက်များကို မီးရှို့ကာ "ယမယခိ" ပွဲတော် (山焼き, တောင်မီးရှို့ပွဲ) ကို ကျင်းပကြသည်။
ယမယခိပွဲတော်
[ပြင်ဆင်ရန်]ဇန်နဝါရီလ၏ လေးပတ်မြောက်စနေနေ့တွင် ဝခခုဆတောင်ရှိ သေဆုံးခြောက်သွေ့နေသည့် မြက်များကို မီးရှို့ကာ ပွဲတော်ကျင်းပကြသည်။ ဤပွဲတော်ကို "ယမယခိ" ဟု ခေါ်သည်။ "ယမယခိ" ၏ အဓိပ္ပါယ်မှာ "တောင်မီးရှို့ခြင်း" ဖြစ်သည်။ ဤပွဲတော်၏ မူလအစအနေဖြင့် ၁၇၆၀ ခုနှစ်တွင် တိုးဒိုင်းဂျိကျောင်းတော်နှင့် ခိုးဖုခုဂျိကျောင်းတို့၏ အကြားနယ်နိမိတ်အငြင်းပွားမှုမှ စတင်ခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုသည်လည်း အဆင်မပြေဖြစ်ခဲ့ကာ တောင်တစ်ခုလုံးသည် မီးဟုန်းဟုန်းတောက်လောက်ခဲ့သည်။ အခြားသော ရှင်းလင်းချက်တွင်မူ တောရိုင်းတောဝက်များနှင့် ကူးစက်တတ်သည့် ရောဂါပိုးမွှားများကို အမြစ်ပြတ်သုတ်သင်ရန် ရည်ရွယ်ကာ မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။ လက်ရှိကာလကျင်းပသည့် ပွဲတော်တွင် ကျောင်းတော်နှစ်ခုမှ ကိုယ်စားလှယ်များက ဖွင့်ပွဲမီးရှို့ခြင်းကို ပြုလုပ်ကြသည်။ ထို့နောက်တွင် မီးအလှပြသခြင်းများ ပြုလုပ်ကြသည်။ ပွဲတော်သည် စစ်ဖြစ်ပွားခဲ့စဉ်ကာလများနှင့် ရာသီဥတုကောင်းမွန်ခြင်းမရှိသည့် အချိန်များတွင် ခေတ္တရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်းများ ရှိခဲ့သည်။
ဝခခုဆတောင်၏ ယမယခိပွဲတော် မီးရှို့သည်ကို နာရမြို့နှင့် အခြားသော နာရမြစ်ဝှမ်းမြောက်ပိုင်းရှိ နေရာများစွာမှ မြင်နိုင်သည်။ ထို့အပြင် Aeon Mall Yamato-kōriyama အထပ်မြင့်အဆောက်အဦကားပါကင်နေရာ၊ ခရှိဟရမြို့၊ ဂိုဆဲမြို့ စသည့်နေရာများမှလည်း မြင်နိုင်သေးသည်။ တောင်စောင်းတွင် မီးစွဲလောင်နေသည်ကို ခွန်းဂိုးတောင်၊ အိခိုမတောင်၊ ဟိုးဇန်ဂျိကျောင်းတော်၊ တောင်အောက်ခြေရှိ ရောခန်လမ်း စသည်တို့မှ မြင်ရသည်။ အထင်ရှားဆုံးသော ကြည့်ရှုနိုင်သည့် နေရာများထဲတွင် နာရပန်းခြံ၏ အနီးအနားတွင် ရှိသည့် ခိုးဖုခုဂျိကျောင်းတော်ရှိ ငါးထပ်စေတီအဆောက်အဦ၊ ယခုရှိဂျိကျောင်းတော်အနီးရှိ အိုအိခဲရေကန်၊ ဟဲဂျောနန်းတော်တို့ ပါဝင်သည်။
ရုပ်ပုံ
[ပြင်ဆင်ရန်]- တောင်ပေါ်မှ မြင်ရသည့် နာရမြို့
- ညအချိန်ကာလမြင်ရသည့် နာရမြို့
- ဟဲဂျောနန်းတော်မှ မြင်ရပုံ (လက်ယာဘက်တွင် ခဆုဂတောင်ရှိသည်
- အိုအိခဲရေကန်မှ မြင်ရသည့် ယခုရှိဂျိတောင်နှင့် ဝခခုဆတောင်
- မြက်ခြောက်များ မီးလောင်နေချိန်ကို မီးပန်းများနှင့်အတူ မြင်ရပုံ
- မြက်များ မီးလောင်နေပုံ