ဝက်စ်လိုက်ဖ်

ဝီကီပီးဒီးယား မှ
Westlife
၂၀၁၁ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် Westlife အဖွဲ့သားများ ဖြေဖျော်စဉ်
ကိုယ်ရေး အချက်အလက်များ
မူလတိုင်းပြည်အိုင်ယာလန်
ဂီတဟန်ပေါ့ဂီတ
တက်ကြွသည့်နှစ်များ၁၉၉၈–၂၀၁၂
hiatus: 2008–09
တေးသံသွင်း ကုမ္ပဏီRCA Records, Syco Music, Sony Music Entertainment, Sony BMG
ပူးတွဲ ပါဝင်မှုDiana Ross, Mariah Carey, Boyzone, Ronan Keating, Donna Summer, 98 Degrees, One Direction
ဝက်ဘ်ဆိုက်westlife.com
အဖွဲ့ဝင်ဟောင်းများNicky Byrne
Kian Egan
Markus Feehily
Shane Filan
Brian McFadden

ဝက်စ်လိုက်ဖ် (အင်္ဂလိပ်: Westlife)သည် အိုင်းရစ်လူမျိုး အဆိုတော်အဖွဲ့ဖြစ်ပြီး ၁၉၉၈ တွင် စတင်ခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ Westlife အဖွဲ့သည် ကမ္ဘာတစ်ဝန်းသို့ စတူဒီယို အလ်ဘမ် singles ခွေများ ၅၀ မီလီယံကျော် ရောင်းချခဲ့ရသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဝက်စ်လိုက်ဖ် အဖွဲ့ကို ၁၉၉၈ ခုနှစ်တွင် X-factor ၏ဒိုင်ဖြစ်သူ Simon Cowell က Westside အဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်း အခြားနာမည်တူ အဖွဲ့တစ်ဖွဲ့ ရှိနှင့်ပြီးဖြစ်သောကြောင့် Westlife ဟု ပြောင်းလဲခဲ့သည်။ ဝက်စ်လိုက်ဖ်အဖွဲ့သည် Irish Boy Band တစ်ခုဖြစ်ပြီး မူလဒေသမှာ အိုင်ယာလန်နိုင်ငံ ဆလင်းဂို့ရှ်မြို့ ဖြစ်သည်။ အဖွဲ့ဝင် ငါးဦးပါဝင်ပြီး Nicky Byrne, Kian Egan, Mark Feehily ,Shane Filan, Brian McFadden တို့ဖြစ်သည်။

ဝက်စ်လိုက်ဖ် အဖွဲ့သည် Backstreet Boys နှင့် Boyzone အဖွဲ့များ၏ရှိုးပွဲများတွင် ပါဝင်သီဆိုရာမှ နာမည်ရလာခဲ့ကာ ၁၉၉၉ ခုနှစ် နိုဝင်ဘာလတွင် ပထမဆုံးအယ်လ်ဘမ် Westlife ကို စတင်ဖြန့်ချိခဲ့ရာ ယူကေတွင် နံပါတ် ၂ နေရာသို့ ရောက်ရှိခဲ့သည်။

Westlife (၁၉၉၉)၊ Coast to Coast (၂၀၀၀)၊ World of Our Own (၂၀၀၁)၊ Turnaround (၂၀၀၃) အယ်လ်ဘမ် လေးခု ထုတ်ဝေပြီးချိန်တွင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ Brian McFadden က အဖွဲ့မှ နုတ်ထွက်သွားခဲ့သည်။ ယင်းနောက် ကျန်လေးဦးဖြင့် နောက်ထပ် အယ်လ်ဘမ် ခြောက်ခုကို ဆက်လက်ထုတ်ဝေခဲ့သည်။ Allow Us to Be Frank (၂၀၀၄)၊ Face to Face (၂၀၀၅)၊ The Love Album (၂၀၀၆)၊ Back Home (၂၀၀၇)၊ Where We Are (၂၀၀၉) နှင့် Gravity (၂၀၁၀) တို့ ဖြစ်သည်။

အခွေအားလုံး သန်းချီ ရောင်းချနိုင်ခဲ့ပြီး အအောင်မြင်ဆုံး Album များမှာ Westlife (၁၉၉၉)၊ Coast to Coast (၂၀၀၀)၊ World of Our Own (၂၀၀၁) နှင့် Allow Us to Be Frank (၂၀၀၄) တို့ ဖြစ်သည်။ အဖွဲ့၏ သီချင်းများမှာ Billboard Hot 100 တွင် အနည်းငယ်သာ ပါဝင်နိုင်ခဲ့သည်။ သူတို့၏သီချင်းတချို့ UK Top 1 ချိတ်နိုင်ခဲ့ပြီး Album များသည်လည်း Top list တွင် ပါဝင်ခဲ့သည်။ ၂၀၁၂ တွင် Official Chart Company မှ ဗြိတိသျှနိုင်ငံ၌ ၃၄ ခုမြောက် အရောင်းရဆုံး အဆိုတော်များစာရင်းအဖြစ် မှတ်တမ်းတင်ခဲ့သည်။[၂] ကမ္ဘာအနှံ့ သူတို့ အောင်မြင်သော်လည်း အမေရိကန် Billboard charts တွင်မူ ဘယ်တုန်းကမှ မထိုးဖောက်နိုင်ခဲ့ပေ။ ၂၀၀၀ ခုနှစ်တွင် "Swear It Again" သီချင်းတစ်ပုဒ်သာ အောင်မြင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Nathan Kay။ "EXCLUSIVE: Westlife Interview"၊ Ahlan Live၊ 11 April 2011။ 
  2. Official Singles Charts' biggest selling artists of all time revealed။ Officialcharts.com။ 6 April 2014 တွင် ပြန်စစ်ပြီး။