မာတိကာသို့ ခုန်သွားရန်

လှိုင်သာယာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

ဝီကီပီးဒီးယား မှ
လှိုင်သာယာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု
၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရခြင်း နှင့် မြန်မာနိုင်ငံ ဆန္ဒပြမှုများ (၂၀၂၁-လက်ရှိ) ၏ တစ်စိတ်တစ်ပိုင်း
ဖြစ်ပွားရာနေရာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဖြစ်ပွားရာနေရာ
ဖြစ်ပွားရာနေရာ
ဖြစ်ပွားရာနေရာ (မြန်မာနိုင်ငံ)
နေရာလှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ကိုဩဒိနိတ်16°52′40″N 96°04′33″E / 16.87778°N 96.07583°E / 16.87778; 96.07583ကိုဩဒိနိတ်: 16°52′40″N 96°04′33″E / 16.87778°N 96.07583°E / 16.87778; 96.07583
ရက်စွဲ၁၄ မတ် ၂၀၂၁
သေဆုံးသူဦးရေအရပ်သား ၆၅ ဦးကျော်[၁]
ပြစ်မှုကျူးလွန်သူများ
စွဲချက်များမရှိ

လှိုင်သာယာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု သည် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်သည်။ ဖြစ်စဉ်အတွင်း တပ်မတော် (ကြည်း) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် အရပ်သား အနည်းဆုံး ၆၅ ဦးအား သတ်ဖြတ်ခဲ့ကြသည်။[၂] ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရပြီးနောက် အသေအပျောက်အများဆုံးသော ဖြစ်ရပ်ဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် အရပ်သားများအား စစ်တပ်က ပြင်းထန်စွာ အကြမ်းဖက်ခြင်းတစ်ခုအဖြစ် မှတ်သားခဲ့သည်။[၃][၄][၂] အကြမ်းဖက် ဖြိုခွင်းမှုတွင် နိုင်ငံတွင်း အဓိက စက်ရုံအလုပ်ရုံအများအပြား တည်ရှိရာဖြစ်သည့် လှိုင်သာယာမှ စက်ရုံအလုပ်သမားများ၊ ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းများ အစုလိုက် အပြုံလိုက် ထွက်ခွာသွားစေခဲ့သည်။[၅][၆]

နောက်ခံ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းမှု ပြုလုပ်ခဲ့သည်။ မကြာမီ တပ်မတော်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံအဝှန်းရှိ ပြည်သူတို့သည် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

မတ်လအစောပိုင်းတွင် ကြီးမားသော ဆန္ဒပြမှုများကို လှိုင်သာယာတွင် စတင်ခဲ့သည်။[၇] အထည်ချုပ်စက်ရုံ ၈၅၀ ကျော်ရှိသည့် လှိုင်သာယာမြို့နယ်တွင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများကြောင့် ဆန္ဒပြပွဲများမှာ ကြီးမားခဲ့သည်။[၈][၇][၉][၁၀] အဆိုပါမြို့နယ်သည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် အိုးအိမ်မဲ့ဖြစ်ခဲ့ကြသော ဧရာဝတီတိုင်း ဒေသကြီးမှ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူ အများအပြား နေထိုင်ရာ မြို့နယ်ဖြစ်သည်။[၁၁]

ဖြစ်စဉ်

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့ အရုဏ်တက်ချိန်တွင် လှိုင်သာယာမှ ဆန္ဒပြသူများသည် ထိုင်သပိတ်ပြုလုပ်ရန်အတွက် လှိုင်မြစ်ကမ်းနားလမ်းတလျောက် ဘတ်စ်ကားမှတ်တိုင်များတွင် ကွန်ကရစ်တုံးများ၊ ဝါးများ၊ သဲအိတ်များဖြင့် အတားအဆီးများ ပြုလုပ်ခဲ့ကြသည်။[၇][၁၂] နံနက် ၇ နာရီဝန်းကျင်တွင် အမျိုးသမီး ၅၀ ခန့် ရောက်ရှိလာပြီး ဆန္ဒပြသူများအတွက် ပရိတ်များ ရွတ်ဖတ်ပေးခဲ့ကြသည်။[၁၃] နံနက် ၉ နာရီခွဲခန့်တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုရုံးရောက်ရှိလာခဲ့သည်။[၁၄][၁၃]

နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်သား ၂၀၀ ခန့်ပါဝင်သော စစ်ယာဉ်တန်းသည် ဘုရင့်နောင်တံတားပေါ်မှတဆင့် အတားအဆီးများကို ဖြတ်ကာ ရောက်ရှိလာခဲ့ပြီး ဆန္ဒပြသူများအား လူစုကွဲစေရန် ပြုလုပ်ခဲ့သည်။[၁၃][၇] ၁၁ နာရီအချိန်တွင် စစ်သားများနှင့် ရဲများက ဆန္ဒပြသူများအား နှစ်ဖက်စလုံးမှ ချီတက်လာကာ ကျည်အစစ်များဖြင့် ပစ်ခတ်ခဲ့သည်။[၇] လုံခြုံရေးအဖွဲ့ဝင်များနှင့် စနိုက်ပါသမားများသည် အောင်ဇေယျတံတားပေါ်မှနေ၍ စေတနာ့ဝန်ထမ်း ဆေးအကူများနှင့် လူနာတင်ယာဉ်အလုပ်သမားများအပါအဝင် အရပ်သားများအား ပစ်ခတ်ခဲ့သည်။[၇]

အစုအပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားပြီးလျင်ပြီးခြင်း အနည်းဆုံး ၂၀ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း က ထုတ်ပြန်ခဲ့သည်။[၁၅] နေ့လယ်ပိုင်းတွင် သေဆုံးသူအရေအတွက်မှာ ၅၈ ဦးအထိ ရှိလာခဲ့သည်။[၁၂] လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ၂၀၂၁ ဒီဇင်ဘာတွင် ထုတ်ပြန်သော အစီရင်ခံစာအရ အသက် ၁၇ မှ ၇၈ နှစ်အကြားအသက်အရွယ်ရှိ လူအနည်းဆုံး ၆၅ ဦးသေဆုံးခဲ့သည်။[၁၆][၄] သေဆုံးသူအများစုကို အနီးရှိ ထိန်ပင်သုသာန်တွင် မြှုပ်နှံခဲ့သည်။[၁၇] လုံခြုံရေးအဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုကို မသိရှိရပေ။[၇]

ကျူးလွန်သူများ

[ပြင်ဆင်ရန်]

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအား ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ဦးစီးသော တပ်မတော် (ကြည်း)မှ လုံခြုံရေးအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲချုပ် မျိုးမင်းထိုက် ဦးစီးသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ခဲ့သည်။[၇] ဆန္ဒပြဖြိုခွင်းမှုတွင် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ လုံထိန်းတပ်သားများလည်း ပါဝင်ခဲ့သည်။[၃][၇]

နောက်ဆက်တွဲ

[ပြင်ဆင်ရန်]

အခြေအနေ မတည်ငြိမ်မှုများဖြင့် လှိုင်သာယာမြို့နယ်တွင်းရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံ အနည်းဆုံး ၃၂ ခု မီးရှို့ခံခဲ့ရပြီး အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် ဆုံးရှုံးခဲ့သည်။[၁၈][၁၉] သတ်ဖြတ်မှုဖြစ်ပွားပြီးနောက် မြို့နယ်အတွင်း အဓိကနေရာများတွင် လုံခြုံရေးအင်အား အများအပြားကို ချထားခဲ့သည်။[၂၀] မတ်လ ၁၇ ရက်နေ့တွင် လှိုင်သာယာရှိ တရုတ်နိုင်ငံသားပိုင် ဖိနပ်စက်ရုံတွင် လုပ်ခလစာ အငြင်းပွားမှုဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့ဝင်များက အလုပ်သမား အနည်းဆုံး ၆ ဦးအား သတ်ဖြတ်ခဲ့ပြီး အခြား အလုပ်သမား ၇၀ ကျော်အား ဖမ်းဆီးခဲ့သည်။[၂၁] ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမားများသည် မြို့အားစွန့်ခွာကာ မိမိတို့၏ နေရပ်များဆီသို့ ပြန်သွားခဲ့ကြသည်။[၁၇][၂၀] ၂၀၂၁ စက်တင်ဘာလအထိ လှိုင်သာယာ စက်မှုဇုန်ဧရိယာများဖြစ်သော လှိုင်သာယာ၊ ရွှေလင်ဗန်းနှင့် ရွှေသန်လျင်တို့ရှိ စက်ရုံအနည်းဆုံး ၇၃ ခုအထိ ပိတ်သိမ်းခဲ့ရာ အလုပ်သမား ၂၀,၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။[၂၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Myanmar: Protesters Targeted in March Massacre | Human Rights Watch (in en) (2021-12-02)။ 2024-04-19 တွင် ပြန်စစ်ပြီး။
  2. 1 2 A Year On, No Justice for Myanmar Massacre (in en) (14 March 2022)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  3. 1 2 Violence Against Protestors at Hlaing Tharyar (in en) (14 March 2022)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  4. 1 2 Myanmar Junta's Worst Massacres of 2021 (in en-US) (30 December 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  5. ↑ "Revolutionary roads: how the army tried to crush Yangon's most anti-coup district" (in en-GB)၊ The Guardian၊ 6 February 2022။
  6. ↑ Harding၊ Luke။ "Myanmar army imposes martial law in two cities as more protesters killed" (in en-GB)၊ The Guardian၊ 15 March 2021။
  7. 1 2 3 4 5 6 7 8 9 Myanmar: Protesters Targeted in March Massacre (in en) (2 December 2021)။ 21 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2023 တွင် ပြန်စစ်ပြီး။
  8. ↑ Garment Workers' Fight for Democracy in Myanmar (in en-US) (6 April 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  9. ↑ In the Face of Massacres, Workers in Myanmar Are Still Fighting the Coup (in en-US)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  10. ↑ Thar၊ Hein (6 November 2019)။ Government seeks to tame Hlaing Tharyar, Yangon's wild west (in en-US)။ 2 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  11. ↑ The struggles of Hlaing Thar Yar (in en-US) (15 March 2022)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  12. 1 2 'I never thought gangsters cried': Hlaing Tharyar locals shaken but defiant (in en-US) (19 March 2021)။ 27 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2023 တွင် ပြန်စစ်ပြီး။
  13. 1 2 3 A day of tragedy and terror in Hlaing Tharyar (in en-US) (17 March 2021)။ 22 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2023 တွင် ပြန်စစ်ပြီး။
  14. ↑ Nowhere is Safe": The Myanmar Junta's Crimes Against Humanity (24 March 2022)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  15. ↑ Daily Briefing in Relation to the Military Coup (in en-US) (15 March 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  16. ↑ Recent Fatality List (20 November 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  17. 1 2 Residents flee violence, martial law in Yangon factory district (in en-US) (16 March 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  18. ↑ Harding၊ Luke။ "Myanmar army imposes martial law in two cities as more protesters killed" (in en-GB)၊ The Guardian၊ 15 March 2021။
  19. ↑ Chinese-Owned Factories on Fire While Myanmar Military Regime's Protest Crackdowns Escalate (in en-US) (14 March 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  20. 1 2 "Yangon becomes battle zone as Myanmar junta enforces martial law" (in en-GB)၊ The Guardian၊ 17 March 2021။
  21. ↑ At least six killed after factory owner calls in military in Hlaing Tharyar (in en)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  22. ↑ [Myanmar Increasing closures of factories and business since February harm the well-being of workers] (in en) (28 September 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]