လှိုင်မြို့နယ်အမှတ်(၂)ရပ်ကွက်မီးလောင်မှု(၂၀၁၀)

ဝီကီပီးဒီးယား မှ

၂၀၁၀ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က လှိုင်မြို့နယ် အမှတ် ၂ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဇန်နဝါရီလ ၇ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် လှိုင်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ သီရိ ၄ လမ်းတွင် နေအိမ်တစ်အိမ်မှစ၍ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် တိုက်နှစ်လုံးနှင့် တိုက်ခန်းတွဲများပါ သည့် တိုက်တစ်လုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့သည်။

မီးလောင်ကျွမ်းမှုကို နီးစပ်ရာ မြို့နယ်များမှ မီးသတ်ကားများလာ ရောက်ငြှိမ်းသတ်ပေးခဲ့ပြီး ည ၇ နာရီ မိနစ် ၄၀ ဝန်းကျင်၌ မီးညွှန့်ကျိုးကာ ည ၈ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် မီးငြှိမ်းသတ်မှုပြီးဆုံးခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

Weekly Eleven News Journal