လှမြင့် (ဗိုလ်မှူးချုပ်)

ဝီကီပီးဒီးယား မှ
ဦးလှမြင့်
ရန်ကုန်မြို့တော်ဝန်
တာဝန်သက်တမ်း
၆ ဧပြီ ၂၀၁၁[၁] – ၆ ဧပြီလ၂၀၁၆
ယခင်လူဦးအောင်သိန်းလင်း
ဆက်ခံသူဦးမောင်မောင်စိုး
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး
တာဝန်သက်တမ်း
၂၀၀၅ – ၂၀၁၀
အာဂျင်တီးနားနိုင်ငံနှင့် ဘရာဇီးနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး
တာဝန်သက်တမ်း
၂၀၀၂ – ၂၀၀၅
ဆက်ခံသူဦးထိန်ဝင်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၄၈ သို့ ၁၉၄၉
နိုင်ငံရေးပါတီUSDP
နေထိုင်ရာရန်ကုန်မြို့
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ မြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၇၁–၂၀၀၂
ရာထူး ဗိုလ်မှူးချုပ်
Commandsအရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်

ဦးလှမြင့်သည် မြန်မာနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူသည် မြန်မာတပ်မတော်တွင် ဗိုလ်မှူးချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး သံတမန်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။ သူသည် စစ်တက္ကသိုလ်တွင် ၁၉၆၇ မှ ၁၉၇၁ ခုနှစ်အထိ ပညာသင်ကြားခဲ့သည်။ တပ်မတော်မှ ဗိုလ်မှူးချုပ်အဖြစ် ၂၀၀၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် သူသည် အာဂျင်တီးနားနိုင်ငံနှင့် ဘရာဇီးနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Republic of the Union of Myanmar President Office (Order No. 27/2011)"၊ The New Light of Myanmar၊ 2011-04-07။ 3 May 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 13 November 2010။ 
  2. "Retired ambassador Hla Myint likely to replace Rangoon Mayor"၊ Mizzima News၊ 2011-03-09။ Archived from the original on 2011-05-01။ 
နိုင်ငံရေးဆိုင်ရာ ရုံးများ
ယခင်က
အောင်သိန်းလင်း
ရန်ကုန်မြို့တော်ဝန်
၂၀၁၁-၂၀၁၆
ဆက်ခံသူ
မောင်မောင်စိုး