လှမိုး

ဝီကီပီးဒီးယား မှ
ဒေါက်တာလှမိုး
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်အောင်မြေသာဇံမြို့နယ်
အနိုင်ရမဲ အရေအတွက်၈၇၃၇၅ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1968-08-28) ဩဂုတ် ၂၈၊ ၁၉၆၈ (အသက် ၅၅)
မန္တလေးမြို့၊ မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ဥမ္မာကျော်
မိဘဦးငွေသောင်း
ဒေါ်ကြင်မြိုင်
မိခင်ကျောင်းမန္တလေးတက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား၊ ပြင်ပကျောင်းဆရာ

ဒေါက်တာလှမိုး (၂၈ ဩဂုတ် ၁၉၆၈ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး အောင်မြေသာဇံမြို့နယ် ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။[၁]

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ဒေါက်တာလှမိုးကို ၁၉၆၈ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၇ မှ ၁၉၉၇ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့နှင့် မဟာဘွဲ့ရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှပင် ပါရဂူဘွဲ့ ရရှိခဲ့သည်။ ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ မန္တလေးတက္ကသိုလ်တွင် အချိန်ပိုင်းသရုပ်ပြအဖြစ်လည်းကောင်း၊ ပခုက္ကူဒီဂရီကောလိပ်တွင် သရုပ်ပြအဖြစ်လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အထိ မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနတွင် သရုပ်ပြအဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လက်ထောက်ကထိကအဖြစ်လည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ မြစ်ကြီးနားတက္ကသိုလ် ရုက္ခဗေဒဌာနတွင် လက်ထောက်ကထိကအဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အထိ မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနတွင် လက်ထောက်ကထိကအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၁] ၂၀၁၂ ခုနှစ်မှ စတင်ကာ စာပေရေးသားခြင်းနှင့် ပြင်ပသင်တန်းဆရာအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

နိုင်ငံရေး လှုပ်ရှားမှု[ပြင်ဆင်ရန်]

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အောင်မြေသာဇံမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ MP profile (in my)။ Pyithu Hluttaw။ 2 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 8, 2018 တွင် ပြန်စစ်ပြီး။