လွိုင်နန်းဖတောင်
ပုံပန်းသွင်ပြင်
| လွိုင်နန်းဖတောင် | |
|---|---|
လွိုင်နန်းဖတောင် | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၁,၅၂၇ m (၅,၀၁၀ ft)[၁] |
| စာရင်းသွင်းခြင်း | မြန်မာနိုင်ငံရှိ တောင်များစာရင်း |
| ကိုဩဒိနိတ် | 19°37′51″N 97°3′1″E / 19.63083°N 97.05028°Eကိုဩဒိနိတ်: 19°37′51″N 97°3′1″E / 19.63083°N 97.05028°E |
| ပထဝီဝင် | |
| တည်နေရာ | လော်ခိုသာကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ကယားပြည်နယ် |
| တောင်တက်ခြင်း | |
| အလွယ်ဆုံး တောင်တက်လမ်း | ခြေလျင် |
လွိုင်နန်းဖတောင်သည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တောင်ဖြစ်သည်။အမြင့်ပေ ၅၀၁၀ပေမြင့်ကာ ခြေလျင်တောင်တက်ခရီးသွားလုပ်ငန်းအတွက်အရေးပါလာသော တောင်တစ်လုံးဖြစ်လာသည်။

လွိုင်နန်းဖတောင်ထိပ်တွင် မြိုင်ကြီးငူဆရာတော် ဘုရား ကြီးမှ ၂၀ဝ၃ ခုနှစ်တွင် ဦးစီးတည်ထားကိုးကွယ်သည့် ဉာဏ်တော်အမြင့် (၄၅)ပေရှိ စေတီတော်နှင့် ကတ်သလစ် ဂိုဏ်းအုပ်ဆရာတော် ဆိုတေးရိုဖားမော ဦးစီး၍ ကတ် သလစ်အသင်းတော်နှင့် နှစ်ချင်းခရစ်ယာန် အသင်း တော်တို့မှ (၁၉၉၅-၉၆) ခုနှစ်တွင် စိုက်ထူခဲ့သည့် အမြင့် (၄၅) ပေရှိ လက်ဝါးကပ်တိုင်တို့အား သက်ဆိုင်ရာ ဘာသာ ဝင်အလိုက် ကြည်ညိုနိုင်ယုံမျှမက ကယားပြည် နယ်၏ သဘာဝအလှအပများကို အပြည့်အဝ ခံစားရရှိ နိုင်မည့် နေရာတစ်ခုဖြစ်သည်။

