လျှပ်စစ်ငါးရှဉ့်

ဝီကီပီးဒီးယား မှ
(လျှပ်စစ် ငါးရှဉ့် မှ ပြန်ညွှန်းထားသည်)
လျှပ်စစ်ငါးရှဉ့်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Gymnotiformes
မျိုးရင်း: Gymnotidae
မျိုးစု: Electrophorus
T. N. Gill, 1864
အမျိုးအစား မျိုးစိတ်
Electrophorus electricus
မျိုးစိတ်

Electrophorus electricus
Electrophorus varii
Electrophorus voltai

လျှပ်စစ်ငါးရှဉ့် (Electrophorus) သည် မျိုးရင်း Gymnotidae ရှိ ရေချိုနေ ငါးရှဉ့် မျိုးစုတခုဖြစ်သည်။ ယင်းတို့သည် သားကောင်များကို လျှပ်စစ်ဓာတ်အားထုတ်လွှတ်ခြင်းဖြင့် မေ့မြောစေကာ ဖမ်းယူနိုင်သည့်အစွမ်း ရှိကြသည်။ ယင်းတို့၏အမည်တွင် ငါးရှဉ့်ဟူသော အမည်ပါရှိသော်လည်း သိပ္ပံနည်းကျ မျိုးရိုးခွဲခြားမှုအရ စစ်မှန်သော ငါးရှဉ့်များနှင့် နီးစပ်မှုမရှိပေ။ လျှပ်စစ်ငါးရှဉ့်များသည် Gymnotiformes မျိုးစဉ်ရှိ catfish များနှင့် ပို၍ နီးစပ်ကြသည်။ လျှပ်စစ်ငါးရှဉ့်သည် မျိုးစိတ်တခုတည်းသာရှိသည်ဟု ရာစုနှစ် ၂ ခုစာ ယုံကြည်ခဲ့ကြသော်လည်း ၂၀၁၉ ခုနှစ်တွင် မျိုးစိတ် ၂ ခု ထပ်မံတွေ့ရှိခဲ့သည်။

မျိုးစိတ်[ပြင်ဆင်ရန်]

Electrophorus မျိုးစိတ် ၃ ခုအား နှိုင်းယှဉ်ခြင်း

လက်ရှိတွင် မျိုးစိတ် ၃ ခု ရှိသည်-[၁]

  • Electrophorus electricus (ကားလ် လင်းနီးယပ်, 1766)
  • Electrophorus varii de Santana, Wosiacki, Crampton, Sabaj, Dillman, Mendes-Júnior & Castro e Castro, 2019
  • Electrophorus voltai de Santana, Wosiacki, Crampton, Sabaj, Dillman, Castro e Castro, Bastos & Vari, 2019 ဤမျိုးစိတ်သည် ဇီဝလျှပ်စစ်ထုတ်လုပ်သည့် သက်ရှိများထဲတွင် အားအပြင်းဆုံးမျိုးစိတ်ဖြစ်ပြီး ဗို့အား ၈၆၀ ထုတ်ပေးနိုင်စွမ်းရှိသည်။[၁][၂]

အပြုအမူ[ပြင်ဆင်ရန်]

ယခင်က လျှပ်စစ်ငါးရှဉ့်များသည် တကောင်တည်းနေတတ်သော တိရစ္ဆာန်များဟု ယုံကြည်ခဲ့ကြသော်လည်း ၂၀၂၁ ခုနှစ်တွင် လေ့လာချက်အရ အမေဇုန်မြစ်ရှိ Volta electric eel (Electrophorus voltai) ဆိုသော ငါးရှဉ့်မျိုးစိတ်သည် စွမ်းအားအကြီးမားဆုံးမျိုးစိတ်ဖြစ်ကာ အုပ်စုလိုက်ဖွဲ၍ အမဲလိုက်တတ်သည်ဟုဆိုသည်။ ငါးကလေးများကို အုပ်စုဖွဲ၍ ပူးပေါင်းဖမ်းဆီးကြသည်ကို လေ့လာတွေ့ရှိခဲ့သည်။[၃][၄][၅][၆][၇]

တိရစ္ဆာန်ဥယျဉ်နှင့် ကိုယ်ပိုင်စုဆောင်းထားမှုများ[ပြင်ဆင်ရန်]

လျှပ်စစ်ငါးရှဉ့်များကို တိရစ္ဆာန်ဖမ်းဆီးစုဆောင်းသူအချို့မှ ရောင်းကြသည်။ သို့သော် ယင်းတို့၏လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းကြောင့် ဖမ်းဆီးရန် ခက်ခဲသည်။ ယုတ္တိရှိသည့် တစ်ခုတည်းသော ရွေးချယ်စရာမှာ လျှပ်စစ်ငါးရှဉ့်များအား မနားတမ်း လျှပ်စစ်ဓာတ်အားထုတ်ရန် ပြုလုပ်ပြီး လျှပ်စစ်ဓာတ်ပျက်ပြယ်စေပြီးမှ ဖမ်းဆီးရန်ဖြစ်သည်။ ယင်းတို့၏လျှပ်စစ် ကိုယ်အင်္ဂါများ လျှပ်စစ်ဓာတ် လုံးဝပြယ်သွားပြီဆိုပါက လုံခြုံစိတ်ချစွာ ဖမ်းဆီးနိုင်သည်။[၈] လျှပ်စစ်ငါးရှဉ့်များကို လှောင်အိမ်ထဲတွင် ထိန်းသိမ်းရန် ခက်ခဲလှသည်။ သို့သော် အချို့ ဝါသနာရှင်များက အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြသည်။ လူသားများအပေါ် လျှပ်စစ်ငါးရှဉ့်များ၏ လျှပ်စစ်ဓာတ်လိုက်မှုသည် သေဆုံးစေနိုင်သည်အထိဖြစ်စဉ် ရှားပါးသည်။[၉] သို့သော် လျှပ်စစ်ခြံစည်းရိုးကို ထိကိုင်မိသကဲ့သို့ စိတ်မချမ်းမြေ့ဖွယ်ရာ ခံစားရနိုင်သည်။[၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Unexpected species diversity in electric eels with a description of the strongest living bioelectricity generator" (in en) (2019-09-10). Nature Communications 10 (1): 4000. doi:10.1038/s41467-019-11690-z. ISSN 2041-1723. PMID 31506444. Bibcode2019NatCo..10.4000D. 
  2. "Diet composition of the electric eel Electrophorus voltai (Pisces: Gymnotidae) in the Brazilian Amazon region" (2019-09-10). Journal of Fish Biology 97 (4): 1220–1223. doi:10.1111/jfb.14413. ISSN 0022-1112. PMID 32463115. 
  3. Gill၊ Victoria (14 January 2021)။ Electric eels work together to zap prey။ 23 May 2021 တွင် ပြန်စစ်ပြီး။
  4. Bastos, Douglas A. (14 January 2021). "Social predation in electric eels". Ecology and Evolution 11 (3): 1088–1092. Wiley. doi:10.1002/ece3.7121. ISSN 2045-7758. 
  5. Scientists discover electric eels hunting in a group: Never-before-seen behavior culminates in a synchronized zap of eels' prey, raising new questions about how they communicate (14 January 2021)။ 23 May 2021 တွင် ပြန်စစ်ပြီး။
  6. Roth၊ Annie။ "Electric Eels Hunt in Packs, Shocking Prey and Scientists" (in en-US)၊ The New York Times၊ 2021-01-14။ 
  7. Bastos, et al. (2021).
  8. Piper, Ross (2007), Extraordinary Animals: An Encyclopedia of Curious and Unusual Animals, Greenwood Press.
  9. Animal facts: Electric eel။ National Geographic။ August 20, 2021 တွင် ပြန်စစ်ပြီး။
  10. Jason Bittel (September 14, 2017)။ See a Biologist Brave Eel Shocks in the Name of Science။ National Geographic။ August 20, 2021 တွင် ပြန်စစ်ပြီး။