လျှပ်စစ်သံလိုက် ရောင်စဉ်ပျံ့နှံ့ခြင်း

ဝီကီပီးဒီးယား မှ

ရူပဗေဒပညာရပ်တွင် လျှပ်စစ်သံလိုက် ရောင်စဉ်ပျံ့နှံ့ခြင်း သည် ဟင်းလင်းပြင်၌ လျှပ်စစ်သံလိုက် ရောင်စဉ်စွမ်းအင်ပျံ့နှံ့သည့် လျှပ်စစ်သံလိုက်စက်ကွင်း၏ ဖိုတွန်လှိုင်းများကို ရည်ညွန်းသည်။ ယင်းတွင် ရေဒီယိုလှိုင်း၊ မိုက်ခရိုလှိုင်း၊ အနီအောက်ရောင်ခြည်၊ အလင်း၊ ခရမ်းလွန်ရောင်ခြည်နှင့် ဂါမာရောင်ခြည်တို့ ပါဝင်သည်။ [၁] လျှပ်စစ်သံလိုက် ရောင်ခြည်လှိုင်းတို့သည် အလင်းအလျင်ဖြင့် ခရီးသွားသည်။ အက်စ်ရေးကဲ့သို့သော အချို့ လျှပ်စစ်သံလိုက်ရောင်ခြည်တို့သည် လူ့ခန္ဓာကိုယ်အား ထိခိုက်စေသည်။ အနီအောက် ရောင်ခြည်သည် အပူကိုဖြစ်စေပြီး ခရမ်းလွန် ရောင်ခြည်သည် နေလောင်မှုကို ဖြစ်စေသည်။ အသံလှိုင်းများသည် လျှပ်စစ်သံလိုက်လှိုင်းများ မဟုတ်ပေ။ ကွမ်တမ် အီလက်ထရိုဒိုင်းနမစ်တွင် လျှပ်စစ်သံလိုက် ဓာတ်ပြုမှုနှင့် သက်ဆိုင်သော အခြေခံအမှုန်များဖိုတွန်များ ပါဝင်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. "A Dynamical Theory of the Electromagnetic Field" (1 January 1865). Philosophical Transactions of the Royal Society of London 155: 459–512. doi:10.1098/rstl.1865.0008.