လျှပ်စစ်ပုံသွင်းနည်း

ဝီကီပီးဒီးယား မှ

လျှပ်စစ်ပုံသွင်းနည်းသည် လျှပ်စစ် ဓာတ်အားကိုအသုံးပြု၍ ပုံနှိပ်စာလုံးများ ပြုလုပ်ခြင်းဖြစ်သည်။ ပုံနှိပ်စာလုံးများပြုလုပ်ရာ၌ စာလုံးများပြုလုပ်မည့် သတ္တုများကို ထွင်း၍၎င်း၊ သတ္တုစားဆေးတင်၍၎င်း၊ ပြုလုပ်ကြသည်။ သို့သော် လျှပ်စစ်ပုံသွင်းနည်း၌ စာလုံးများကို လျှပ်စစ်ဓာတ်ကို အသုံးပြု၍ လျှပ်စစ်ဓာတ်ဖြင့် ဓာတ်ခွဲနည်းဖြင့်ပြုလုပ်ကြသည်။ ပဌမ ဖယောင်းကို အိုးထဲတွင် ကြိုသည်။ ထို့နောက် ဖယောင်း ကို ပုံသွင်းမည့် ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ထိုနည်း ဖြင့် ဖယောင်းပေါ်၌ ပြုလုပ်လိုသော စာလုံးများကို ပြောင်းပြန် ထင်စေသည်။ ထိုနောက် ဖယောင်းပုံစံပေါ်တွင် ဂရပ်ဖိုက် (ခဲနက်) မှုန့်များကို ဖြူးပေးသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဖယောင်းသို့ လျှပ်စစ်ဓာတ် လိုက်စေရန်ဖြစ်သည်။ ထို့နောက် လျှပ်စစ်ဓာတ်အိုး၏ ဓာတ်မတိုင်ကို ပုံစံခွက်နှင့်ဆက်၍ ဓာတ်ဖိုတိုင်ကို ကြေးနီစတခုနှင့်ဆက်ပေးသည်။ ယင်းတို့ နှစ်ခုစလုံးကိုမှု ကော့ပါးဆာလဖိတ်ရည်ထဲတွင် နှစ်ထားရသည်။ ထို့နောက် လျှပ်စစ်ဓာတ်ကို လွှတ်ပေးရသည်။ ထိုအခါ ဖယောင်း ပုံစံခွက်ပေါ်၌ ကြေးနီသတ္တုများ အမြေ|းပါးကဲ့သို့ တင်လာသည်။ ဓာတ်ဖိုတိုင်ကို နစ်ကယ် သို့မဟုတ် သံစပျော့များနှင့်လည်း ဆက်ထားတတ်ကြသည်။ လျှပ်စစ်ဖြင့် ဓာတ်ခြွဲခင်းကို ဆက်၍ ပြုလုပ်ပေးသည်နှင့်အမျှ သတ္တုအမြေ|းပါးသည် တဖြေးဖြေးထူ လာသည်။ အမြှးပါးသည် တလက်မ၏ အပုံတထောင်ပုံ ရှစ်ပုံမျှလောက်အထိ ထူလာစေရန် နှစ်နာရီခန့်ကြာသည် ထိုသတ္တုအမြေ|းပါးသည် စက္ကူအထူစားလောက်ရှိလာသော အခါ လျှပ်စစ်ဓာတ်ကို ရပ်ပြီးလျှင် ကော့ပါးဆာလဖိတ်ရည် ထဲမှ ထုတ်ယူ၍ သတ္တုအမြှးပါးကို ခွာယူလိုက်သည်။ ပြီးလျှင် ထိုအလွှာကို တောင့်တင်းခိုင်ခန့်စေရန် အနောက်ဘက် မှ ပုံနှိပ်စာလုံးလုပ်သည့် သတ္တုကို အရည်ကျို၍ လောင်းထည် ပေးသည်။ ပုံနှိပ်စာလုံးများပြုလုပ်သည့် သတ္တုမှာ ခဲ၊ သံဖြူနှင့် အင်တီမိုနီ အနည်းငယ်ရောထားသော သတ္တုစပ်တမျိုးဖြစ်သည်။ ထို့နောက် စာလုံးချပ်ကို အလိုရှိသည့်ပုံစံ အထူအပါး ရရှိစေရန် ပြုပြင်ပေးသည်။ ထို့အပြင် စာလုံး၏ အနားထောင့်စွန်းများကို ည|ိပေးပြီးလျှင် စာလုံး၏ မျက်နှာကိုလည်း တညီတည်းဖြစ်စေရန် ပြုလုပ်ပေးသည်။ ထိုစာလုံးပုံများကို သစ်သားတုံးများပေါ်တွင် တပ်၍ အသုံးပြုလေ့ရှိကြသည်။

လျှပ်စစ်ပုံစံသွင်းနည်း၌ နည်းအမျိုးမျိုးရှိသည်။ တချို့စာလုံး များကို ပြုလုပ်ရာ၌ ပဌမ ဖယောင်းပုံစံခွက်ပေါ်၌ နစ်ကယ်အထူ တလက်မ၏ အပုံတထောင်ပုံတပုံမျှ အထူရှိအောင် ပြုလုပ်ပေးသည် ထို့နောက် ထိုနစ်ကယ် အမြှးပါးပေါ်၌ နောက်ထပ် ကြေးနီအထူ တလက်မ အပုံတထောင်ပုံခုနစ်ပုံခန့်ရှိလာစေရန် လျှပ်စစ်ဖြင့် ဓာတ် ခွဲနည်းဖြင့် တဖန်ပြုလုပ်ပေးကြသည်။ တချို့ ကြေးနီနှင့် ပြုလုပ်ထား သော စာလုံးများကို နစ်ကယ်စိမ်၍ ထားတတ်ကြသည်။ တာရှည် အသုံးပြုလိုသော ကြေးနီစာလုံးများကို ခရိုမီယမ် စိမ်ထားတတ်ကြ သည်၊ အကောင်းဆုံး စာလုံးများကို ပြုလုပ်ရာ၌ ပုံစံလောင်းရာတွင် ဖယောင်းအစား အလွန်ပါးသော ခဲပြားများကို အသုံးပြုကြသည်။ ဤကဲ့သို့သော စာလုံးပုံစံများကို နစ်ကယ်နှင့် အုပ်လိုက်သောအခါ ထိုစာလုံးများသည် အကောင်းဆုံး ပုံနှိပ်စာလုံးများ ဖြစ်လာလေသည်။

စာအုပ်များကို ထုတ်လုပ်ရာတွင် လျှပ်စစ်ပုံသွင်းနည်းဖြင့် ပြုလုပ် ထားသော စာလုံးချပ်များဖြင့် ပုံနှိပ်လေ့ရှိကြသည်။ ထိုသို့ ပြုလုပ် လေ့ရှိကြသည်မှာ ထိုစာလုံးပုံစံများသည် တာရှည်ခံခြင်းကြောင့် ဖြစ်သည်။ စာအုပ်များအရောင်းရတွင်ကျယ်သဖြင့် နောက်တကြိမ် ထပ်၍ ရိုက်နှိပ်ရန် လိုလျှင် စာလုံးပုံစံများကို အဆင်သင့် ရရှိ နိုင်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)