လျင်သော်ကား မင်း၊ နှောင်းသော် ချင်း

ဝီကီပီးဒီးယား မှ

လျင်သော်ကား မင်း၊ နှောင်းသော် ချင်း သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

အခွင့်သာခိုက်တွင် လျင်လျင်မြန်မြန် ဆောင်ရွက်လျှင် မင်းအဖြစ်ကိုပင် ရနိုင်သည်။ နှေးကွေးနောက်ကျနေလျှင်မူ မင်းချင်းမျှသာ ဖြစ်မည်။[၁]

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

အလျင်ကြံသော် မင်းဖြစ်၊ အနှေးကြံသော် သူ့ကျွန်ဖြစ် ဟူ၍လည်း အဆိုရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။