လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော်

ဝီကီပီးဒီးယား မှ
လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော်
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော်
တရားဝင်အမည်Leshan Giant Buddha Scenic Area
တည်နေရာစီချွမ်ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ရွေးချယ်သည့် စံနှုန်းယဉ်ကျေးမှု နှင့် သဘာဝ: (iv)(vi)(x)
ရည်ညွှန်း779
ကိုဩဒိနိတ်29°32′41″N 103°46′24″E / 29.54472°N 103.77333°E / 29.54472; 103.77333ကိုဩဒိနိတ်: 29°32′41″N 103°46′24″E / 29.54472°N 103.77333°E / 29.54472; 103.77333
လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော် သည် Sichuan တွင် တည်ရှိသည်
လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော်
စီချွမ်ပြည်နယ်အတွင်း ရုပ်ပွားတော် တည်နေရာ
လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော် သည် China တွင် တည်ရှိသည်
လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော်
လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော် (China)

လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော် (အင်္ဂလိပ်: Leshan Giant Buddha; ရိုးရှင်းတရုတ်: 乐山大佛; ရိုးရာတရုတ်: 樂山大佛; ပင်ယင်: Lèshān Dàfó) သည် ၂၃၃ ပေ (၇၁ မီတာ) ရှည်သည့် ကျောက်ဆင်းတု ဖြစ်သည်။ ထန် မင်းဆက်ကာလ ၇၁၃ နှင့် ၈၀၃ အကြားတွင် တည်ခဲ့သည်။[၁] ကျောက်ထရံကို မျက်နှာပုံစံ ထွင်းထုထားသည်။ တရုတ်နိုင်ငံ တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ မင်မြစ်နှင့် တာ့တုမြစ်တို့ ဆုံရာတွင် တည်ရှိသည်။ ကျောက်ဆင်းတုသည် အော်မေတောင်နှင့် မျက်နှာချင်းဆိုင်ကာ တည်ရှိသည်။ မြစ်ရေသည် ရုပ်ပွားတော်၏ ခြေတော်များအောက်မှ စီးဆင်းလျက် ရှိသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အရှည်ဆုံး ဗုဒ္ဓကျောက်ဆင်းတု ဖြစ်သည်။[၂]

အော်မေတောင် သဘာဝနေရာသည် လဲ့ဆန်းရုပ်ပွားတော် ရှိသည့် နေရာဖြစ်သည်။ ထိုနေရာကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ၁၉၉၆ ခုနှစ်ကတည်းက သတ်မှတ်ခဲ့သည်။[၃]

ထိခိုက်ပျက်စီးမှု[ပြင်ဆင်ရန်]

ရုပ်ပွားတော်သည် လျင်မြန်စွာ တိုးတက်လာသည့် နယ်ပယ်မှ ထုတ်လွှတ်သည့် ညစ်ညမ်းမှုများကို ခံခဲ့ရသည်။ ဆင်ဟွာသတင်းအေဂျင်စီက ထိုဒေသရှိ တရုတ်နိုင်ငံရှိ သဘာဝနှင့် အမွေအနှစ်နေရာများ၊ လဲ့ဆန်းရုပ်ပွားတော်တို့သည် ရာသီဥတု၊ လေညစ်ညမ်းမှု၊ ခရီးသွားထူထပ်မှုတို့ကြောင့် ထိခိုက်လျက်ရှိသည်ဟု ဆိုသည်။ အစိုးရကမူ ပြန်လည်ထိန်းသိမ်းသည့် လုပ်ငန်းများဆောင်ရွက်မည်ဟု ကတိပေးခဲ့သည်။

အရွယ်အစား[ပြင်ဆင်ရန်]

ရုပ်ပွားတော်၏ ခြေဖဝါးတော်တစ်ဖက်နားတွင်အမျိုးသားတစ်ဦးကို တွေ့ရပုံ

၂၃၃ ပေ မြင့်မားသည့် ရုပ်ပွားတော်သည် ဗုဒ္ဓမြတ်စွာဘုရား ထိုင်နေသည့်ပုံစံ ဖြစ်သည်။ လက်ချောင်းများသည် ဒူးခေါင်းပေါ်သို့ တင်ထားသည်။ ပခုံးများသည် ၂၈ မီတာ ကျယ်သည်။ အသေးဆုံးခြေသည်းသည် ထိုင်နေသည့်လူတစ်ယောက် အလွယ်တကူ ဝင်ဆံ့သည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]