လေးညွန့်၊ ကို(တေးပညာရှင်)

ဝီကီပီးဒီးယား မှ

ကိုလေးညွန့် (၁၉၃၂-၂၀၀၇) သည် မြန်မာလူမျိုး တေးရေး၊ တေးဆို တစ်ဦးဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးမောင်ရှိန်၊ ဒေါ်ညွန့်ရီတို့မှ ၁၉၃၂ ခု၊ နိုဝင်ဘာလ ၄ ရက်တွင် မွေးသည်။ သာယာဝတီခရိုင်၊ သုံးဆယ်မြို့နယ်၊ ဖိုးခေါင်ရွာ ဇာတိဖြစ်သည်။ သား ၂ ယောက်အနက် ဩရသဖြစ်သည်။ ငယ်မည်မှာ သန်းညွန့် ဟူ၏။ ရန်ကုန်မြို့၊ ၁၂ လမ်းတွင် ကြီးပြင်းသည်။ ကူရှင် ဟိုက်စကူးကျောင်းတွင် သတ္တမတန်း အောင်ပြီး ၁၉၅၄ တွင် ၁၀ တန်းကို ကျော်နိုင်ခဲ့သည်။

ဂီတခရီး[ပြင်ဆင်ရန်]

၁၉၅၁ မှစ၍ ဂီတလုလင် အပျော်တမ်းတူရိယာအဖွဲ့ တွင် ပညာသင်သည်။ ၁၉၅၃ ၌ ကိုမင်းနောင် ရေးသည့် ရွေးချစ်နေပြီ သီချင်းဖြင့် အဆိုရှင်ဖြစ်လာသည်။

၁၉၆၀ ပြည့်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေအောင်ပြီးနောက် ကေသီပန် တူရိယာအဖွဲ့ကို ထောင်ကာ တေးရေးအဖြစ် ဆောင်ရွက်သည်။ ထိုအဖွဲ့တွင် ကိုမြတ်လေး၊ စန္ဒရား ချစ်ဆွေကိုမြကြီးမောင်မောင်ကြီး၊ ခင်မောင်လွင်၊ မာမာအေးထားနှင့် ခင်သစ်လွင်တို့ ပါသည်။ မောင်မောင်ကြီး၏ ညီဝမ်းကွဲ ဦးကြည်သာ (မြန်မာ့အသံ) က တူရိယာပိုင်း တာဝန်ယူသည်။

၁၉၆၃ ခု၊ ဂီတကောင်စီ (ဗဟို) ကို စထောင်သော် အတွင်းရေးမှူး ဖြစ်လာသည်။၁၉၆၄-၆၆ ကို မြန်မာ့အသံ ကာလပေါ်ဂီတစိစစ်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။ ထိုစဉ်က တိုးနိုင်ဓာတ်ပြား ကုမ္ပဏီနှင့် စူပါဟိုက်ဓာတ်ပြား ကုမ္ပဏီများ၊ ရုပ်ရှင်နောက်ခံတေးများ၊ နိုင်ငံတော်မှ ကြီးမှူးကျင်းပသည့် လွတ်လပ်ရေးနေ့၊ တောင်သူလယ်သမားနေ့နှင့် အလုပ်သမားနေ့များတွင် ဗိုလ်ကလေးတင့်အောင် ဦးဆောင်သော ဂီတကောင်စီမှ တင်ဆက်သည့် တေးသရုပ်ဖော်ပြဇာတ်များ၌ တေးသီချင်းများ ရေးသား စပ်ဆိုခဲ့သည်။

၁၉၆၆-၉၀ အထိ မအူပင်မြို့ အခြေခံပညာအလယ်တန်းကျောင်း အမှတ် (၁) နှင့် (၂) တို့တွင် အထက်တန်းပြဆရာအဖြစ် တာဝန်ယူအမှုထမ်းခဲ့သည်။

၁၉၉၄ ခု၊ ဒုတိယအကြိမ် ဆိုကရေးတီးပြိုင်ပွဲမှစ၍ အရေးအကဲဖြတ်ဗဟိုဒိုင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် အဋ္ဌမအကြိမ် ဆိုကရေးတီးပြိုင်ပွဲမှစ၍ ပြည်နယ်များသို့ နှစ်စဉ်သွားရောက်ကာ ဂီတပညာရပ်များ သင်ကြားပို့ချခဲ့သည်။ ၁၉၉၅ ခု၊ (၅၀) နှစ်မြောက် ရွှေရတုသဘင် တပ်မတော်နေ့မှစ၍ တပ်မတော်နေ့ ဂုဏ်ပြုတေးသီချင်းများ နှစ်စဉ် စပ်ဆိုခဲ့သည်။

၂၀၀၀ ပြည့်မှစ၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကာလပေါ် တေးဂီတ စိစစ်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ တေးရေးပညာရှင်ကြီးများ၏ ခေတ်ဟောင်းသီချင်းများ စိစစ်ရေးအဖွဲ့ဝင်အဖြစ် (၁၈၈၅-၁၉၄၇) လည်းကောင်း၊ ခေတ်ဟောင်းတေးသီချင်းများ စိစစ်ရေးအဖွဲ့ဝင်အဖြစ် (၁၉၄၈-၈၉) လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၄ ခုတွင် နိုင်ငံတော်မှ ချီးမြှင့်သည့် လူမှုထူးချွန် (ပထမ) ကို ရသည်။ ၂၀၀၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မိသားစု ဘဝ[ပြင်ဆင်ရန်]

ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (ကွယ်လွန်) နှင့် သား ၃ ယောက် ထွန်းကားရာ အကြီးဆုံးသားမှာ ၂ နှစ်အရွယ်တွင် လည်းကောင်း၊ အငယ်ဆုံးမှာ ၁ နှစ်အရွယ်တွင် လည်းကောင်း၊ ဖိတ်စဉ်ရာ သားလတ် မောင်ဇော်မိုးဝင်း နှင့် အမှတ် (၈၄) မင်းလမ်း၊ မအူပင်မြို့တွင် နေထိုင်လျက် ဂီတရေးရာများကို ထမ်းဆောင်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၀၇ ခု၊ အောက်တိုဘာ ၂၂ ရက်တွင် ကွယ်လွန်သည်။

ကျော်ကြားသော တေးများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် တေးရေး မှတ်ချက်
ရွေးချစ်နေပြီ ၁၉၅၃ ကိုမင်းနောင်
တစ်ရေးချစ်ခွင့် မြင်ရနိုး ကိုလေးညွန့်
အကျည်းတန်ချစ်သူ ကိုလေးညွန့်
ဖက်ဖူးဆင် ခင်ခင်ကြိုက်တယ် ကိုလေးညွန့်
မနက်ဖြန်သို့မဟုတ် ဘယ်သောအခါ ကိုလေးညွန့်
လာချင်ရင် အနီးလေး ကိုလေးညွန့်

ကိုကြည်သာ (မြန်မာ့အသံ)

ဆည်းဆာ ကိုလေးညွန့်

ကိုးကား[ပြင်ဆင်ရန်]