လေးခွ
ပုံပန်းသွင်ပြင်

လေးခွ သည် သားရေကြိုးတပ်ဆင်၍ လောက်စာလုံးထည့်ကာ ပစ်ခတ်ရသည့် လက်နက်ဖြစ်သည်။ ပုံမှန်လေးခွတစ်ခု၏ ပုံသဏ္ဌာန်သည် Y ပုံစံရှိသည်။ ကိုင်းနှစ်ခုတွင် သားရေကြိုး သို့မဟုတ် ဆန့်နိုင်ကျုံ့နိုင်သောပစ္စည်းကို တပ်ဆင်ကြသည်။ ထို့နောက်တွင် အထက်ဘက်အစွန်းတွင် လောက်စာအိမ်တည်ရှိသည်။ ပစ်ခတ်ရာတွင် လောက်စာအိမ်ထဲတွင် လောက်စာလုံးကိုထည့်ကာ ဆွဲ၍ ပစ်ခတ်ရသည်။