လေးကေရွာ၊ ဘီးလင်းမြို့နယ်

ဝီကီပီးဒီးယား မှ
လေးကေ
ရွာ
လေးကေရွာ
လေးကေ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လေးကေ
လေးကေ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°22′01″N 97°25′56″E / 17.366979598999°N 97.4321136474609°E / 17.366979598999; 97.4321136474609ကိုဩဒိနိတ်: 17°22′01″N 97°25′56″E / 17.366979598999°N 97.4321136474609°E / 17.366979598999; 97.4321136474609
နိုင်ငံ မြန်မာ
ပြည်နယ် မွန်
ခရိုင်သထုံခရိုင်
မြို့နယ်ဘီးလင်းမြို့နယ်
ကျေးရွာအုပ်စုလေးကေ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

လေးကေရွာ(အင်္ဂလိပ်: Laykay)သည် မွန်ပြည်နယ်သထုံခရိုင်ဘီးလင်းမြို့နယ်လေးကေကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၆၀၉၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လေးကေကျေးရွာအုပ်စုတွင် ကျား ၃၄၉၇ ဦး၊ မ ၄၀၄၄ ဦး၊ လူဦးရေ စုစုပေါင်း ၇၅၄၁ ဦး နေထိုင်သည်။ [၁]

၂၀၂၁ ဖြစ်စဉ်[ပြင်ဆင်ရန်]

၂၀၂၁ ခု၊ ဇူလိုင်လ ၇ ရက်တွင် ခမရ(၄၀၆) မှ ပူးပေါင်းအင်အား ပါဝင်သည့် နယ်ခြားစောင့်တပ်စခန်း(လေးကေ) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်က တိုက်သည်။ [၂] အဆုံးအဖြတ်မပေါ်ဘဲ ကရင်တပ်မှ ပြန်ဆုတ်စဉ် စခန်းတွင်မှ လက်နက်ကြီးဖြင့်ပစ်သဖြင့် လေးကေရွာရှိ အိမ်များ ပျက်စီးသည်။ အသေအပျောက် မရှိ။ နောက် ဇူလိုင် ၁၅ ရက်တွင် နယ်ခြားစောင့်တပ်စခန်း(လေးကေ) က စခန်း၌ ခံစစ်ပြင်ရန်လိုသည့် သစ်ဝါးတို့ကို ရွာသားများအား လာပို့ရန် အမိန့်ပေးသည်။ အနီးရှိ ကျောက်ဖျာရွာကိုလည်း အလားတူပင် အမိန့်ထုတ်သည်။ [၃] တဖန် စက်တင်ဘာလ ၁၃ ရက်တွင် လေးကေရွာအား အထက်အတိုင်း သစ်ဝါးများ ထပ်တောင်း၏။ [၄] ရွာမှာ အရှေ့အနောက်တိုက်ပွဲများအကြား ပိတ်မိနေသဖြင့် စစ်ရှောင်ရန်မြေလည်း မရှိရာ လက်နက်ကိုင်တိုင်း၏အမိန့်ကို နာခံရခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]