လော့မိုလီကျောင်းတော်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
The viharn
The large chedi
Finely sculptured nagas

လော့မိုလီကျောင်းတော်သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တည်ရှိသည့် ဗုဒ္ဓကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်သည် မြို့တော်ဟောင်းကို ဝန်းရံထားသည့် ကျုံး၏ မြောက်ဘက်အနားတွင် တည်ရှိသည်။ Chaung Phuak မြို့တော်ဂိတ်တံခါး၏ အနောက်ဘက် မီတာ ၄၀၀ အကွာတွင် တည်ရှိသည်။

ကျောင်းတော်ကို မည်သည့်အချိန်တွင် တည်ဆောက်ခဲ့သည်ကို မသိရပေ။ သို့သော် ၁၃၆၇ စီအီးက တည်ဆောက်ခဲ့သည်ဟု ပထမဆုံး ဖော်ပြခဲ့သည်။ ခြောက်ကြိမ်မြောက် Mengrai မင်းဆက်ဖြစ်သည့် ကူးနဘုရင်(Kuena) (၁၃၅၅ − ၁၃၈၅) သည် မြန်မာနိုင်ငံမှ ရဟန်းဆယ်ပါးကို ထိုင်းနိုင်ငံသို့ ပင့်ဆောင်ကာ ထေရဝါဒဗုဒ္ဓကို ဖြန့်ဝေခဲ့သည်။ ရဟန်းတို့သည် ဤကျောင်းတွင် သီတင်းသုံးခဲ့ကြသည်။

၁၅၂၇ ခုနှစ်တွင် ကတ်ဘုရင်သည် (Kat) သည် စေတီတည်ရန် စေခိုင်းခဲ့ပြီး သူသည်လည်း ၁၅၄၅ ခုနှစ်တွင် အစည်းအဝေးခန်းမတည်ဆောက်ခဲ့ပေသည်။

ကိုးကား[ပြင်ဆင်ရန်]