လောကီစာတမ်း

ဝီကီပီးဒီးယား မှ

လောကီစာတမ်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဓနုရာသီအိမ်၌ ဂြိုဟ်လေးလုံးပူးသောကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်တို့ကို ဖွဲ့ဆိုထားခြင်း ဖြစ်သည်။

လောကီစာတမ်း[ပြင်ဆင်ရန်]

တဆယ့်နှစ်ခွင်၊ စက်ပြင်အကျမှာလ၊ ပါပရယ်စနေကြယ်နှင့်၊ သွေမဖယ် ဂြိုဟ်ဂုရုငယ်တို့၊ ဓနုအိမ်ရာသီလမ်း၊ ပြည့်စမ်းပေါ် လဂ်မှာစီးသော်ကြောင့်၊ မီးအုံးသည့် ကြိမ်နွယ်ပမာသို့၊ ဗိုလ်ခြေသတ္တဝါ၊ သူငါကစမှာဖြင့်၊ ကြီးဒုက္ခတွေ့မည့်ပုံ။

ထက်ရပ်နဘာ၊ အဇဋာတခွင်၌၊ ဓမ္မတာအစဉ်လှည့်လည်ပတ်သည့်၊ နက္ခတ်အလိုဂြို်ဟ်နေထောက်တော့၊ ကြောက်စရာအမှန်၊ လျှောက်ကာကူးပုံက၊ နောက်လာရန်၊ သောကြာပူးရယ်နဲ့၊ ကွန့်မြူးကာ ဂြို်ဟ်အင်္ဂါသို့၊ ခိုဝင်ကာ ထိုမှာထွေးရှာကြ၊ လေးဂြိုဟ်ပေါင်းစုဆုံ။

သတိဖြင့်ထားကြတော့၊ အများတွေသတ္တဝါ၌၊ ရေအစာ ကပ်တပါးရယ်နဲ့၊ ဝေဒနာထပ်ကာများတဲ့ပြင်၊ ဆိုးဝါးပုံအလွန်ဆူလို့၊ ခိုးသားခိုးသူတတ်သတဲ့၊ ကိန်းပြချက်နိမိတ်ပုံ၊ စိတ်မလုံလောင်ကျွမ်း။

သဘောညှိရန်မတော့၊ လောကိဝစနံမို့၊ နသစ္စံ ဖြစ်တန်ကောင်းငဲ့၊ ကျမ်းဟောင်းစာအဆိုက၊ ခါတပိုပြာသိုနှင်းခဲ့လျှင်၊ ဂြိုဟ်ချင်းဂြိုဟ်ယှဉ်ကာဆိုင်၍၊ လေးလုံးပြိုင်ဂြိုဟ်ဂရုငယ်တို့၊ ဓနုရာသီလမ်းမှာလ၊ ပြည့်စန်းပေါ်မှာကြိမ်လို့၊ ပြက္ခဒိန်အမြင်နှင့်ညှိုလိုက်တော့၊ မှတ်စရာမသွေ၊ အတ္တာအခြေဖြင့်၊ သိလောက်ကဲ့၊ သတ္တဝါတွေမယ်၊ ကပ်မသမာအနေနဲ့ငြိလိမ့်မယ်၊ လောကိစာတမ်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။