ရှင်ကဝိ (လောကမှန်ကင်းဆရာတော်)

ဝီကီပီးဒီးယား မှ
(လောကမှန်ကင်းဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်ကဝိ (၁၁၂၉ - ၁၂၁+) သည် “လောကမှန်ကင်းဆရာတော်” ဟု ထင်ရှားသည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၂၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက်နေ့တွင် အလုံမြို့၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ “မောင်ကံရ” ဖြစ်သည်။ အရွယ်ရောက်သည့်အခါ “ရှင်ကဝိ” ဟူသည့် ဘွဲဖြင့် ရဟန်းပြုခဲ့သည်။

ရဟန်း ၁၆ ရသည့်အခါ လူထွက်ခဲ့၍ ရန်ကုန်မြို့တွင် တရားဟောပြာသည်။ ရတနပုရစတုတ္ထမြို့တည် မင်းတရားကြီးလက်ထက်တွင် ရဟန်းပြုပြန်၍ ပရိယတ္တိ ဆည်းပူးပြန်သည်။ အင်းဝမြို့တော် ဝက်လက်ကျောင်းတိုက်တွင် ပေါင်းတည်မြို့စား အရီးတော်ရှင်ပုက ဆောက်လုပ်လှူဒါန်းသည့် လေးထပ်ကျောင်းတွင် သီတင်းသုံးခဲ့သည်။

ဒုတိယအမရပူရမြို့တည် မင်းတရားလက်ထက်တွင် မြို့တော်မြောက်မျက်နှာရှိ လောကမှန်ကင်းကျောင်းတိုက်တွင် ဖရွံမြို့စားအတွင်းဝန် မင်းကြီးမဟာသက်တော်ရှည်မောင်ဘုံ ဆောက်လုပ်သည့်ကျောင်းတွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် “ကဝိန္ဒသာရဓဇမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်”[မှတ်စု ၁]ကို ရရှိခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၁၃ ခုနှစ်နောက်ပိုင်းတွင် ပျံလွန်တော်မူခဲ့သည်။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. မင်းလှသီရိသီဟသူ၏ မှတ်တမ်း၌ ကလျာဏဝံသမဟာဓမ္မရာဇာဓိရာဂုရုဟု ရှိသည်၊ မသင့်။ သာသနာလင်္ကာရ ၁၉၈ ၌ရှု။ သက္ကရာဇ် ၁၀၉၉ ခုနှစ်ဖွား ငယ်မည်မောင်ထွေး၊ အမရပူရမြို့တော် မြောက်မျက်နှာလောကမှန်ကင်းကျောင်းတိုက် အတွင်းဝန်ထောက် စန္ဒဝေသော် ဆောက်လုပ်သော သုံးထပ်ကျောင်းတိုက်တွင် သီတင်းသုံးသည့် လောကမှန်ကင်းဆရာတော်ဟူ၍ ရှိခဲ့ဖူးသည်။ ၁၁၆၈ ခုနှစ်တွင် နိဒါနဝဂ္ဂသံယုတ်ပါဠိတော်နိသျဟောင်း၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်နိသျဟောင်း၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်နိသျဟောင်း၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်နိသျဟောင်းတို့ကို စီရင်သော လောကမှန်ကင်းဆရာတော်၏ ဘွဲ့တံဆိပ်တော်ကိုကား “ဝရသဒ္ဓမ္မဓဇမဟာဓမ္မရာဇဂုရု” ဟူ၍ ပိဋကတ်တော်သမိုင်းတွင် ပြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၆၁။