လေဘာပါတီ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဂရိဗြိတိန်နိုင်ငံရှိ လေဘာပါတီ(ယူကေ) သည် ဆိုရှယ်လစ်ပါတီဖြစ်၏။ ၁၈၆၇ ခုနှစ်တွင် အတည်ပြုခဲ့သော ပြုပြင်ရေး အက်ဥပဒေအရ ဗြိတိန်နိုင်ငံတွင် အလုပ်သမားလူတန်းစာသည် မဲပေးခွင့်ရခဲ့ လေသည်။ သို့သော်လည်း အစတွင် ဗြိတိသျှအလုပ်သမားမျးသည် ဥရောပ တိုက်နိုင်ငံတို့မှ အလုပ်သမားများကဲ့သို့ နိုင်ငံရေးတွင် လွတ်လပ်စွာ ပါဝင် ဆောင်ရွက်ရန် မလိုလားခဲ့ကြပေ။ စီးပွားရေးကုန်သွယ်ရေး အစည်းအရုံးများ နှင့် ဆိုရှယ်လစ် အုပ်စုများပါဝင်သော ကွန်ဖရင့်တစ်ခုကို ၁၉ဝဝ ပြည့်နှစ် တွင် ကျင်းပပြီးသည့်နောက်မှသာလျှင် အလုပ်သမားတို့ နိုင်ငံရေးတွင် ပါ ဝင်ရန် ဆုံးဖြတ်ခဲ့ကြလေသည်။ ၁၉ဝ၆ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် ဗြိတိသျှ လေဘာပါတီမှ ကိုယ်စားလှယ် ၂၆ ဦး အရွေးခံရလေသည်။ ထိုစဉ်က အာဏာရရှိခဲ့သော လစ်ဗရယ်ပါတီအစိုးရသည် အလုပ်သမားတို့၏ အဓိကတောင်းဆိုချက်ကို လိုက်လျောသည့်အနေဖြင့် ဝါဏိဇ္ဇပဋိပက္ခဥပဒေကို ပြဋ္ဌာန်းအတည်ပြုခဲ့ သည်။ ၁၉၁ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် လေဘာပါတီမှအမတ် ၄၂ နေရာ ရရှိခဲ့၏။ ထိုအခါ အလုပ်သမားအတွက် ပြုပြင်ရေးဥပဒေများ တင်သွင်း အတည်ပြုခဲ့သည်ကို ကျေးဇူးဆပ်သည့်အနေနှင့် လစ်ဗရယ်ပါတီ၏ အက် စကွစ်အစိုးရအဖွဲ့အား ထောက်ခံခဲ့လေသည်။ ပထမကမ္ဘာစစ် ဖြစ်ပွားသောအခါ လေဘာပါတီသည် အစိုးရကို ထောက်ခံခဲ့သည့်ပြင် ညွှန့်ပေါင်းအစိုးရအဖွဲ့တွင်လည်း ပါတီမှကိုယ်စားလှယ် များ ပါဝင်စေခဲ့လေသည်။ သို့သော်လည်း ပါတီအတွင်း ရမ္မဆေးမက္ကဒေါ် နယ်ခေါင်းဆောင်သော ငြိမ်းချမ်းရေးသမားအချို့ကမူ စစ်ကိုဆန့်ကျင်ခဲ့လေ သည်။ သို့ဖြင့် စစ်ကြီးပြီးဆုံးသွားခဲ့၍ ၁၉၁၈ ခုနှစ် ပြုပြင်ရေးဥပဒေအရ အရွယ်ရောက်သူမှန်သမျှ ကျားမ မရွေး မဲဆန္ဒပေးနိုင်ခဲ့လေသည်။ လေဘာ ပါတီသည် မဲဆန္ဒရှင်သစ်များအား ဆွဲဆောင်ရန်အလို့ငှာ ၁၉၁၉ ခုနှစ်တွင် ဆိုရှယ်လစ်ဝါဒကို ကြွေးကြော်အသုံးပြုခဲ့လေသည်။ ယင်းပါတီ၏ဝါဒမှာ ကုန်ထုတ်လုပ်ငန်းကြီးများအား ပြည်သူပိုင် ပြုလုပ်ခြင်းကို အခြေပြုသည့် လူနေမှုစနစ်ကို အားပေးသောဝါဒဖြစ်၏။ လေဘာပါတီ၏ ရည်မှန်းချက်ပန်းတိုင်သည် ဆိုရှယ်လစ်ဝါဒပင် ဖြစ်သော် လည်း မတ်၏ဝါဒကို လက်မခံသည့်အပြင် ယင်းဝါဒတွင် သုံးပြီးဖြစ်သော စကားအသုံးအနှုန်းများကိုပင် မသုံးမိစေရန် အထူးဂရုပြုကာ ရှောင်ရှားခဲ့လေ သည်။ လေဘာပါတီက အခြေအနေက ခွင့်ပြုမှသာလျှင် စက်မှုလက်မှုလုပ် ငန်းကြီးတစ်ခုကို ပြည်သူပိုင်ပြုလုပ်ရမည်။ ဤကဲ့သို့ ပြည်သူပိုင်လုပ်ရာ တွင်လည်း ပိုင်ရှင်ကိုလျော်ကြေးအပြည့်အစုံပေးရမည်ဟု ဆိုလေသည်။ ထို့ ပြင် ပြည်သူ့လွတ်လပ်မှု အခွင့်အရေးများကိုကာကွယ်ခြင်း၊ တရားမျှတစွာ ရွေးကောက်တင်မြေ|ာက်ခြင်းဟူသော ဒီမိုကရေစီလမ်းစဉ် တည်မြဲစေရမည်ဟု လည်း ရှင်းလင်းတိကျပြတ်သားစွာ ပြဋ္ဌာန်းထားခဲ့လေသည်။ လေဘာပါတီသည် အမျိုသားညီညွတ်ရေးနှင့် နိုင်ငံတော်စည်းလုံး မှု၏ အထိမ်းအမှတ်ဖြစ်သော ဘုရင်စနစ်ကိုထားလိုသည်။ ထို့ပြင် ဗြိတိသျှ အင်ပိုင်ယာကို မဖျက်သိမ်းဘဲ လက်အောက်ခံ ကိုလိုနီများကို တဖြည်းဖြည်း ကိုယ်ပိုင်အုပ်ချုပေ်ပေးခြင်းဖြင့် ဗြိတိသျှ ဓနသဟာယနိုင်ငံများအဖြစ်သို့ ပြောင်းလဲပစ်ရန် အလိုရှိပေသည်။ ယင်းပါတီ၏ နိုင်ငံခြားရေးဝါဒမှာ ပဋိပက္ခမှုများကို ငြိမ်းချမ်းသောနည်းနှင့် ဖြေရှင်းလိုသောဝါဒပင်ဖြစ်၏။ ထို့ ကြောင့်ပင် လေဘာပါတီသည် ပထမတွင် နိုင်ငံပေါင်းချုပ်အသင်းကြီးကို လည်းကောင်း၊ နောက်တွင် ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်းကောင်း စိတ်အား ထက်သန်စွာ ထောက်ခံအားပေးခဲ့လေသည်။ လေဘာပါတီ တိုးတက်ကြီးပွားလာပုံမှာ အံ့ဩဖွယ်ရာဖြစ်၏။ ပထမကမ္ဘာစစ်မဖြစ်မီက မပြောမလောက်သည့် အုပ်စုငယ်တစ်ခုမျှသာ ဖြစ် သော်လည်း ၁၉၂၂ ခုနှစ်ရွေးရောက်ပွဲတွင် အမတ် ၁၄၂ နေရာရရှိသဖြင့် အစိုးရအသိအမှတ်ပြု အတိုက်အခံပါတီကြီး ဖြစ်လာလေသည်။ ၁၉၂၄ ခုနှစ်တွင် မက္ကဒေါ်နယ်ခေါင်းဆောင်၍ လေဘာပါတီဝင် နှင့် လစ်ဗရယ်ပါတီဝင်အမတ်များ စုပေါင်းထောက်ခံကာ ပထမဆုံးအကြိမ် လေဘာအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့လေသည်။ သို့သော်လည်း လေဘာပါတီမှာ အင်အားများသည့် ပါတီမဟုတ်ရကား များမကြာမီပင် မက္ကဒေါ်နယ် အစိုးရ သည် လစ်ဗရယ်ပါတီ၏ ထောက်ခံအားပေးမှုမရသဖြင့် ပြုတ်ကျလေတော့ သည်။ ၁၉၂၉ ခုနှစ်တွင် မက္ကဒေါ်နယ်ပင်ခေါင်းဆောင်၍ ယခင်အခြေအနေ မျိုးနှင့်ပင် ဒုတိယ လေဘာအစိုးရ ဖွဲ့စည်းခဲ့ပြန်၏။ သို့သော်လည်း ၁၉၃၁ ခုနှစ်၌ မက္ကဒေါ်နယ်သည် ကွန်ဆားဗတစ်ဝါဒများကို သုံးမိသဖြင့် နောက် လိုက်လေဘာပါတီဝင်များ၏ စွန့်ခွာခြင်းခံရလေသည်။ ရွေးကောက်ပွဲကြီး တွင်လည်း လေဘာပါတီသည် မရှုမလှအရေးနိမ့်ခဲ့လေသည်။ ၁၉၃၅ ခုနှစ် ရွေးကောက်ပွဲကြီးတွင်မူ ကွန်ဆားဗတစ်ပါတီမှ အာဏာရရှိငြားလည်း လေဘာပါအမတ်များ၏ ဦးရေမှာ အလွန်တိုးတက်လာလေ၏။ လေဘာပါတီ၏ အဓိကအင်အားမှာ စနစ်တကျဖွဲ့စည်းထားသော အလုပ်သမားအစည်းအရုံးများဖြစ်လေသည်။ စီးပွားကုန်သွယ်မှု အစည်းအရုံး ဝင်တိုင်းလိုပင် လေဘာပါတီကို မဲပေးကြလေသည်။ ပါတီ၏ မယုတ်မလွန် သော ဆိုရှယ်လစ်ဝါဒနှင့် ခိုင်မာသောဒီမိုကရေစီဝါဒကြောင့် လေဘာပါတီ သည် လူလတ်တန်းစားများစွာသော မဲဆန္ဒရှင်တို့အား မိမိဘက်သို့ ဆွဲ ဆောင်နိုင်ခဲ့၏။ ခေါင်းဆောင်ကောင်းများရှိသဖြင့်လည်း လူထု၏ ယုံကြည် မှုကိုရရှိခဲ့၏။ ၁၉၃၉ ခုနှစ်မတိုင်မီ ခေါင်းဆောင်ကြီးများမှာ မက္ကဒေါ်နယ်၊ ဖီးလစ် ဆနိုးဒန်၊ အာသာဟင်ဒါဆန်နှင့် ဆစ်ဒနီဝက် တို့ဖြစ်၍ ဒုတိယကမ္ဘာစစ်အပြီးတွင်ကား ပါတီခေါင်းဆောင်ကြီးများမှာ ကလီမင့် အက်တလီ၊ ဆာစတက်ဖို့ကရစ်၊ ဟာဒဗတ်မောရစ်ဆန်၊ အားနက်ဗယ်ဗင်နှင့် ဟာရိုလာ့စကီးတို့ ဖြစ်လေသည်။ ( မက္ကဒေါ်နယ်ရမ္မဆေး၊ ဗက်ဗင်အားနက်၊ အက်တလီကလီမင့် - ၊) ၁၉၄၅ ခုနှစ် ရွေးကောက်ပွဲကြီးအပြီးတွင် လေဘာပါတီ၏ ခေါင်းဆောင် ကလီမင့်အက်တလိသည် အောက်လွှတ်တော်တွင် လေဘာ ပါတီဝင် အမတ်အများစုက ထောက်ခံမှုဖြင့် ဝန်ကြီးချုပ်ဖြစ်လာခဲ့လေသည်။ ဤတွင် လေဘာအစိုးရသည် အဂ‡လန်ဘဏ်တိုက်ကြီးကိုလည်းကောင်း၊ အမျိုးမျိုးသော စက်မှုလုပ်ငန်းကြီးများကိုလည်းကောင်း၊ လူမှုလုံခြုံရေးလုပ် ငန်းနှင့် ကျန်းမာရေးလုပ်ငန်းများကိုလည်းကောင်း ပြည်သူပိုင်ပြုလုပ်ခဲ့ကြ လေသည်။ သို့ရာတွင် စီးပွားရေးအခြေအနေ မတိုးတက်ဘဲရှိပြီးလျှင် ၁၉၅၁ ခုနှစ် ရွေးကောက်ပွဲတွင် လေဘာပါတီ အရေးရှုံးနိမ့် သွားရလေသည်။ ၁၉၆၄ ခုနှစ် ရွေးကောက်ပွဲတွင် လေဘာပါတီ တစ်ဖန်အနိုင်ရခဲ့ပြန်၍ လေဘာပါတီခေါင်းဆောင် ဟာရိုဝီလဆန်သည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သို့သော် အတိုက်အခံဖြစ်သော ကွန်ဆားဗတစ် အဖွဲ့အပေါ်တွင် မဲအသာရမှု မှာ မပြောပလောက်သဖြင့် လေဘာအစိုးရအဖွဲ့သည် ထင်သလောက် ဆောင် ရွက်နိုင်ခြင်းမရှိခဲ့ချေ။ သို့ဖြစ်၍ ၁၉၆၆ ခုနှစ်၊ မတ်လ ၁ဝ ရက်နေ့တွင် ပါလီမန်ကိုဖျက်သိမ်းကာ ထိုနှစ် မတ်လ ၃၁ ရက်နေ့တွင် အထွေထွေရွေး ကောက်ပွဲကြီး ကျင်းပခဲ့သောအခါ လေဘာပါတီကပင် အနိုင်ရခဲ့ပြန်ရာ လေဘာပါတီခေါင်းဆောင် ဟာရိုဝီလဆန်ပင် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)