လေပန်းမီးခွက်

ဝီကီပီးဒီးယား မှ

သံ၊ ကြေး စသော သတ္တုများကို ဂဟေဆော်ရာ၌ လည်းကောင်း၊ သုတ်လိမ်းထားသော ဆေးဟောင်းများကို အပူရှိန်ပေး၍ ခြစ် ခွာယူရာ၌လည်းကောင်း၊ အသုံးပြုလေ့ရှိကြသော လေပန်းမီးခွက်ကို တွေ့မြင် ဖူးကြပေမည်။ လေပန်းမီခွက်မှ မြည်သံတရှူးရှူးဖြင့် ထွက်နေသောမီးသည် အပူ ရှိန်အလွန်ပြင်းထန်၏။ အပူရှိန်ပြင်းထန်ရခြင်းမှာ လေထုအတွင်းမှ အော် ဆီဂျင်ကို အပိုသွင်းယူ၍ လောင်စာဖြစ်သောဓာတ်ငွေ့နှင့် ရောစပ်ပေးထား သောကြောင့် ဖြစ်ပေသည်။ သဘောမှာ ဗွန်ဆင်မီးတိုင်နှင့် အတူတူပင်ဖြစ် ၏။ လေပန်းမီးခွက်တွင် ရေနံ၊ အရက်ပျံ၊ ဓာတ်ဆီ၊ သို့မဟုတ် ဗင်ဇင်းတစ်ခုခုကို လောင်စာအဖြစ်အသုံးပြုနိုင်သည်။ လောင်စာသည် အပူ နှင့်ဖိအားကြောင့် အရည်ဘဝမှ အငွေ့အဖြစ်သို့ပြောင်းလဲသွားသည်။ လောင် စာကို ပြွန်ထိပ်ရှိ အလွန်သေးငယ်သော အပေါက်ကလေးမှ ပန်းထွက်စေ၍ လေကိုမူ အပေါက်ကြီးများမှဝင်စေသည်။ မှုတ်ထုတ်လိုက်သော လောင်စာ သည် အလွန်ကြီးမားသောအရှိန်ဖြင့် ထွက်လာသည်နှင့်အမျှ လေကလည်း တိုး၍ ဝင်လိုက်လာသည်။ သို့သော် ရေနံထက် အငွေ့ပိုပျံလွယ်သော လောင် စာများကို အသုံးပြုသည့် လေပန်းမီးခွက်မျိုးတွင် ပြုလုပ်စီမံထားပုံမှာ သာ မန် လေပန်းမီးခွက်နှင့် တစ်နည်းတစ်ဖုံကွဲလွဲပေသည်။ လေပန်းမီးခွက်ကို လွယ်ကူပေါ့ပါးစွာ ယူဆောင်သွားလာနိုင် သည်။ လေတိုက်နေစဉ်မှာပင် အကာအရံမလိုဘဲ အသုံးပြုနိုင်သည်။ လောင် စာအိုးထဲ၌ လေဖိအားအလွန်နည်းသွားသော အခါမျိုးတွင် လောင်စာရည် ပန်းထွက်ရာပြွန်ထိပ်၌ အရောင်ရှိ၍မီးခိုးများသောမီးမျိုးဖြင့် တောက်လောင် တတ်လေသည်။ ကောင်းစွာတောက်လောင်သော လေပန်းမီးခွက်မီးတွင် အရောင်မရှိချေ။ အသေအချာကြည့်လျှင် ထိုမီးသည် ပြွန်ထိပ်ရှေ့မှ အနည်း ငယ်ခွာ၍ လောင်စာငွေ့နှင့်လေတို့ရောစပ်သော နေရာရောက်မှ တောက် လောင်သည်ကို တွေ့ရသည်။ ရေနံလေပန်းမီးခွက်တွင် လေထိုးတံပါ၍ လေ ကိုလိုသလို ထိုးပေးရန်လို၏။ သို့သော် အရက်ပျံ၊ ဗင်ဇင်း၊ သို့မဟုတ် ဓာတ်ဆီကို လောင်စာအဖြစ်အသုံးပြုသော လေပန်းမီးခွက်များတွင်မူ လေ ထိုးတံမလိုချေ။ လေပန်းမီးခွက်တွင် အသင့်အတင့် ပူလာသည်နှင့်တစ်ပြိုင် နက် မီးသည် အလိုလိုအရှိန်ရသွားလေသည်။ ရေနံလေပန်းမီးခွက်ကို အသုံးပြုမည်ကြံလျှင် ရှေးဦးစွာ ရေနံအိုး ထဲ၌ ရေနံလေးပုံသုံးပုံခန့်ထည့်ထား၍ လေပေါက်ကိုပိတ်ထားရ၏။ ထို့ နောက် ပြွန်နှုတ်သီးအောက်ဘက်ရှိ ခွက်ငယ်တွင် အရက်ပျံ အနည်းငယ် ထည့်၍ မီးရှို့ပေးရသည်။ အတန်ကြာ၍ လေထိုးတံဖြင့် လေတစ်ချက် နှစ် ချက် ထိုးပေးသောအခါ ပြွန်ရှေ့၌မီးစွယ် စတင်ဖြစ်ပေါ်လာသည်။ ထိုမီးစွယ် သည် ပထမတွင် အသံကျယ်စွာ မြည်နေမည်ဖြစ်သော်လည်း မကြာမီပင် မြည်သံမှန်လာကာ အပူရှိန်လည်း တဖြည်းဖြည်းနှင့် အလွန်ပြင်းထန်လာလေ သည်။ အရက်ပျံ၊ ဓာတ်ဆီစသည်တို့ဖြင့် ထွန်းရသော လေပန်းမီးခွက် များတွင်မူ ဆီထွက်သည့်အပေါက်၌ အပ်ကလေးဖြင် စီမံထားသော အခင်ပါ ရှိ၍ ထိုအခင်ကို ခလုတ်ဖြင့်လိုသလို ပိတ်နိုင်၊ ဖွင့်နိုင်လေသည်။ ဤ လေပန်းမီးခွက်မျိုးကို လျင်မြန်စွာထွန်းညိ|နိုင်သော်လည်း ပေါက်ကွဲတတ် သဖြင့် သတိနှင့် ကိုင်တွယ်အသုံးပြုရန်လိုပေသည်။ အိမ်သုံးလေမီးဖိုများကို ပြုလုပ်ထားပုံ သဘောမှာလည်း လေပန်း မီးခွက်နှင့် အတူတူပင် ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)