လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) သည် အမြတ်အစွန်းမယူသောအဖွဲ့အစည်းတခုဖြစ်ပြီး ၂၀ဝ၀ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပါသည်။ လူထုအခြေခံအဖွဲ့အစည်းများနှင့် ရပ်ရွာလူထုများအတွက် သင်တန်းများနှင့် လှုံ့ဆော်မှု များစွာကို အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိပါသည်။ ရပ်ရွာလူထုခေါင်းဆောင်များ၊ အမျိုးသမီးများ၊ လိင်စိတ် ကွဲပြားနေသူများနှင့် လူငယ်များကို လူ့အခွင့်အရေးပညာပေးသူများဖြစ်လာစေရန်အတွက် စွမ်းရည်မြှင့်ပေးနိုင်သော ပူးပေါင်းပါဝင်လေ့လာသည့်နည်းလမ်းဖြင့် ပို့ချလုပ်ဆောင်လျက်ရှိပါသည်။

လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)သည် မြန်မာနိုင်ငံအတွင်း အမျိုးမျိုးကွဲပြားလျက်ရှိသော လူမှုအဖွဲ့အစည်း များအတွင်း လူ့အခွင့်အရေးများဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်ပြီး လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေးသင်တန်းများနှင့် လူ့အခွင့်အရေး ပညာပေးနည်းပြသင်တန်းများအပြင် ခေါင်းဆောင်မှု၊ အခြား လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အတတ်ပညာသင်တန်းများကို ပို့ချပေးလျက်ရှိပါသည်။ ထိုင်းမြန်မာနယ်စပ်တွင်အခြေစိုက် လှုပ်ရှားလျက်ရှိပြီး အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်များနှင့် မြန်မာနိုင်ငံပြည်တွင်းရှိ ထိစပ်နိုင်သောဒေသများတွင် လူ့အခွင့်အရေးပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိပါသည်။

မိမိတို့သည် လူ့အခွင့်အရေးပညာပေးနိုင်ရန်အတွက် ရက်ရှည်၊ ရက်တိုကာလသင်တန်းများကို ပို့ချရုံသာမက လူ့အခွင့် အရေးပညာပေးဆိုင်ရာ စာအုပ်စာတမ်းများနှင့် ပိုစတာများ ထုတ်ဝေခြင်း၊ အလုပ်သင်အစီအစဉ်များဖြင့် လေ့ကျင့် ပေးခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။ လူထုအခြေခံအဖွဲ့အစည်းများအတွင်း တက်ကြွစွာလှုပ်ရှားသူများ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ အမျိုးသမီးများ၊ လိင်စိတ်ကွဲပြားနေသူများနှင့် လူငယ်များအနေဖြင့် လူ့အခွင့်အရေး ပညာပေးသူများ ကိုယ်တိုင်ဖြစ်ပေါ်လာနိုင်စေရေးအတွက် ပူးပေါင်းပါဝင်သည့် သင်ကြားမှုနည်းစနစ်ကို အသုံးပြု၍ စွမ်းရည်မြင့်လုပ်ဆောင်ပေးလျက်ရှိပါသည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် လွန်စွာဆိုးဝါးလျက်ရှိနေပါသည်။ တိုင်းရင်းသားလူမျိုးစုများ နေထိုင် လျက်ရှိသော နယ်စပ်ဒေသများတွင် ဆယ်စုနှစ်(၆)ခုတိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေ ဆဲဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စစ်အာဏာရှင်စနစ်က လွှမ်းမိုးချုပ်ကိုင်နေဆဲပင်ဖြစ်ပြီး စစ်တပ်က အမျိုးသမီးများနှင့် လူမျိုးစု တိုင်းရင်းသားများကို ပစ်မှတ်ထားကာ မုဒိမ်းကျင့်ခြင်း၊သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပမ်း ခြင်းနှင့် ကျေးကျွန်သဖွယ်ပြုမူခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ဆဲဖြစ်သည်။

လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်နေရုံသာမက သတင်းအချက်အလက်များကို တင်းကျပ်စွာထိမ်းချုပ်ထားမှု ကြောင့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် မည်သည့်အကြောင်း အရာကိုမှ မြန်မာနိုင်ငံအတွင်းတွင် လေ့လာနိုင်စွမ်း မရှိကြပါ။ ထုတ်ဝေသည့် စာအုပ်စာတမ်းများ အားလုံးမှာ စစ်အာဏာရှင်တို့၏ တင်းကြပ်သောစာပေစိစစ်မှုအောက်တွင် ဖြတ်တောက်ခံခဲ့ကြရသည်။ ၁၉၈၈ ခု လူထုအုံကြွမှုနောက်ပိုင်းမှသာ အဝေးရောက်နိုင်ငံရေးလှုပ်ရှားသူများက စတင် ကာ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် စာအုပ်စာတမ်းများထုတ်ဝေခြင်း၊ သင်တန်းဆွေနွေးပွဲများပြုလုပ်ခြင်းတို့ကို လုပ်ဆောင်၍ လူ့အခွင့်အရေးလုပ်ငန်းများကို မြန်မာပြည်သူများအတွင်း ပြန့်နှံ့အောင်လုပ်ဆောင်လာခဲ့ကြသည်။ သို့သော် လေ့လာရသည့် စာအုပ်စာတမ်းအများစုမှာ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် နိုင်ငံ တကာ ဘာသာစကားကျွမ်းကျင်မှုနည်းပါးခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာဝေါဟာရများနှင့် အလှမ်းကွာဝေးခြင်း တို့ကြောင့် လူ့အခွင့်အရေးပညာပေးလုပ်ငန်းများမှာ မျှော်မှန်းထားသလိုထိရောက်မှုမရှိခဲ့ကြပေ။

လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ အခြေခံလူတန်းစားအဖွဲ့အစည်းများသို့ထိုးဖေါက်နိုင်ရန်အတွက် လက်တွေ့ကျသော လူ့အခွင့်အရေးပညာပေးမှုနှင့် စွမ်းရည်မြင့်မားအောင်လုပ်ဆောင် သည့် အစီအစဉ်များလုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေပါသည်။ ထိုလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းပေးနိုင်ရန်အတွက် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)ကို ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။ စတင်ထူထောင်ခဲ့သော ၂၀ဝ၀ခုနှစ်ကတည်းက လူ့အခွင့်အရေး ပညာပေးမှုလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်လာခဲ့ပြီး ယနေ့အထိ အဖွဲ့အစည်းအသီးသီးမှ သင်တန်းများ ပို့ချ ပေးရန်အတွက် တောင်းဆိုမှုများကို အဆက်မပြတ် လက်ခံရရှိနေ လျက်ရှိ်သည်။

လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)အနေဖြင့် သင်တန်းသားများကိုယ်တိုင် ပါဝင်လေ့လာ သင်ယူနည်းကသာ လေ့လာသူများ၏စွမ်းရည်ကို မြင့်တင်ပေးရာရောက်ပြီး အမှန်တကယ် လက်တွေ့ကျသောလှုပ်ရှားပြောင်းလဲမှုများကို ဆောင်ကျဉ်းပေးနိုင်သည်ဟု အလေးအနက်ခံယူ သည်။ ဆရာကိုဗဟိုပြုသောသင်ကြားနည်းသည် လူမှုလုပ်ငန်းများ ပြုပြင်ပြောင်းလဲရန်အတွက် အရေးကြီးလှသည့် လူတစ်ယောက်ချင်းစီ၏ သဘောထားနှင့် အပြုအမူများ ပြောင်းလဲရန် ဆိုသည့် ရည်ရွယ်ချက်ကို ရရှိနိုင်အောင်မလုပ်ဆောင်နိုင်ကြောင်းကို မိမိတို့အနေဖြင့် သုံးသပ်မိပါသည်။ လေ့လာ သူများ၏ ပါဝင်လုပ်ဆောင်မှုကို အားနည်းစေသည့် ဆရာကိုဗဟိုပြုသော သင်ကြားမှုပုံစံမျိုးဖြင့် လေ့လာသူများ၏ စွမ်းရည်ကို မြင့်တင်နိုင်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ထိုသို့ ယုံကြည်သည့်အတိုင်း လူ့အခွင့်အရေး ပညာပေးဌာန(မြန်မာနိုင်ငံ)သည် သင်ယူလိုသူများ၏ လိုလားချက်၊ အတွေးအမြင်များအပေါ်အခြေခံထားသည့် လူ့အခွင့်အရေး ပညာပေးမှုများကို လုပ်ဆောင်လျှက်ရှိပါသည်။ သင်ယူသူများ၏စွမ်းရည်ကို မြင့်တင်ပေးခြင်းဖြင့် လူ့အခွင့်အရေးအကြောင်းကို ပိုမိုနားလည်သဘောပေါက်လာစေအောင်နှင့် လူ့အခွင့်အရေးများ ကို အသုံးချစေနိုင် အောင် ရည်မှန်းလုပ်ဆောင်လျှက်ရှိပါသည်။

ရည်မှန်းချက်[ပြင်ဆင်ရန်]

  • ကျားမတန်းတူညီမျှနှင့် ကျွမ်းကျင်မှုကိုအခြေခံသော လူ့အခွင့်အရေးနှင့်သင်တန်းများကို လူထုလူတန်းစားများအကြား ကျင်းပပြုလုပ်သွားရန်။
  • နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် ယန္တရားများဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အဓိကလူ့အခွင့်အရေးသဘောတူ စာချုပ်များဖြစ်ကြသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း(UDHR) အမျိုးသမီးများအား နည်းမျိုး စုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ဖျက်သိမ်းရေးစာချုပ်(CEDAW) အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့် အရေး သဘောတူစာချုပ် (ICCPR) အပြည်ပြည်ဆိုင်ရာ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးအခွင့်အရေးများ သဘော တူစာချုပ် (ICESCR) လူမျိုးရေး ခွဲခြားဖိနှိပ်မှုပုံစံအားလုံး ဖျက်သိမ်းရေးစာချုပ်(CERD) ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) နှင့် ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်တို့ကို မြန်မာပြည်သူများအကြား ပိုမိုနားလည်သဘောပေါက်စေလာအောင် ကြိုးပမ်းလုပ်ဆောင်သွားရန်။
  • မြန်မာနိုင်ငံတစ်ဝှမ်းလုံးနှင့် နယ်စပ်ဒေသများတွင် ကျွမ်းကျင်မှုရှိသော လူ့အခွင့်အရေးပညာပေးသင်တန်းနည်းပြများ ပေါ်ထွန်းလာစေရန်နှင့် လူထုအဖွဲ့အစည်းအသီးသီး၏ စွမ်းရည်များပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် သင်တန်း နည်းပြသင်တန်းများကို အဆက်မပြတ်လုပ်ဆောင်သွားရန်။
  • HREIB ၏ ဦးတည်ချက်များပြည့်ဝနိုင်စေရန် လိုအပ်သည့် လူတိုင်းနားလည်လွယ်ကူစွာ ဖတ်ရှုအသုံးချနိုင်သော သင်တန်းပို့ချုမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ လမ်းညွှန်လက်စွဲများနှင့် အခြားသောထုတ်ဝေမှုများကို ဆောင်ရွက်သွားရန်၊
  • လိင်ကွဲပြားမှုအခြေခံ၍ ခွဲခြားသောအချက်များအကြောင်းကို ပိုမိုနားလည်သဘောပေါက်လာမိစေရန်နှင့် ထိုအချက်များသည် လူ့အခွင့်အရေးနှင့် မည်ကဲ့သို့ဆက်စပ်နေသည်ကို သတိပြုမှုများတိုးပွားလာစေရန်အတွက် ရည်ရွယ်၍ လက်ရှိလုပ်ငန်းအမျိုးမျိုးတွင် အကောင်အထည်ဖေါ်လုပ်ဆောင်သွားရန်။

မျှော်မှန်းချက်[ပြင်ဆင်ရန်]

  • လူ့အခွင့်အရေးနှင့် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ အကြောင်းအရာများကို လူ့အဖွဲ့အစည်းအကြား ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်နားလည်စေပြီး လှုပ်ရှားဆောင်ရွက်မှုများ လုပ်ဆောင်လာစေရန်။
  • မြန်မာနိုင်ငံ၏ကျောင်းများအားလုံး၏ သင်ရိုးညွှန်းတမ်းများထဲတွင် တိုးတက်ကောင်းမွန်သည့် လူ့အခွင့်အရေးပညာပေးမှုကို ပြဋ္ဌာန်းထည့်သွင်းသင်ကြားလာနိုင်ရန်။
  • လူ့အခွင့်အရေးမှန်သမျှအား လေးစားသည့် ငြိမ်းချမ်းသော၊ တစ်ဦးနှင့်တစ်ဦး သည်းခံစိတ်ရှည်မှုရှိသော၊ ဒီမိုကရေစီထွန်းကားသော မြန်မာနိုင်ငံသစ်ကိုထူထောင်ရာတွင် လူ့အခွင့်အရေးပညာပေးမှုကို အဓိကကျသော ကရိယာအဖြစ်အသုံးပြုရန်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးပညာပေးဌာနတစ်ခုအနေဖြင့် ဆောင်ရွက်သွားရန်။
  • လူ့အခွင့်အရေးပညာပေးဌာန၏ ကဏ္ဍအသီးသီးနှင့်ပတ်သက်၍ သင်တန်းအမျိုးမျိူးပို့ချသွားရန်။
  • အလုပ်သင်အစီအစဉ်များခေါ်ယူခြင်းနှင့် စာအုပ်စာတမ်းများအပါအဝင် အခြားအထောက်အကူပြုပစ္စည်း အမျိုးမျိုးအား ထုတ်ဝေဖြန့်ချိမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားရန်။
  • မြန်မာနိုင်ငံရှိ အမျိုးမျိုးကွဲပြားခြားနားနေသော လူမျိုးစုတိုင်းရင်းသားများအကြားတွင် နားလည်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ပွားများလာစေရန်အတွက် လူ့အခွင့်အရေးပညာပေးမှုများကို ကရိယာတစ်ခုအနေဖြင့် အသုံးပြုသွားရန်။

အဖွဲ့အစည်း၏ အင်တာနက် စာမျက်နှာ [၁]