မာတိကာသို့ ခုန်သွားရန်

လူရိုးဆိုတာ သင်္ချိုင်းမှာသာရှိ

ဝီကီပီးဒီးယား မှ

လူရိုးဆိုတာ သင်္ချိုင်းမှာသာရှိ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“လူရိုးဆိုတာ သင်္ချိုင်းမှာသာရှိ” ဆိုသည်မှာ လောကတွင် “လူရိုး” (အလွန်ရိုးသားဖြောင့်မတ်သောသူ) သည် “သင်္ချိုင်းမှာသာရှိ” (သေလွန်သောသူများတွင်သာ ရှိတော့သည်၊ ယခုခေတ်တွင် မရှိတော့) ဟု ဆိုလိုသည်။ ဆိုလိုသည်မှာ ယခုခေတ်ကာလတွင် အလွန်ရိုးသားဖြောင့်မတ်သောသူကို ရှာဖွေရန် ခက်ခဲကြောင်း၊ လူအများစုသည် တစ်နည်းမဟုတ်တစ်နည်း မရိုးသားမှုများ ရှိနေကြောင်းကို ဖော်ပြသည်။ လူတို့၏ သစ္စာမဲ့မှုနှင့် ရိုးသားမှုရှားပါးလာခြင်းကို ဝေဖန်ထောက်ပြသော စကားဖြစ်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "လူရိုး သင်္ချိုင်းမှာ…ဆိုသော စကားများသည် မရိုးသားသူ၊ မရိုးသားလိုသူ၊ မရိုးဖြောင့်သောလုပ်ငန်းနှင့် အသက်မွေးသူတို့၏ လက်သုံးစကားများဖြစ်ကြ၍…၊" []
  • "လူရိူးမည်သည် သင်္ချိုင်းတွင်သာ ရှိစမြဲသော ဤသို့သော ခေတ်မျိုးတွင် ဘယ်သူကိုမျှ မယုံကြရ…၊" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၀၉] လက်ပြန်ရေး။ ၇၇။
  3. [၁၃၁၁-ခန့်] မှုံ။ ၅။