လူရည်ချွန် စီမံကိန်း
လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲ(အင်္ဂလိပ်: Outstanding Student Selection Examination)သည် ဆယ်စုနှစ်များစွာ သန္ဓေတည် ဖွံ့ဖြိုးလာခဲ့၍ နိုင်ငံ့သားကောင်း ရတနာများစွာ မွေးထုတ်ပေးခဲ့သည့် အစဉ်အလာကောင်း ရှိခဲ့သော ပညာရေး စီမံကိန်း လုပ်ငန်း ဖြစ်သည်။
| လူရည်ချွန် | |
|---|---|
၂၀၂၄ လူရည်ချွန် တံဆိပ် | |
| တည်နေရာ | မြန်မာနိုင်ငံ |
| စတင်တည်ထောင် | ၁၉၆၄ ခုနှစ် |
သမိုင်း
[ပြင်ဆင်ရန်]"လူရည်ချွန် စီမံကိန်း"ကို ၁၉၆၃-၁၉၆၄ ပညာသင်နှစ်မှ စတင်ရွေးချယ်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် ပထမဆုံး လူရည်ချွန် မောင်မယ်များ ပေါ်ထွက်လာခဲ့သည်။ စတင်နှစ်တွင် သတ္တမတန်းမှ ဒသမတန်းအထိ ရွေးချယ်ခဲ့သည်။ နောက်နှစ်များတွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ ကျောင်းသားကျောင်းသူများကိုပါ တိုးမြှင့်ရွေးချယ်သည်။ ၁၉၈၈ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတု လူရည်ချွန် စီမံကိန်းအထိ နှစ်စဉ် ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှစပြီး ခေတ္တရပ်နားခဲ့သည့် လူရည်ချွန် စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ဘက်စုံပညာ ထူးချွန်လူငယ် စီမံကိန်းအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့သည်။[၁] ၁၉၆၄ ခုနှစ်မှ လူရည်ချွန် စီမံကိန်းစတင်သည့် နှစ် (၅၀) မြောက် ရွှေရတုနှစ် ဖြစ်သည့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံတစ်လွှားမှ လူရည်ချွန် ရွေးချယ်ခံခဲ့ရသူများကို စုစည်း၍ လူရည်ချွန် (၁၉၆၄-၁၉၈၈) အဖွဲ့ တစ်ခုကို ထူထောင်သည်။[၂] ၂ဝ၁၈ ခုနှစ်တွင် လူရည်ချွန် စီမံကိန်း အမည်နှင့် ပြန်လည် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှ စ၍ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရသည့် အခြေအနေကြောင့် လူရည်ချွန် စီမံကိန်းကို ခေတ္တရပ်နားခဲ့ရာမှ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ပြန်လည်အကောင်အထည်ဖော်ခဲ့သည်။ စနစ်သစ်ပညာရေးအရ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စ၍ နဝမတန်းမှ ဒွါဒသမတန်းအထိ ပြန်လည်ရွေးချယ်ခဲ့သည်။[၃] ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ် ပထမနှစ် လူရည်ချွန်ကိုပါ ထည့်သွင်း ရွေးချယ်ခဲ့သည်။[၄]
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဗဟိုအဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီး၍ ရွေးချယ်လိုက်သော လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံပိုင်သတင်းစာများတွင် တရားဝင် ကြေညာပြီးဖြစ်သော်လည်း လတ်တလော ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီး၏ ပျက်စီးဆုံးရှုံးမှုများကြောင့် နှစ်စဉ် မေလဆန်းတွင် ကျရောက်သည့် လူရည်ချွန် မောင်မယ်များအား အပန်းဖြေစခန်း အသီးသီးသို့ ပို့ဆောင်ခြင်းလုပ်ငန်းစဉ်ကို ပယ်ဖျက်လိုက်သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာအဆင့်တွင် နဝမတန်းမှ ဒွာဒသမတန်းအထိလည်းကောင်း၊ အဆင့်မြင့်အဆင့်တွင် တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ်တို့တွင်လည်းကောင်း လူရည်ချွန် ရွေးချယ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။
ရည်ရွယ်ချက်
[ပြင်ဆင်ရန်]နိုင်ငံတော်၏ လူမှုရေး ဦးတည်ချက် တစ်ရပ်ဖြစ်သည့် "ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး"ဟူသည့် ဦးတည်ချက်ကို ပေါက်မြောက် အောင်မြင်ရန်အတွက် လာမည့် ပညာသင်နှစ်များတွင်လည်း အနာဂတ်မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ဖော်ထုတ်နိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်သည်။
နှစ်အလိုက် လူရည်ချွန် စာရင်း
[ပြင်ဆင်ရန်]ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
လူရည်ချွန် စီမံကိန်း (၁၉၆၃ ~ ၁၉၈၈)
[ပြင်ဆင်ရန်]၁၉၆၀ ပြည့်နှစ်များ
[ပြင်ဆင်ရန်]၁၉၇၀ ပြည့်နှစ်များ
[ပြင်ဆင်ရန်]၁၉၈၀ ပြည့်နှစ်များ
[ပြင်ဆင်ရန်]ဘက်စုံပညာ ထူးချွန်လူငယ် စီမံကိန်း (၂၀၁၄ ~ ၂၀၁၇)
[ပြင်ဆင်ရန်]၂၀၁၀ ပြည့်နှစ်များ
[ပြင်ဆင်ရန်]လူရည်ချွန် စီမံကိန်း (၂၀၁၈ ~ )
[ပြင်ဆင်ရန်]၂၀၁၀ ပြည့်နှစ်များ
[ပြင်ဆင်ရန်]၂၀၂၀ ပြည့်နှစ်များ
[ပြင်ဆင်ရန်]အခြား ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ လူရည်ချွန် စီမံကိန်း ပြန်စ။ The Irrawaddy (၁ မတ် ၂၀၁၃)။ ၁၂ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဘိုးဘွားတွေရဲ့ကောင်းမွေကို ဆက်ခံဖြန့်ဝေနိုင်တာ လူရည်ချွန်တွေပါ။ Myanmar Digital News (၂၄ ဧပြီ ၂၀၂၃)။ ၁၂ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်စီမံကိန်းဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ။ Myanmar Digital News (၃၀ ဇန်နဝါရီ ၂၀၂၄)။ ၁၂ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် လူရည်ချွန် ကျောင်းသား/ ကျောင်းသူများ၏ အမည်စာရင်း ကြေညာ။ ပြန်ကြားရေးဝန်ကြီးဌာန (ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်) (၆ မတ် ၂၀၂၅)။ ၁ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။