မာတိကာသို့ ခုန်သွားရန်

လူမစွမ်းကို ချီးမွမ်းလေလေ ဖျင်းလေလေ

ဝီကီပီးဒီးယား မှ

လူမစွမ်းကို ချီးမွမ်းလေလေ ဖျင်းလေလေ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“လူမစွမ်းကို ချီးမွမ်းလေလေ ဖျင်းလေလေ” ဆိုသည်မှာ “လူမစွမ်း” (အရည်အချင်း မရှိသူ၊ ဉာဏ်ပညာ နည်းပါးသူ) ကို “ချီးမွမ်းလေလေ” (အလွန်အကျွံ ချီးကျူးလေလေ) “ဖျင်းလေလေ” (အရည်အချင်း ပိုမိုညံ့ဖျင်းလာလေလေ) ဖြစ်သည်ဟု ဆိုလိုသည်။ အရည်အချင်း မရှိသူကို အလွန်အကျွံ ချီးကျူးပါက မိမိကိုယ်ကို အထင်ကြီးလာပြီး တိုးတက်ရန် ကြိုးစားအားထုတ်မှု လျော့နည်းသွားတတ်သည်။ ထို့ကြောင့် အရည်အချင်း ပိုမို ညံ့ဖျင်းလာနိုင်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ချီးမွမ်းခြင်းကို သင့်တင့်မျှတစွာ ပြုလုပ်သင့်ကြောင်းနှင့် လူတစ်ဦး၏ တိုးတက်မှုအတွက် မှန်ကန်သော တုံ့ပြန်မှု (feedback) ၏ အရေးပါမှုကို ဖော်ပြသည်။ “လူမစွမ်းကို ချီးမွမ်းလေလေ ရိလေလေ” ဟူ၍လည်း အသုံးပြုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "လူမစွမ်းကို ချီးမွမ်းလေလေ ရိလေလေဟူ၍ ပညာရှိတို့ ဆိုဖူးသည်။ လူမစွမ်းဆိုရာ၌ မလိမ္မာ မိုက်မဲ၍ ကောင်းကျိုး မကောင်းကျိုးကို မသိသောသူကို ဆိုသည်။" []
  • "ရှေးသူတော်ကောင်းတို့လည်း လူမစွမ်းကို ချီးမွမ်းလေလေ ဖျင်းလေလေဟူ၍ ဆိုစကုန်သည်။ …ထိုလူမိုက်ကို ချီးမွမ်းချေလျှင် အကောင်းမှတ်၍ မကောင်းမှုကို ပြုကျင့်လေသော် ချီးမွမ်းသသူပင် တိုက်တွန်းနှိုးဆော်ရာ ကျချေသည်။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၁၀၄-ခန့်] ကန်မင်းဖြေ။ ၁၄၀။
  3. [၁၁၄၃] ဏိပုံ။ ၁၀၂။