လူကို ယုံသော်လည်း ကုန်ကို အကြွေးမပေးနှင့်
ပုံပန်းသွင်ပြင်
လူကို ယုံသော်လည်း ကုန်ကို အကြွေးမပေးနှင့် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“လူကို ယုံသော်လည်း ကုန်ကို အကြွေးမပေးနှင့်” ဆိုသည်မှာ လူတစ်ဦးကို မည်မျှပင် “ယုံ” (ယုံကြည်) စိတ်ချရပါစေ “ကုန်” (ကုန်ပစ္စည်း) ကို “အကြွေးမပေးနှင့်” (ငွေနောက်မှ ပေးချေရန်အတွက် မရောင်းချသင့်) ဟု ဆိုလိုသည်။ လူတစ်ဦးကို ယုံကြည်သော်လည်း ငွေကြေးကိစ္စတွင် မရေရာမှုများ ရှိနိုင်သောကြောင့် ကုန်ပစ္စည်းကို အကြွေးဖြင့် ရောင်းချခြင်းသည် စီးပွားရေးအရ အန္တရာယ်ရှိနိုင်သည်ဟု ဆိုလိုသည်။ အကြွေးပေးလိုက်ပါက ငွေပြန်မရခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများ ကြုံတွေ့နိုင်သောကြောင့် ဖြစ်သည်။ ဤဆိုရိုးစကားသည် စီးပွားရေးလုပ်ငန်းများတွင် သတိထားသင့်သော အချက်တစ်ခုကို ဖော်ပြသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- "လူကို ယုံသော်လည်း ကုန်ကို အကြွေးမပေးနှင့်ဆိုသော စကားအရ အကယ်၍ လူကို ယုံကြည်ရင်းရှိသော်လည်း မိမိ ရောင်းချသော ကုန်များကို အကြွေးမပေးလိုက်နှင့်၊ ပေးလိုက်လျှင် ဆုံးပါးတတ်သည်။" [၂]
- "လူကို ယုံသော်လည်း ကုန်ကို အကြွေးမပေးနှင့်ဆိုတဲ့ စကားနှင့်အညီ မိမိ ကုန်စည်ပစ္စည်းများကို ယုံလောက်ပြီထင်မှတ်၍ အကြွေးမပေးလေနှင့်၊" [၃]