လူကလေး၊ ဦး(လှည်းတန်း)

ဝီကီပီးဒီးယား မှ

လှည်းတန်းဦးလူကလေးသည် မြန်မာသက္ကရာဇ်၁၂၃၄ခုနှစ်(ခရစ်နှစ် ၁၈၇၂/၁၈၇၃)ဖွားဖြစ်သည်။ ရှေးကခါက ဦးလူကလေး(၃)ဦးရှိသည်။ အရွယ်အကြီးဆုံးသည် လှည်းတန်းဦးလူကလေး ဖြစ်သည်။ မင်းသားကြီး ဦးစိန်ကတုံး၊ ​ဦးအောင်ဗလဦးဖိုးစိန်တို့၏ သီချင်းရေးစပ်သူဖြစ်၍ ကာလသံဆန်းတေးများကို အများဆုံး ဒိုင်ခံရေးစပ်ခဲ့ရာမှ “သံဆန်း” ဦးလူကလေးဟု အလွန်ကျော်ကြားခဲ့သူဖြစ်သည်။ သို့သော် မျက်စိနှစ်ကွင်း အလင်းမရ၍ ဆရာကြီးနှုတ်မှ ရွတ်ဆိုသမျှ စာသားကိုလိုက်၍ အမီရေးကြရပြီး သီချင်းတီးလုံးတီးကွက်ကို ကိုယ်ပိုင် ပတ္တလားတီးပြပေးလေ့ရှိသည်။ မဟာဂီတသီချင်းစုနှင့် သံဆန်းတေးများကို ကိုယ်တိုင်ကျနစွာ သီဆိုလေ့ရှိသဖြင့် အဆိုပိုင်းတွင်လည်း ကျော်ကြားလှပေသည်။ လှည်းတန်းဦးလူကလေး၏ သားအကြီးဆုံးဖြစ်သူမှာ အသံတိတ်ရုပ်ရှင်ဇာတ်ပို့ နောက်ခံအဆိုကျော် ဦးသိမ်းမောင် (၁၂၆၃-၁၃၀၁) ဖြစ်သည်။ [၁]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. မဟာဂီတ စစ်ကိုင်းလှရွှေ၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၉၄။