မာတိကာသို့ ခုန်သွားရန်

လုမ္ဗနီပန်းခြံ (ဘန်ကောက်)

ဝီကီပီးဒီးယား မှ
ညဘက်တွင် Lumphini Park ရှိ သစ်ပင်များ
Silom-Sathorn ခရိုင်များဆီသို့ မြင်ကွင်း
Ratchadamri-Ratchaphrasong ခရိုင်များဆီသို့ ကြည့်ပါ။
လုမ္ဗနီပန်းခြံ
Lumphini Park
สวนลุมพินี
ဝေဟင်ပေါ်က လှမ်းမြင်ရသော လုမ္ဗနီပန်းခြံ
လုပ်ကိုင်သူဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့

လုမ္ဗနီပန်းခြံ (အင်္ဂလိပ်: Lumphini, ထိုင်း: สวนลุมพินี, RTGS: Suan Lumphini) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တည်ရှိပြီး ဧက ၁၄၂ ဧက (၅၇.၆ ဟက်တာ သို့မဟုတ် ရုဒ် ၃၆၀) ကျယ်ဝန်းသည်။ ဤပန်းခြံသည် မြို့တော်အတွင်း ရှားပါးသော သစ်ပင်အများအပြားနှင့် ကစားကွင်းများပါဝင်သည့် ပွင့်လင်းစိမ်းလန်းသောနေရာဖြစ်ပြီး လာရောက်သူများ လှေငှားစီးနိုင်သည့် ရေကန်အတုတစ်ခုလည်း ရှိသည်။ ပန်းခြံပတ်လည်ရှိ ၂.၅ ကီလိုမီတာခန့် ရှည်လျားသော လမ်းများသည် မနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်သူများအတွက် ရေပန်းစားသော နေရာတစ်ခု ဖြစ်သည်။ စက်ဘီးစီးခြင်းကို နေ့ခင်းဘက် နံနက် ၁၀း၀၀ မှ ညနေ ၃း၀၀ အထိသာ တရားဝင် ခွင့်ပြုထားသည်။ ပန်းခြံတစ်ခုလုံးတွင် ဆေးလိပ်သောက်ခြင်း လုံးဝ တားမြစ်ထားသည်။ မျက်မမြင် လမ်းပြခွေးများမှအပ အခြားခွေးများအား ခွင့်မပြုပါ။ လုမ္ဗနီပန်းခြံအား ဘန်ကောက်မြို့နှင့် ထိုင်းနိုင်ငံတွင် ပထမဆုံး အများပြည်သူပန်းခြံအဖြစ် သတ်မှတ်ကြသည်။။ []

အနောက်ဘက်တွင်မူ လုမ္ဗနီပန်းခြံသည် ဘီတီအက်စ် မိုးပျံရထားလိုင်းဖြစ်သည့် စီလုမ်လိုင်းပေါ်ရှိ ဆာလာဒင်ဘူတာနှင့် MRT အပြာရောင်လိုင်းပေါ်ရှိ စီလုမ်ဘူတာတို့နှင့် နီးကပ်စွာ တည်ရှိပါသည်။ အရှေ့ဘက်တွင်မူ ပန်းခြံသည် ဝိဋ္ဌာယူလမ်း (Wireless Road) ဘေးတွင် တည်ရှိပြီး၊ ထိုလမ်းသည် ပန်းခြံနှင့် အပြာရောင်လိုင်းပေါ်ရှိ လုမ္ဗနီဘူတာကို ပိုင်းခြားထားပါသည်။

သမိုင်း

[ပြင်ဆင်ရန်]
လုမ္ဗနီပန်းခြံ

ဧက ၁၄၂ ဧက (၃၆၀ ရုဒ် သို့မဟုတ် ၅၇ ဟက်တာခန့်) ကျယ်ဝန်းသော ယခု လုမ္ဗနီပန်းခြံမြေသည် မူလက ဆာလာဒင်လမ်းဆုံဟု သိကြသည့် သောင်စလာဒေါင်ဟူသော နေရာဖြစ်ပြီး၊ ဆဋ္ဌမမြောက် ရာမဘုရင်မင်းမြတ်၏ ကိုယ်ပိုင်မြေ ဖြစ်ခဲ့ပါသည်။ ၁၉၂၅ ခုနှစ်တွင် ဘုရင်မင်းမြတ်သည် ဤမြေကို ပြည်သူအများ အကျိုးအတွက် အသုံးပြုနိုင်ရန် နိုင်ငံတော်သို့ လှူဒါန်းခဲ့သည်။ ထိုစဉ်က ထိုင်းနိုင်ငံ၏ ထုတ်ကုန်များနှင့် စက်မှုလုပ်ငန်းပစ္စည်းများကို ထိုင်းလူမျိုးများနှင့် နိုင်ငံခြားသားများအား ပြည်တွင်းပြည်ပ၌ မြှင့်တင်ပြသရန်အတွက် ဆီယမ်ရတ် ဖိဖစ်တတ်ဖန် ကုန်စည်ပြပွဲကို ဤနေရာတွင် ကျင်းပခဲ့သည်။ ပြပွဲအပြီးတွင် ဘုရင်မင်းမြတ်သည် ဤမြေကို ဗုဒ္ဓမြတ်စွာဘုရားရှင်၏ မွေးရပ်မြေဖြစ်သော နီပေါနိုင်ငံ လုမ္ဗိနီကို အစွဲပြု၍ 'လုမ္ဗနီ' ဟု အမည်ပေးကာ ပြည်သူ့ပန်းခြံအဖြစ် ပြောင်းလဲစေလိုခဲ့သည်။ ထိုအချိန်က ထိုနေရာသည် မြို့၏ ဆင်ခြေဖုံးဒေသအဖြစ် သတ်မှတ်ခံရသည်။ ဘုရင်မင်းမြတ်သည် ပန်းခြံတည်ဆောက်ရေး မပြီးမီ ကွယ်လွန်ခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို ပြီးစီးသည်အထိ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဤပန်းခြံသည် ဂျပန်စစ်တပ်၏ စခန်းတစ်ခု ဖြစ်ခဲ့ဖူးပါသည်။

ပန်းခြံ၏ အဝင်ဝတွင် ဘုရင်မင်းမြတ်၏ အထိမ်းအမှတ်ရုပ်တုကြီးကို တွေ့နိုင်ပြီး၊ ပန်းခြံအတွင်း၌ ၁၉၂၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော တရုတ်ပုံစံ နာရီစင်၊ နိုင်ငံ၏ ပထမဆုံးသော ပြည်သူ့စာကြည့်တိုက်၊ ပြည်သူ့ငါးပြတိုက်၊ ကလေးကစားကွင်းများ၊ အားကစားကွင်းများနှင့် ကျယ်ဝန်းသော ရေကူးကန်တို့ ပါဝင်သည်။ ဤပန်းခြံသည် အပင်မျိုးစိတ်ပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး အပန်းဖြေအနားယူရန် သင့်လျော်သော အများပြည်သူပန်းခြံတစ်ခု ဖြစ်ပါသည်။[][]

ယနေ့ခေတ်တွင်မူ လုမ္ဗနီပန်းခြံသည် ဘန်ကောက်မြို့၏ ဗဟိုချက်နေရာတစ်ခုတွင် တည်ရှိပြီး၊ ရာမ ၄ လမ်းမကြီး၏ မြောက်ဘက်ခြမ်း၊ ရာချာဒမ်ရီလမ်းနှင့် ထိစပ်နေသော ပထုန်ဝမ်မြို့နယ်၏ လုမ္ဗနီရပ်ကွက်အတွင်း တည်ရှိပါသည်။ []

ထို့အပြင်၊ လုမ္ဗနီပန်းခြံကို ခလောင်းသွယ်မြို့နယ်တွင်ရှိသော ဘင်ကျကီတီပန်းခြံ (ပဉ္စကိတ္ထိပန်းခြံဟုလည်းခေါ်) နှင့် ကုန်းကျော် လူသွားစင်္ကြံတံတားတစ်ခုဖြင့် ဆက်သွယ်ထားပါသည်။ []

Lumphini Park စာကြည့်တိုက်

Lumphini Park နေရာများ

[ပြင်ဆင်ရန်]

လုမ္ဗနီပန်းခြံသည် ဘက်စုံအသုံးပြုနိုင်သည့် ပန်းခြံတစ်ခု ဖြစ်သည်။ နိုင်ငံသားများနှင့် လာရောက်လည်ပတ်သည့် ခရီးသွားများအတွက် လှုပ်ရှားမှုမျိုးစုံကို ဆောင်ရွက်ရန် နေရာပေးထားပါသည်။ ပန်းခြံသည် သစ်ပင်ပန်းမာန်များနှင့် ရေကန်များ၊ တိရစ္ဆာန်အချို့ရှိသော စိမ်းလန်းသည့် ဧရိယာတစ်ခု ဖြစ်ပါသည်။

King Rama VI ရုပ်တု

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]

အနောက်ဘက်တွင်၊ လုမ္ဗနီပန်းခြံသည် ဘီတီအက်စ် မိုးပျံရထားလိုင်းပေါ်ရှိ ဆာလာဒင်ဘူတာနှင့် အမ်အာတီ အပြာရောင်လိုင်းပေါ်ရှိ စီလုမ်ဘူတာတို့နှင့် နီးကပ်စွာ တည်ရှိပါသည်။ အရှေ့ဘက်တွင်မူ ပန်းခြံသည် အပြာရောင်လိုင်းပေါ်ရှိ လုမ္ဗနီဘူတာနှင့် နီးပါသည်။

လုမ္ဗနီပန်းခြံသို့ ဘီအမ်တီအေ (BMTA) ဘတ်စ်ကားလိုင်းများဖြစ်ကြသော အမှတ်စဉ် ၄၊ ၁၃၊ ၁၄၊ ၁၅၊ ၁၇၊ ၂၂၊ ၄၅၊ ၄၆၊ ၄၇၊ ၅၀၊ ၆၂၊ ၆၇၊ ၇၄၊ ၇၆၊ ၇၇၊ ၈၉၊ ၁၀၉၊ ၁၁၅၊ ၁၁၆၊ ၁၄၉၊ ၄၁၊ ၃၊ ၅၀၇၊ ၅၁၄ နှင့် ၅၄၇ တို့ဖြင့် သွားရောက်နိုင်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 "สวนลุมพินี" สวนสาธารณะแห่งแรกของกรุงรัตนโกสินทร์ กับที่มาของชื่อ "ลุมพินี" (in thai)။ Sinlapa Watthanatham (2020-07-23)။ 2021-01-15 တွင် ပြန်စစ်ပြီး။
  2. Welcome to Lumpini Park 2016-03-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-11-26 တွင် ပြန်စစ်ပြီး။
  3. สวนลุมพินี Lumphini Park (in Thai)။ office.bangkok.go.th May 4, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 1, 2017 တွင် ပြန်စစ်ပြီး။
  4. 7 เส้นทางลับ ของนักวิ่ง (in thai)။ MiX Magazine January 18, 2021 တွင် ပြန်စစ်ပြီး။