လုပ်သားများကောလိပ်
လုပ်သားများ ကောလိပ် | |
| ဆောင်ပုဒ် | Education through Civil Service |
|---|---|
| အမျိုးအစား | အများဆိုင် |
| တည်ထောင် | ၁၉၆၄ |
| တည်ထောင်သူ | စံရွှေ |
ဆရာဦးရေ | ၆၀ |
| ဘွဲ့ကြိုဦးရေ | ၅၀၀ |
| ဘွဲ့လွန်ဦးရေ | none |
| တည်နေရာ | ကိုဩဒိနိတ်: 16°49′47.95″N 96°8′7.61″E / 16.8299861°N 96.1354472°E |
![]() | |
လုပ်သားကောလိပ် သည် ရန်ကုန်တက္ကသိုလ်၏ အဖွဲ့အစည်းတွင်ပါဝင်သည့် ကောလိပ်တစ်ခု ဖြစ်သည်။ ရန်ကုန်မြို့ အရှေ့ဘက် ဗိုလ်တထောင်မြို့တွင် တည်ရှိသည်။ များသောအားဖြင့် အချိန်ပိုင်းကျောင်းသားများအတွက် သိပ္ပံ၊ ဥပဒေ၊ လစ်ဘရယ် ဝိဇ္ဇာ (Liberal Arts) တို့ကို ဘွဲ့ကြိုအစီအစဉ်များဖြင့် သင်ကြားပေးသည်။ လုပ်သားများကောလိပ်သည် ၂၀၀၄ ခုနှစ်ကတည်းက ပရဝုဏ်နယ်မြေကို အသစ်ဖြစ်သည့် မြန်မာနိုင်ငံအမျိုးသားစီမံခန့်ခွဲမှု တက္ကသိုလ် သို့ ပြောင်းလဲခဲ့သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကောလိပ်သည် ရန်ကုန်တက္ကသိုလ်၏ အဖွဲ့ဝင် ကောလိပ်တစ်ခုအနေဖြင့် ရှိခဲ့သည်။ အသက်အရွယ်ရပြီးသောသူများအတွက် တက္ကသိုလ်အဖြစ်တည်ထောင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ရန်ကုန်ကောလိပ်သို့ အမည်ပြောင်းလဲခဲ့သည်။
အစီအစဉ်များ
[ပြင်ဆင်ရန်]ကောလိပ်တွင် ဘွဲ့ကြိုဒီဂရီအစီအစဉ်များကို သင်ကြားပေးလျက်ရှိသည်။ ဝိဇ္ဇာဘွဲ့ရများ (BA)၊ သိပ္ပံဘွဲ့ရများ (BSc)၊ ဥပဒေဘွဲ့ရများ (LLB) များကို ရည်ရွယ်ကာ သင်ကြားပေးလျက် ရှိသည်။
| ဘာသာရပ်များ | ဘွဲ့များ | မဟာဘွဲ့ | ပါရဂူဘွဲ့ |
|---|---|---|---|
| မြန်မာစာ | BA | ||
| အင်္ဂလိပ်စာ | BA | ||
| ပထဝီဝင် | BA | ||
| သမိုင်း | BA | ||
| ဒဿနိကဗေဒ | BA | ||
| စိတ်ပညာ | BA | ||
| ဥပဒေ | LLB | ||
| ရုက္ခဗေဒ | BA | ||
| ဓာတုဗေဒ | BSc | ||
| သင်္ချာ | BSc | ||
| ရူပဗေဒ | BSc | ||
| သတ္တဗေဒ | BSc |
အုပ်ချုပ်ရေးဌာနများ
[ပြင်ဆင်ရန်]- ရုက္ခဗေဒဌာန
- မြန်မာစာဌာန
- ဓာတုဗေဒဌာန
- အင်္ဂလိပ်စာဌာန
- သမိုင်းဌာန
- ဥပဒေဌာန
- သင်္ချာဌာန
- ဒဿနိကဗေဒဌာန
- ရူပဗေဒဌာန
- စိတ်ပညာဌာန
- သတ္တဗေဒဌာန
အဆောက်အဦများ
[ပြင်ဆင်ရန်]- အုပ်ချုပ်ရေးအဆောက်အဦ
- ဘွဲ့နှင်းသဘင်ခန်းမ
- ဓာတ်ခွဲခန်းအဆောက်အဦ
ကိုးကား
[ပြင်ဆင်ရန်]- ↑ National Management University opens at the former Workers College in Botahtaung။ Yangon City Development Committee (2004-11-22)။ 2 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-12-20 တွင် ပြန်စစ်ပြီး။
