ကလို့ ဂျိုဇက် ရှုဇာဒါလီ

ဝီကီပီးဒီးယား မှ
(လီ၊ ရူဇာဒါ မှ ပြန်ညွှန်းထားသည်)
Claude Joseph Rouget de Lisle
Rouget de Lisle sings la Marseillaise for the first time painted by Isidore Pils (1813–1875)
မွေးဖွား(1760-05-10)၁၀ မေ၊ ၁၇၆၀
Lons-le-Saunier
ကွယ်လွန်၂၆ ဇွန်၊ ၁၈၃၆(1836-06-26) (အသက် ၇၆)
Choisy-le-Roi, Seine-et-Oise]]
သစ္စာခံနိုင်ငံ ပြင်သစ်
လက်နက်ကိုင်တပ်ပြင်သစ် တပ်မတော်
အမှုထမ်း ကာလ1784–1793
ရာထူးအဆင့်Captain
ဆုတံဆိပ်များChevalier. Légion d'honneur (1831)
အခြား အလုပ်Chant de guerre pour l'armée du Rhin La Marseillaise

ကမ္ဘာ့နိုင်ငံအသီးအသီးရှိ နိုင်ငံတော်သီချင်းများအနက် အထင်ရှားအကျော်ကြားဆုံးနှင့် တိုင်းသူပြည် သား လူအများတို့အား စိတ်ဓာတ်အတက်ကြွစေဆုံးသော နိုင်ငံတော်သီချင်းမှာ ပြင်သစ်နိုင်ငံတော်သီချင်း လာ မာဆေလျဲဇ် ဖြစ်သည်။ ထိုနိုင်ငံတော် သီချင်းကို ပြင်သစ်တပ်မတော်မှ ဗိုလ်ကြီးကလို့ ဂျိုဇက်ရှုဇာဒါလီက ၁၇၉၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် စထရက်စဗူးမြို့၌ ရေးစပ်သီကုံးခဲ့လေသည်။


ကလို့ဂျိုးဇက်ရူဇာဒါလီသည် ၁၇၆ဝ ပြည့်နှစ်၊ မေလ ၁ဝ ရက် နေ့တွင် ဖွားမြင်ခဲ့၍ ငယ်စဉ်ကပင် ဂီတာနှင့် ပြဇာတ်ဘက်တို့တွင် ဝါသနာထုံခဲ့၏။ ကဗျာစပ်ခြင်းနှင့် ဝတ္ထုရေးခြင်းတို့ကိုလည်း လေ့လာခဲ့သေး၏။ ၁၇၉၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံသည် ပရပ်ရှားနှင့် ဩစတီးယားနိုင်ငံများကို စစ်ကြေညာခဲ့ပြီး၍ ရက်အနည်းငယ်အကြာတွင် ဗိုလ်ကြီးအဖြစ် အမှုထမ်းနေခဲ့သော ရူဇာဒါလီသည် စထရက်စဗူးမြို့သို့ ရောက်ရှိသွားခဲ့၏။ ဧပြီလ၊ ၂၅ ရက်နေ့တွင် စထရက်စဗူးမြို့တော်ဝန်က ပြုလုပ်ခဲ့သော ဧည့်ခံ ပွဲသို့ တက်ရောက်သည့်အခါ အမျိုးသား သီချင်းတစ်ပုဒ်လိုအပ်ကြောင်းကို စကားစပ်၍ ပြောဆိုမိကြလေသည်။

မျိုးချစ်စိတ်မွှန်နေသော ရူဇာဒါလီသည် အိမ်သို့ပြန်၍ သီချင်းရေး စပ်ရာ တစ်နာရီအတွင်း ပြီးစီးလေသည်။ ထိုစဉ်က မိမိတို့စစ်တပ်သည် ရိုင်းမြစ်တစ်လျှောက်တွင် စခန်းချလျက်ရှိသဖြင့် ရူဇာဒါလီသည် ထိုသီချင်းကို ရိုင်းမြစ်တပ်မတော်၏ စစ်ချီသံ ဟု မှည့်ခေါ်ခဲ့၏။ သို့သော် နောင် အခါ မာဆေးမြို့မှ တော်လှန်ရေးသမားများကို အကြောင်းပြု၍ မာဆလေ့ စစ်ချီသီချင်းဟု တိုင်းသူပြည်သားတို့က ခေါ်ဝေါ်လာခဲ့ကြသည်မှာ ယခုတိုင် ဖြစ်လေသည်။

ထိုသီချင်းကိုစပ်ဆိုသူ ရူဇာဒါလီသည် အသက်အရွယ်ကြီးရင့်ခါမှ ပြင်သစ်အစိုးရက အငြိမ်းစားရိက္ခာတော်ကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကိုလည်းကောင်း ချီးမြှင့်ခြင်းခံခဲ့ရ၏။ ရူဇာဒါလီသည် ၁၈၃၆ ခုနှစ်၊ဇွန်လ ၂၇ ရက်နေ့တွင် ရွှာဆီလရွား၌ ကွယ်လွန်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)