မာတိကာသို့ ခုန်သွားရန်

လီလာဝတီကျမ်း

ဝီကီပီးဒီးယား မှ

လီလာဝတီကျမ်းသည် ဂဏန်းသင်္ချာတွက်ပုံကျမ်းဖြစ်သည်။ လီလာဝတီကျမ်းကို သင်္ချာပညာရှင် ဘာသ္ကရ (Bhaskara) (1114-1185) ဆိုသူက ရေးသားပြုစုခဲ့သည်။

ဆိုရိုးများအရ လိလာဝတီသည် ဘာသ္ကရ၏ ချောမောလှပသော သမီးပျို၏အမည်ဖြစ်သည်။ နက္ခတ်ဗေဒင်အရ လီလာဝတီ မင်္ဂလာဆောင်ရန် နေ့ရက်ကောင်းသော နေ့တစ်နေ့၏ အချိန်တစ်ချိန်မှလွဲ တခြားအချိန်တွင် လက်ထပ်ရန် မသင့်ဟု ဆိုသည်။ အဆိုပါအချိန်ကို သိရှိနိုင်ရန် ရေနာရီကလပ်ကို လီလာဝတီ သတို့သမီးသည် စောင့်ကြည့်နေစဉ် ဦးခေါင်းတွင် ပန်ဆင်ထား ပုလဲကုံးမှ ပုလဲတစ်လုံးသည် ပြုတ်ကျ၍ ရေနာရီကို ပိတ်ဆို့သွားသည်။ ရေနာရီရပ်တန့်သွားပြီး မင်္ဂလာအချိန်ကို မသိရှိလိုက်ရဘဲ အချိန်ကျော်သွားသောကြောင့် လီလာဝတီသည် ဘယ်သောအခါမှ အိမ်ထောင်မပြုရတော့ပေ။ ဖခင်ဖြစ်သူ ဘာသ္ကရသည် ကံဆိုးသူ လီလာဝတီကို စိတ်ဖြေသိမ့်စေရင် သင်္ချာကျမ်းတစ်စောင်ပြုစု၍ လီလာဝတီဟု အမည်ပေးခဲ့သည်ဟု ဆိုသည်။