မာတိကာသို့ ခုန်သွားရန်

လီဒါဟယ်

ဝီကီပီးဒီးယား မှ

တမ်းပလိတ်:Korean name

Lee Da-hae
မွေးဖွားByun Da-hye
(1984-04-19) ဧပြီ ၁၉၊ ၁၉၈၄ (အသက် ၄၂)
Seoul, South Korea
နိုင်ငံလူမျိုးAustralian[၁]
အခြား အမည်များCherry Byeon, Lee Da-hey
မိခင်ကျောင်းကုန်ကုတက္ကသိုလ် - ပြဇာတ်နှင့် ရုပ်ရှင်[၂]
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ2001–present
ကိုယ်စားလှယ်
လီဒါဟယ်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်:이다해
ဟန်ဂျာ:李多海
RRအက္ခရာဖလှယ်ခြင်း:I Dahae
MRအက္ခရာဖလှယ်ခြင်း:Ri Tahae

လီတါးဟဲ (အင်္ဂလိပ်: Lee Da-hae, Lee Da-hey;၁၉ ဧပြီ ၁၉၈၄ မွေး၊ အမည်ရင်း ဗျွန်းဒါဟဲ)သည် ကိုရီးယား ဩစတြေးလျ သရုပ်ဆောင် မင်းသမီး ဖြစ်သည်။ ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲများ ဖြစ်သော ငါ့မိန်းကလေး(၂၀၀၅)၊ နှင်းဆီစိမ်း(၂၀၀၅)၊ ကျွန်လိုက်မုဆိုးများ(၂၀၁၀)၊ မစ် ရစ်ပလေ(၂၀၁၁)၊ ဟိုတယ်ဘုရင်(၂၀၁၄) တို့အပြင် တရုတ်ရုပ်သံ ဖြစ်သော တကယ့်အချစ်ကတော့(၂၀၁၂)၊ အလိုက်ဖက်ဆုံးစုံတွဲ(၂၀၁၆) တို့တွင် ပါဝင်သည့်အတွက် ထင်ရှားသည်။

လီတါးဟဲကို ကိုရီးယား၊ ဂျပန်၊ အင်္ဂလိပ်နှင့် တရုတ်ဘာသာစကားတို့ကို တတ်မြောက်ကျွမ်းကျင်သည့်အတွက် လူသိများကာ၊ တရုတ်ပြည်၌ ကျော်ကြားသည်။ တရုတ်ရုပ်သံဇာတ်လမ်းတွဲ၌ တရုတ်လို ကျင်လည်စွာ ပြောနိုင်သော ပထမဆုံး ကိုရီးယား မင်းသမီး ဖြစ်လာသည်။ [၃]

ငယ်စဉ်

[ပြင်ဆင်ရန်]

ငယ်နာမည် ဗျွန်းဒါဟဲဟု သိသော လီတါးဟဲကို ၁၉၈၄ ဧပြီ ၁၉ က တောင်ကိုရီးယား ၊ ဆိုးလ်မြို့၌ မွေးသည်။ ငါးတန်းတွင်၊ မိသားစုလိုက် ဩစတြေးလျ၊ ဆစ်ဒနီသို့ အိမ်ပြောင်းသွားသည်။ ကျောင်းတက်စဉ် အပျိုပေါက်ဘဝတလျှောက် ပွဲတော်အမျိုးမျိုးတွင် ကိုရီးယား ရိုးရာအကကို ဖျော်ဖြေလေ့ရှိသောကြောင့် ကျောင်းဝယ် ကိုရီးယားကချေသည်အဖြစ် လူသိများသည်။ ဩစတြေးလျတွင် နှစ်ရှည်လများ နေထိုင်ကာ ပညာသင်ယူရာ အင်္ဂလိပ်နှင့် တရုတ်လို မွတ်သွားသည်။ ဘားဝုဒ် မိန်းကလေးအထက်တန်းကျောင်း၌ အခြေခံပညာ သင်ယူရာတွင်၊ ကျောင်းပိတ်ချိန်၌ လီသည် မိခင်နှင့်အတူ ကိုရီးယား ပြန်လာပြီး၊ သရုပ်ဆောင် အလုပ်ကို လုပ်ကိုင်သည်။ ယခုအခါ လီနှင့် မိခင်သည် ကိုရီးယား၌ နေထိုင်ကာ၊ ဖခင်နှင့် အစ်ကိုမှာ ဆစ်ဒနီ၌ နေဆဲ ဖြစ်သည်။[၄]

ကိုယ်ရေး

[ပြင်ဆင်ရန်]

၂၀၁၃ ဒီဇင်ဘာတွင် သူမကို ဆယ်လီပြည့်တန်ဆာလောကအမှုကြီးတွင် ပါဝင်သည်ဟု လံကြုပ်ကောလာဟလ ဖြန့်သော အင်တာနက်အသုံးပြုသူများကို အသရေဖျက်မှုဖြင့် တရားမကြောင်း စွဲဆိုသည်။ [၅][၆] အစွပ်စွဲခံရသည့် အနုပညာရှင်များတွင် လီမပါဝင်ဟု ဖော်ပြရင်း၊ အစိုးရရှေ့နေများက လီအား မဟုတ်တမ်းတရားစွဲချက်များကို ရှင်းလင်းပေးသည်။[၇][၈]

၂၀၁၆ စက်တင်ဘာတွင် လီနှင့် အဆိုတော် Se7en တို့ တွဲနေသည်မှာ ၁ နှစ်ရှိပြီဟု ခိုင်လုံသော သတင်းတပုဒ်က ဆိုသည်။[၉]

ရုပ်ရှင်ရုပ်သံ

[ပြင်ဆင်ရန်]

ဆုနှင့် ဆန်ကာတင်

[ပြင်ဆင်ရန်]
ခုနှစ် ဆုပေးပွဲ အမျိုးအစား ဆန်ကာတင်လက်ရာ ရလဒ်
၂၀၀၁ 71st Miss Chunhyang Contest N/A N/A ဆုရရှိ
၂၀၀၄ အမ်ဘီစီ ဒရာမာဆုပေးပွဲ အကောင်းဆုံး မျက်နှာသစ်မင်းသမီးဆု Lotus Flower Fairy ဆုရရှိ
၂၀၀၅ 41st Baeksang Arts Awards အကောင်းဆုံးရုပ်သံမျက်နှာသစ်မင်းသမီးဆု[၁၀] ဆုရရှိ
အက်စ်ဘီအက်စ် ဒရာမာဆုပေးပွဲ Excellence Award, Actress in a Drama Special My Girl ဆုရရှိ
၂၀၀၆ အက်စ်ဘီအက်စ် ဒရာမာဆုပေးပွဲ ထိပ်ဆုံး ကြယ်ပွင့် ၁၀ ဦး My Girl ဆုရရှိ
၂၀၀၇ ကေဘီအက်စ် ဒရာမာဆုပေးပွဲ ထူးချွန်ဆု၊ ဇာတ်လမ်းတွဲတို မင်းသမီး[၁၁] Hello! Miss ဆုရရှိ
၂၀၀၈ အမ်ဘီစီ ဒရာမာဆုပေးပွဲ ထူးချွန်ဆု၊ မင်းသမီး East of Eden ဆန်ခါတင်
အက်စ်ဘီအက်စ် ဒရာမာဆုပေးပွဲ ထူးချွန်ဆု၊ အထူးဒရာမာမင်းသမီး Robber ဆန်ခါတင်
၂၀၀၉ ၄ကြိမ်မြောက် အာရှမော်ဒယ်ပွဲတော်ဆု လူသိများကြယ်ပွင့်ဆု N/A ဆုရရှိ
၂၀၁၀ 47th Savings Day Presidential Citation for Frugality N/A ဆုရရှိ
တရုတ်ဖက်ရှင်ဆုပေးပွဲ အာရှဖက်ရှင်ဦးဆောင်သူ[၁၂] N/A ဆုရရှိ
ကေဘီအက်စ် ဒရာမာဆုပေးပွဲ ထိပ်တန်းထူးချွန်ဆု၊ မင်းသမီး The Slave Hunters ဆန်ခါတင်
ထူးချွန်ဆု၊ ဒရာမာလတ် မင်းသမီး ဆန်ခါတင်
ဂျန်ဟွတ်နှင့်ပူးတွဲ အကောင်းဆုံး စုံတွဲဆု[၁၃] ဆုရရှိ
၂၀၁၁ ၆ကြိမ်မြောက် အာရှမော်ဒယ်ပွဲတော်ဆု အာရှကြယ်ပွင့်ဆု N/A ဆုရရှိ
ယဟူး အာရှဘတ်ဇ်ဆု ကိုရီးယားထိပ်တန်း အမျိုးသမီးကြယ်ပွင့်ဆု N/A ဆုရရှိ
၁၉ကြိမ်မြောက် ကိုရီးယားယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးဆု ဒရာမာတွင်သရုပ်ဆောင်သည့်အတွက် ဒေဆန်ဆုကြီး [၁၄] Miss Ripley ဆုရရှိ
၂၀၁၁ အမ်ဘီစီ ဒရာမာဆုပေးပွဲ ထူးချွန်ဆု၊ ဇာတ်လမ်းတွဲတို မင်းသမီး ဆန်ခါတင်
၂၀၁၂ တတိယကြိမ် LeTV ရုပ်ရှင်ရုပ်သံဆုပေးပွဲ အကောင်းဆုံး ရုပ်သံမင်းသမီးဆု[၁၅] Love Actually ဆုရရှိ
၂၀၁၃ ၈ကြိမ်မြောက် အာရှမော်ဒယ်ပွဲတော်ဆုပေးပွဲ အာရှကြယ်ပွင့်ဆု N/A ဆုရရှိ
၂၀၁၃ ကေဘီအက်စ် ဒရာမာဆုပေးပွဲ ထူးချွန်ဆု၊ ဒရာမာလတ် မင်းသမီးဆု Iris II ဆန်ခါတင်
၂၀၁၄ ၂၀၁၄ အမ်ဘီစီ ဒရာမာဆုပေးပွဲ ထူးချွန်ဆု၊ အထူးဒရာမာမင်းသမီးဆု Hotel King ဆန်ခါတင်

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ 이다해(LEE Da-hae)။ Korean Film Council။ 2019-10-13 တွင် ပြန်စစ်ပြီး။
  2. ↑ You must specify title = and url = when using {{cite web}}. (in Korean)။ Naver Profiles။ 2011-08-06 တွင် ပြန်စစ်ပြီး။
  3. ↑ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "chinese".
  4. ↑ Goodwill Ambassadors။ Australia-Korea Year of Friendship 2011။ 13 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-02-25 တွင် ပြန်စစ်ပြီး။
  5. ↑ Lee၊ Sun-min (18 December 2013)။ Stars sue to stop rumors။ Korea JoongAng Daily။ 18 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-02-25 တွင် ပြန်စစ်ပြီး။
  6. ↑ Bae၊ Ji-sook (23 December 2013)။ Celebrities want rumormongers rooted out။ The Korea Herald။ 2014-02-25 တွင် ပြန်စစ်ပြီး။
  7. ↑ Actresses cleared of prostitution allegations။ The Korea Times (19 December 2013)။ 2014-02-25 တွင် ပြန်စစ်ပြီး။
  8. ↑ Park၊ Si-soo (20 December 2013)။ Stars declare war on rumor-mongers။ The Korea Times။ 2014-02-25 တွင် ပြန်စစ်ပြီး။
  9. ↑ Se7en and Lee Da-hae confirm they are dating။ Kpop Herald (7 September 2016)။
  10. ↑ '말아톤' '파리의 연인' 백상예술대상 대상 (종합) (in Korean) (20 May 2005)။ 25 August 2015 တွင် ပြန်စစ်ပြီး။
  11. ↑ 2007 Year-end Korean drama awards round-up။ Hancinema။ Star Money (7 January 2007)။
  12. ↑ Kim၊ Heidi (30 November 2010)။ Actress Lee Da-hae wins China Fashion Awards။ TenAsia။ 2014-02-25 တွင် ပြန်စစ်ပြီး။
  13. ↑ "Jang Hyuk scores top prize at KBS Drama Awards". 10Asia. 3 January 2011.
  14. ↑ So Ji-sub, Park Hae-il, Lee Tae-gon win top prize at culture and entertainment ceremony (16 December 2011)။ 12 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2020 တွင် ပြန်စစ်ပြီး။
  15. ↑ Ho၊ Stewart (12 October 2012)။ Lee Da Hae Wins Best Actress Award at China's 3rd LETV Movie and Drama Awards။ enewsWorld။ 28 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-02-25 တွင် ပြန်စစ်ပြီး။